Published on July 4, 2013 by ဒီဗွီဘီ
အီဂျစ်စစ်တပ်က
သမ္မတမော်စီနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး
အီဂျစ်နိုင်ငံရဲ့ အာဏာကို မနေ့ညက သိမ်းယူလိုက်ပါတယ်။
စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး အယ်လ်စီစီက လက်ရှိအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့
ရွေးကောက်ပွဲတွေ ကျင်းပပေးမယ့်အကြောင်း ရုပ်မြင်သံကြားကနေ
ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ
မလုပ်နိုင်သေးခင်ကာလမှာ အခြေခံဥပဒေခုံရုံးရဲ့ တရားသူကြီးချုပ်ဖြစ်သူ
အက်ဒလီမန်ဆိုက နိုင်ငံ့အကြီးအကဲအဖြစ် ယာယီတာဝန်ယူသွားမယ်လို့လည်း ထည့်သွင်း
ပြောကြားပါတယ်။
သမ္မတမော်စီ ရာထူးမှ နုတ်ထွက်ပေးရေးအတွက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်တာပါ။
သမ္မတမော်စီ ရာထူးမှ နုတ်ထွက်ပေးရေးအတွက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်တာပါ။