24.07.2013
မနှစ်က
ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေဆီကို ဘဏ္ဍာရေး အကူအညီတွေ
အများဆုံးပေးအပ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဇွန်လမှာ နှစ်ချုပ်တဲ့
တနှစ်လုံးအတွက် ၀ါရှင်တန်အခြေစိုက် ငွေချေးငှားမှုနဲ့
ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ် တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး
နိုင်ငံတွေကို ဒေါ်လာသန်း ၁ သောင်း ၆ ထောင် ၃ ရာ ထောက်ပံ့ပေးခဲ့တယ်။
အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ
အရင်နှစ်ကထက် ဒေါ်လာသန်း ၁ သောင်း ၄ ထောင် ၇ ရာ တိုးလာတာ ဖြစ်ပါတယ်။
ခြုံပြောရမယ်ဆိုရင် ကမ္ဘာတလွှားက အစီအစဉ် ၂၀၀၀ နီးပါးအတွက် ငွေချေးတာတွေ၊
ထောက်ပံ့မှုတွေနဲ့ တခြား ဘဏ္ဍာရေး အထောက်အပံ့တွေအတွက် ဒေါ်လာ သန်း ၅သောင်း ၂
ထောင် ၆ ရာ ပေးခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။
၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင် သူတွေရဲ့
အောင်ခြေ ၄၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေ တိုးမြှင့်ရေးဆိုတဲ့ ရည်မှန်းချက်
အသစ်၂ ခု ပြည့်မှီဖို့ ကမ္ဘာ့ဘဏ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်
ပြင်ဆင်ထားပါတယ်လို့လည်း ကမ္ဘာ့ဘဏ် ဥက္ကဌ မစ္စတာ ကင် က ပြောပါတယ်။
ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။
ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။
၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်
ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။
VOA Burmese