http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်

FB-အင်းလေးမီဒီယာ
၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့ ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး တစ်ဦးနှင့် ချိတ်ဆက်မိသည်။

Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။

လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့် ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန် ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး လုပ်ပြလိုက်သည်။

ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့ သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။

ကောင်လေးက ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့် ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ် လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက် အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက် လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။

ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့် သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။ ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင် ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန် ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့ လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။

မကြာမီ ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့် ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့် ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့ လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏ ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည် ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင် သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။

ကက်နက်တစ်ယောက် နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက် ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက် ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို ထပ်လွှဲပေးလိုက်ရပြန်သည်။

ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊ ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။

စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ် သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့် စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။

ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက် စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။

ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏ ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့် တင်ပြနိုင်ခဲ့သည်။

တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏ ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။ ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ် ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့် ချမှတ်ခြင်း ခံရသည်။

ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။

ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ မလုပ်မိ ပါစေနှင့်။ အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို သတိပြုပါ။ ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ တိုင်ပင်သင့်ပါသည်။

ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင် သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ် မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။ စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။
The Voice Weekly

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ

Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။

တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။
စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။

Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။ Hard Disk Drive Vs Solid State Drive အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။

SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။

Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Myanmar ICT
Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/
http://ict.com.mm/how-to/the-way-to-turn-find-the-fault-file/

မြန်မာမိန်းကလေးများ ရောင်းစားခံနေရသော ဘ၀မှ လွတ်ကင်းကြပါစေ


ဒိုင်း၊ ဒိုင်း”

လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသောသမီးပျိုတို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်းများ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။
ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။

ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့်အလုပ်လိုက်ရှာဖြစ်သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ်လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက်သာလှ။

အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။

“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင်ကဲ ပြောဖြစ်သည်။

“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။

ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။

ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။

“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။

အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။

ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။

“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။

“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။

အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။

ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။

ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။

“အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။

ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။

ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။

လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲ
တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။

တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။

ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။

ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။

လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။

ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။

ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။

သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။

“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။

အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။

မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။

မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။

ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်။
FB-May Yuya

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

 (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
9.8.2013
အရှင်ဘုရား…
အရှင်ဘုရားရေးတဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကိုဖတ်ပြီး စိတ်အား ထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့ မိပါတယ်ဘုရား၊ အချစ်ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင်ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော် မူပါဘုရား။

မယမင်းဇော်၊ ဒုတိယနှစ် -သတ္တဗေဒ
မယမင်းဇော်..
မယမင်းဇော်က "အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။

"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။

"ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။


"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လို အကုသိုလ်ကံကြောင့် အချစ်ကံခေရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပြန်ဖတ်ကြည့် စေချင်ပါတယ်။)


လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံမရှိလို့မဟုတ်ပါဘူး၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝမကြုံတွေ့ရပါဘူး။ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့်အလုပ်ကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့အလုပ်ပါပဲ။


အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။ "အတိတ်က" ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ ပိုင်းအတိတ်တွေလည်း ပါဝင်တတ်ပါတယ်။


အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေး ဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
အချစ်ကံမခေစေချင်ဘူး၊ အချစ်ကံကောင်းချင်တယ်ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့လိုအပ်ပါတယ်။ ကိုယ့်မှာ "ချစ်တယ်" လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။


တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ကိုယ့်အပေါ် ကြွေသွားအောင် စတာ နောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကို ခံစားသွားရအောင် ကလိတာ၊ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ရှုပ်တာမျိုး၊ ရည်းစားတွေ ထည်လဲတွဲပြီး အပျော်ကြံတာမျိုး၊ "ပုံလာလာပြောတိုင်းယုံ" တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ "မဆွတ်ခင်က ညွတ်ချင်" နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံကြံတာမျိုး၊ တစ်သက်သာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် "စားပြီးနားမလည်" မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး… စတဲ့..စတဲ့ "အချစ်သူခိုး" အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ ဒါတွေဟာ အိမ်ထောင် မကျသေးသူ လူပျို၊ အပျိုတွေအတွက် ပြောတာပါ။


အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော့ အခုပြောခဲ့တဲ့ အချစ်ရေးဖောက်ပြန်ခြင်းကိုသာမက အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုပါ ရှောင်ကြဉ်နိုင်ရပါမယ်။ တရားဝင်ထိမ်းမြားလက်ထပ်ထားတဲ့ ကာမပိုင် ပုဂ္ဂိုလ်ကလွဲရင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမှု၊ အပျော်အပါးလိုက်စားမှုမပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ လုံးဝကင်းရှင်းအောင် နေထိုင်ကြရပါမယ်။


ကာမေသုမိစ္ဆာစာရကံ (ကာမဂုဏ်မှားယွင်းမှုကံ)နဲ့ ပရဒါရကံ (သူတစ်ပါးသားမယား ပြစ်မှားမှုကံ)ကို ကိုယ်နဲ့၊ နှုတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ အချစ်ကံကောင်းလေပါပဲ။
အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း၊ သို့မဟုတ် ချစ်သ၀န် ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုစိတ်ဖြစ်ပြီး " ဟိုလူ့ကိုမချစ်ရ၊ ဒီလူ့ကိုမခင်ရ၊ ဘယ်သူနဲ့ မပေါင်းရ၊ ဘယ်ဝါနဲ့ မပတ်သက်ရ" လို့ မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူး စုဆောင်းနေတာပါပဲ။


တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင် လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်တစ်ဖက်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာ နဲ့ပဲ "တခြားဘယ်သူ့ကိုမှ မချစ်ရဘူး၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ်" ဆိုတဲ့ စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။


"အလှဝန်တို၊ မငြင်ငြိုနှင့်" ဆိုတဲ့ ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင်း ပြောရရင် "အချစ်ဝန်တို မငြင်ငြိုနှင့်" လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ်၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ်၊ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ်စိတ်နဲ့ကိုယ် ချစ်နေကြတာ ကိုယ်က ကြားထဲကနေ အလကားနေရင်း မနာလို ၀န်တိုဖြစ်ပြီး ချစ်ခြင်းကို သွားခွဲရင် သူတို့ချစ်ခြင်းကွဲကွဲ၊ မကွဲကွဲ ကိုယ့်နှလုံးသားထဲမှာတော့ "အချစ်ကံမွဲဆေး " ဖော်စပ်ပြီးသားဖြစ်သွားပါပြီ။


"ချစ်ခြင်းကိုမခွဲပါနဲ့" ဆိုတဲ့ ၀စီသုစရိုက်သိက္ခာပုဒ်(ပိသုဏ၀ါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့ဒကာ၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ ဆွေမျိုးသွေးသားအချင်းချင်း၊ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း၊ ဘယ်လိုချစ်ခင်ကြသူအချင်းချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပဲ။ ဒါဟာ သေချာတဲ့ ကမ္မနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို အကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ မနေရ၊ မိဘမေတ္တာဆိုတာကို ခံစားခွင့်မကြုံ၊ ညီအစ်ကို မောင်နှမအချင်းချင်း မတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်းဆွေကောင်းမပီသ၊ ဒါတွေ အားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ။


"ကိုယ်လိုချင်တာ … အချုပ်အနှောင်မဲ့အချစ်များ" ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ် ကင်းတဲ့၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်းမေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာမျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင် ကြည်နူးခွင့်ရမှာမို့ သူတစ်ပါးအပေါ် အဓိပ္ပါယ်မဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ စိတ်ယုတ်စိတ်ပုတ် ကို နှင်ထုတ်ဖယ်ရှားပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။


ရှောင်စရာအဆိုးကံတွေ အထိုက်အလျောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။ အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်း ပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။.

