2013-07-28
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင်၁၉ ရက်နေ့က
ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝ
ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေး အတွက်
တောင်းဆိုချက်(၅)ချက်ပါစာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့
အထက(၁)က ကျောင်းသား(၄)ဦး ကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့
ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ
ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည(၈)နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေ က အာဖက်အေ ကို ပြောပါတယ်။
ကျောင်းသားမိဘများကိုပါခေါ်ယူပြောဆိုပြီး နောက်နောင်မှာ
အခုလိုမပြုလုပ်ရန်ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီ ကျောင်းသား
၎ ဦးကို သြဂတ်(၉)ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့
ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။
RFA Burmese
ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ
Labels:
ပြည်တွင်းသတင်း