မေတ္တာက "ပွားမေတ္တာ" နဲ့ "ထားမေတ္တာ" လို့ နှစ်မျိုးရှိပါတယ်။ "ကျန်းမာချမ်းသာကြပါစေ" လို့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထုတ်ပြီး မေတ္တာပို့သနေတာကို "ပွားမေတ္တာ" လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက်၊ ၀စီကံမြောက် နှုတ်ထိပါးစပ် ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို "ထားမေတ္တာ" လို့ခေါ်ပါတယ်။
ပွားမေတ္တာရော၊ ထားမေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာထက် ထားမေတ္တာက ပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက၊ သို့မဟုတ် နှုတ်က "ကျန်းမာချမ်းသာကြပါစေ" လို့ တဖွဖွ မေတ္တာပို့သနေပေမယ့်၊ တကယ့်လက်တွေ့ဘ၀မှာ သူတစ်ပါး စိတ်ဆင်းရဲစေမယ့် အပြောအဆို၊ အပြုအမူတွေ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို၊ အပြုအမူတွေ ပြောဆို ပြုမူနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထား၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။


"ကျွန်တော်/ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာထားနိုင် ပါတယ် " လို့ စကားတွေ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေးကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲ ပြော၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့ သူတွေဟာ ပစ္စုပ္ပန်ဘ၀မှာရော၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူမရှိ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီး ၀မ်းနည်းအားငယ်နေရမှာပါ။


မေတ္တာတရားကို "လူချစ်ဆေး၊ နတ်ချစ်ဆေး" လို့ ပြောတာဟာ မေတ္တာပို့သရုံသက်သက် "တစ်ခြမ်းပဲ့မေတ္တာသမား" တွေအတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဖက်ကလည်း မေတ္တာပို့သ၊ တစ်ဖက်ကလည်း လိုသူ၊ မလိုသူ မခွဲခြားဘဲ အလွှာမရွေး၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နှုတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ "အပြည့်အ၀မေတ္တာသမား"တွေ၊ "တင်းပြည့်မေတ္တာ သမား" တွေအတွက် ပြောတာပါ။


ပွားမေတ္တာသက်သက်နဲ့တော့ …လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး၊ ပွားမေတ္တာရော ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုရမယ်…လို့ ဆိုလိုပါတယ်။


သီးခြားထိုင်ရင်းပဲဖြစ်ဖြစ်၊ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် "သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ" လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တိုင်းလည်း အေးမြတဲ့ ရေကို သက်သေထား အာရုံပြုပြီး "သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ" လို့ အထပ်ထပ် မေတ္တာပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ၊ ကိုယ့်အလုပ်နဲ့ ပတ်သက် ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင်း မေတ္တာပို့သပါ။ အခြေအနေအမျိုးမျိုးမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် အခါခါ မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် "ပွားမေတ္တာနဲ့ " ပြည့်စုံပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ "မေတ္တသုတ်" တရားတော်ကို နေ့စဉ်ဝတ် ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူဇော်သွားမယ်ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင်၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။


"နတ်များချစ်ဆေး၊ ဘေးရန်ဝေးသော၊ ယဉ်ကျေးမန္တန်၊ ဂါထာပျံကို၊ ရွတ်အံသရဇ္ဈာယ်ကြကုန်လော့" … တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေ ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ္ပါယ်သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖို့တော့ အရေးကြီး တာပေါ့လေ။
မေတ္တသုတ်ရွတ်ရုံ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး၊ အများ ကောင်းကျိုးကို ကိုယ်နဲ့၊ နှုတ်နဲ့ လက်တွေ့ဆောင်ရွက်ပေးပါ။ "ကောင်းကွက်ကိုရှာ..မေတ္တာ" ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲပြော၊ အကောင်းမြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင် "ထားမေတ္တာ" နဲ့ ပြည့်စုံပါပြီ။


တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသောအကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တားနိုင်တာ မှတ်လို့…။


သိပ်လိုအပ်လာတဲ့အခါ .... ကိုယ်ထားရှိခဲ့တဲ့ မေတ္တာတရားကို သစ္စာစကားအဖြစ် ပြောင်းလဲ လိုက်မယ်ဆိုရင်လည်း မေတ္တာပန်းတွေ ပျံသန်းဆိုက်ရောက်လာပါလိမ့်မယ်။
"ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
"ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံးအပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့် …"
စသည်အားဖြင့် ကိုယ်ဆိုတတ်သလို၊ ကိုယ်ဆိုချင်သလို ဆိုပြီး..
"… ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်း များစွာ ပြန်ချစ်ပါစေသတည်း "
" …ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် သူတစ်ပါး အားကျရလောက်အောင် အချစ်ကံကောင်းသူဖြစ်ပါစေသတည်း "
စသည်အားဖြင့် ကိုယ်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ့်ဆုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတိပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ ကိုယ့်အကျိုး လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။

ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့ မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အဓိပ္ပါယ်မဲ့ ဆရာလုပ်တာတွေ၊ လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာတွေ၊ ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့ တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့က တော့ အဲဒီသစ္စာ စွမ်းမှာ မဟုတ်ပါဘူး။


ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကို အ၀င်တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရ ရှာပါတယ်။


အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွ လာတော့ ယောက်မက ဆွမ်းလောင်းပြီး "ဒီလို အမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင် ရပါစေ " လို့ ဆုတောင်းလိုက်တာကို ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေ သွန်ပစ်ပြီး ရွှံ့ ညွန်တွေ အပြည့် ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း တွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။
"ယောကျာ်းမရတော့မယ့်အတူတူ မထူးဘူး" ဆိုပြီ လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။


အဲဒီအချိန်မှာပဲ ပထမဆုံး လက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်က စန္ဒကူးနံ့သာ နံ့တွေ သင်းပျံ့ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့နေပါတယ်။


ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဌေးသမီး အချစ်ကံကောင်းလာ ခဲ့ရတာပါ။ "နံ့သာခင်" "ရှင်မွှေးလွန်း" သူဌေးသမီးကို သူဌေးသားက ချစ်လိုက်တာ တုန်နေတာပါပဲ။ (ခန္ဓာကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့ မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်း သွားတာလို့လည်း ပြောနိုင်ပါတယ်။) ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ် ကံကောင်းဦးမှာလဲ။


အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီးအနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝထ္ထုလေး အသေးစိတ်ပြောပြပြီး ၀ထ္ထုအကြောင်းကို ဆင်ခြင်ရင်း အိမ်က ဘုရားမှာရော၊ ရွှေတိဂုံ ဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့ အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကို သိပ်ချစ်၊ သိပ်မြတ်နိုး၊ သိပ်တန်ဖိုး ထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့ စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)


ရွှေသင်္ကန်းအလှူနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နံ့သာအလှူနဲ့ ဆေးအလှူက လည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ၊ ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ " ကိုယ်ချစ် ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း" ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရား၊ ဆေးဝါးရဲ့ အာနိသင်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျ ပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို ဆေးကြောင့် သေဘေးက လွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ…။ ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အရာ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ…။ ဒီတော့ မွှေးရနံ့အလှူနဲ့ ဆေးအလှူဟာ အချစ်ကံကောင်းစေတဲ့ အကောင်းကံတွေပဲပေါ့။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ "ရောဟိနီ" မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ္ဓါရဲ့ လမ်းညွှန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ ရတဲ့ငွေနဲ့ နှစ်ထပ် ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း…စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်းပျောက် ၊ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာမှာ နတ်သမီးလေး သွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းချစ်သွားတဲ့အတွက် သူရထိုက်တယ်၊ ငါရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး..
"အသင်နတ်သားတို့..၊ ရောဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရ ပါသလဲ "
လို့ နတ်သားလေးဦးကို မေးလိုက်ပါတယ်။
" သူ့ကို မြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက်၊ ထရခက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေရပါတယ်"
" ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ် "
" ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို အပြင်ဘက် ပြူးထွက် နေပါပြီ "
" ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ် နေခဲ့ရပါပြီ "
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တွေကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက..
" အသင်နတ်သားတို့ရဲ့ အချစ်ခံစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမယ့် ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှမရရင်.. သူ့ကိုမှမရရင်.. ဘယ်..ဘယ်လိုမှ…အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး..သူနဲ့သာ..အတူမနေရရင်..သေ.. သေရပါ လိမ့်မယ်..အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ..ရောဟိနီကိုရမှ.. ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ.." လို့ ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။


" အသင်သိကြားမင်းကြီး ဒီလောက်တောင်ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ်၊ ကျွန်တော်မျိုးတို့ လေးဦး ရောဟိနီကို စွန့် လွှတ်လိုက်ပါပြီ "
ရောဟိနီကို သိကြားမင်းကြီးချစ်လိုက်ပုံများ..အရာရာ " နီ့သဘော" …" နီ့သဘော" နဲ့ပါပဲ။ ဘယ်သွားချင်လဲ…နီ့သဘော၊ ဘာလုပ်ချင်သလဲ..နီ့သဘော..၊ " အရာရာ..မင်းပါ..နီ" ..။
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကိစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေ တတ်ပါတယ်။

နောက်ဆုံးတော့ မယမင်းရယ်..၊ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား " ဆိုတဲ့ ဗုဒ္ဓအဆုံးအမအတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်မယ်၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာ အကောင်းဆုံး နိဗ္ဗာန်အနှစ်ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်..အရေးအကြီးဆုံးလို့ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ..။
" အချစ်ကံကောင်းချင်ရင်..ချစ်အောင်နေပါ၊ မုန်းအောင်မလုပ်ပါနဲ့…လို့။"
ဒါပါပဲ….။
ကိုထွန်းဝေ


သပိတ်ကော်မတီက ကန့်ကွက်ခဲ့ဖူးတယ်

ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်အစိုးရက သရုပ်ဖျက်ပြီးပုတ်ခတ်ပြောဆိုတဲ့ စကား တွေထဲမှာ 'မင်းမဲ့စရိုက်နဲ့ အကြမ်း ဖက် ဆူပူသောင်းကျန်းမှု' ဆိုတာမျိုး လည်း ပါတတ်ပါတယ်။ အဲဒီစကားလုံး တွေ အတွက် ဥပမာ ထုတ်ပြတဲ့အခါ မှာလည်း 'ခေါင်းဖြတ်သတ်မှု' ဆိုတာ တွေနဲ့ ပုံကြီးချဲ့ပြီး ပြောလေ့ရှိတယ်။ သူတို့ ပြောပုံအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မဆလ စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားတောင်းဆိုမှု လူထုအရေးေ တာ် ပုံ မဟုတ်တော့ဘဲ ပရမ်းပတာ၊ စည်းမဲ့ ကမ်းမဲ့ အကြမ်းဖက်ဆူ ပူသောင်းကျန်းမှု ရယ်လို့ မသိမီလိုက်တဲ့ နောက်မျိုးဆက် တွေက ထင်မှတ်စရာ ဖြစ်လာစေပါ တယ်။

၁၉၈၈ မတ်လကနေ စက်တင်ဘာ လ ၁၈ ရက်၊ စစ်တပ်က အာဏာသိမ်း ပြီးစကာလအထိ ပြည်သူလူထုဘက်က သေဆုံးခဲ့သူတွေရဲ့ စာရင်းကို စစ်အစိုး ရဘက်က ထုတ်ပြန်ခဲ့တာလေးပဲ ကိုး ကားပြချင်ပါတယ်။ ဒါက အစိုးရဘက် က ထုတ်ပြန်တဲ့ စာရင်းပါ။

မတ်လ ၁၃ ရက်မှ ၁၈ ရက်အထိ ၄၃ ဦး။ ဇွန်လ ၂၉ ရက်မှ ဇူလိုင်၉ ရက် အထိ ၃ ဦး။ သြဂုတ် ၃ ရက်မှ ၂၈ ရက် အထိ ၁၁၄ ဦး။ စက်တင်ဘာ ၁၈ ရက် နောက်ပိုင်း ၅၃၁ ဦး။ ဒီစာရင်း ၄ ခုကို ပေါင်းရင် ၆၉၁ ဦးဖြစ်ပါတယ်။ ဒါဟာ မဆလစစ်အစိုးရနဲ့ နဝတစစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ် ဖြတ်မှုကြောင့် သေခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ စာရင်းကို အစိုးရဘက် က ဖော်ပြချက်ပဲ ဖြစ်ပါ တယ်။ ပြည်သူလူထုဘက်က ထုတ်ပြန် တဲ့ စာရင်းဆိုရင် ဒီ (၆၉၁) ဆိုတာကို ဘယ်လောက်နဲ့တောင် မြှောက်ရမလဲ မသိရသေးဘူးခင်ဗျာ့။

(၂)

၁၃၅ဝ ပြည့်အရေးတော်ပုံ ကာလ တုန်းက ထုတ်ခဲ့တဲ့ သတင်းစာ တချို့မှာ တောင်ဥက္ကလာပက ခေါင်းဖြတ်သတ်မှု ကို အထိတ်တ လန့် ဖြစ်အောင် ပြူးတူး ပြဲတဲ ဖော်ပြခဲ့တာရှိဖူးတယ်။ စက်တင် ဘာ ၈ ရက်တုန်းက ရန်ကုန်ကလေးဆေး ရုံကြီးအတွင်းထဲက - ရေဖြန့်ဖြူးတဲ့ ရေ တိုင်ကီနဲ့ သောက်ရေအိုးတွေကို အဆိပ် ခတ်ဖို့ လုပ်တဲ့ လူ ၅ ယောက်ကို ဖမ်းမိ တယ်။ သူတို့ထဲက ၃ ယောက်ကို ဦးဝိ စာရလမ်းနဲ့ ရွှေတိဂုံ ဘုရားလမ်းထောင့် မှာ ခေါင်းဖြတ်သတ်တော့ သတင်းစာ တွေမှာ သတင်းအနေနဲ့ပဲ ထည့်ကြတော့ တယ်။ ရုပ်ပျက်ဆင်းပျက် ဖော်ပြတာမျိုး မလုပ်ကြတော့ဘူး။ ဒါကိုစာနယ်ဇင်းကျင့် ဝတ်ထိန်း လာတာလို့ ပြောရင်ရတယ်။

ရန်ကုန်အနေနဲ့ ပြောရရင် လူသိ ထင်ရှား ကြီးကြီးကျယ် ကျယ် ဖြစ်ခဲ့တဲ့ ခေါင်းဖြတ်သတ်မှုတွေလို့၊ ဒီ နှစ်ခုကို ပြောလို့ရတယ်။ ဒီလို ဖြစ်ခဲ့တာနဲ့ ပတ် သက်တဲ့ နောက်ခံအကြောင်းတွေက လည်း ရှိတယ်။ အနှိပ်စက်ခံခဲ့ရ၊ အနိုင် ကျင့်ခံခဲ့ရ၊မတရားအသတ်ခံခဲ့ရတဲ့ ပြည်သူလူထု ရဲ့ ဒေါသတွေ ရှိတယ်။ အဲဒီလတ်တလောကာလထဲမှာပဲ ဆန္ဒပြ သပိတ်တိုက်ပွဲတွေကို ပျက်စီးရာပျက်စီး ကြောင်း ဖြစ်အောင် အဖျက်အမှောင့် တွေ လုပ်နေတဲ့ 'တန်ပြန်သပိတ်ဖြိုခွဲရေး' သတင်းတွေနဲ့ လုပ်ရပ်တွေ ရှိတယ်။ တောင်ဥက္ကလာပနဲ့ ဦးဝိစာရလမ်း ထောင့်မှာ အသတ်ခံရသူတွေ ဆိုရင် ဖမ်းမိတဲ့အချိန်မှာ ဘာမှမေးမရတဲ့ အခြေအနေမျိုး ဖြစ်အောင် ဓာတုဆေး တစ်မျိုးမျိုးကို ထိုးသွင်းလိုက်ပြီး အခိုင်းခံရသူတွေ ဖြစ်နေတယ်လို့ကိုယ်တိုင် မေးမြန်းခဲ့သူတွေကရော၊ ဘေးက ပရိ သတ်ကပါ သက်သေခံကြတယ်။ ဆိုချင် တာက ပြည်သူလူထုကို တစ်လျှောက်လုံး နှိပ်စက်ခဲ့တဲ့  စစ်အစိုးရက သပိတ်ကြီး ကို ပျက်စီးအောင်၊ လမ်းလွှဲရောက် အောင် 'အဖျက်အမှောင့်လုပ်မယ့် အစိုးရလူတွေ'လို့ သတ်မှတ်တာကြောင့် သတ်ပစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီတုန်းက သတ်ဖြတ် ခဲ့သူတွေ ဘက်က ရှေ့နေလိုက်နေတာ မဟုတ်ဘူး။ ဒီလို အကြောင်းခံတွေ ရှိလို့ ဒီလိုဖြစ်ခဲ့တာပါ ဆိုပြီးဆက်စပ်ပြနေ တာပါ။ ခေါင်းဖြတ်သတ်တာကို မှန် တယ်လို့ ထောက်ခံနေတာ မဟုတ်ဘူး။ 'ထို့ကြောင့် ဤသို့ဖြစ်ရသည်' ဆိုတာ ကိုပဲ မှန်းဆကြည့်လို့ရအောင် ကွင်း ဆက်ဆက်ပြလိုက်တာပါ။

(၃)

အဲဒီ သပိတ်ကာလတုန်းက ခေါင်း ဖြတ် သတ်ခဲ့တဲ့ အရေးယူပုံမျိုးကို ကျွန် တော်ပါအဝင် အတော်များများကလည်း သဘောမတူခဲ့တဲ့ အကြောင်းကိုပါ ဆက်ပြီး ပြောပြပါဦးမယ်။

စက်တင်ဘာလဆန်း ၅ ရက်မှာ ရန်ကုန်အထွေထွေသပိတ်ကော်မတီ (GSC-General Strike Committee) ကို ဖွဲ့ခဲ့တယ်။ အဲဒီကာလက ဖွဲ့စည်း ပုံ သတ်မှတ်ချက်အရ ဥက္ကဋ္ဌက ဘုန်း ကြီး၊ ကျောင်းသားက အတွင်းရေးမှူး ဆိုပြီး ဖွဲ့ခဲ့တာလည်း ဖြစ်ပါတယ်။

အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဆရာတော်က ရ ဟန်းပျို သမဂ္ဂက ဦးဥတ္တမဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ ဗကသများအဖွဲ့ချုပ် (ယာယီ) ရဲ့ ကိုယ် စာလှယ် ကိုဇော်ထွန်း (ဆေးတက္ကသိုလ်- ၂) ဖြစ်ပါတယ်။ ဂျီအက်စ်စီရဲ့ ရုံးခန်း နေရာကေ တာ့ ဆေးရုံကြီး၊ လမ်းမတော် ဘက်ဝင်ပေါက်ရဲ့ အတွင်းညာဘက်က အဆောက်အအုံလေးရှေ့မှာ စားပွဲလေး တစ်လုံး ချထားတဲ့နေရာပါပဲ။ အဲဒီ စားပွဲလေးမှာ ပုံမှန်အားဖြင့် ကျောင်းသူ နှစ်ယောက်နဲ့ အင်ဂျင်နီယာဘွဲ့ ရပြီးခါ စကျောင်းသားဟောင်း တစ်ယောက်က ထိုင်ပြီး ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ကို တာဝန်ခံပြီး လုပ်တယ်။ ဆက်သွယ် ရေးလု ပ်တဲ့ နေရာလို့ အလွယ်တကူ ပြောရင်ရပါတယ်။ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေကိုတော့ ကားလမ်းရဲ့ ဟို ဘက်ခြမ်းက သရက်တောကျောင်းတိုက် ဝင်းထဲမှာ လုပ်လေ့ရှိပါတယ်။ ရန်ကုန် ဂျီအက်စ်စီရဲ့ အဖွဲ့ဝင် အင်အားတွေ ထဲမှာတော့ ရုံးဌာနပေါင်းစုံက သပိတ် ကော်မတီတွေ၊ ရန်ကုန်ခရိုင် အလုပ် သမားသမဂ္ဂ၊ ဗကသများအဖွဲ့ ချုပ် (ယာ ယီ)၊ တက္ကသိုလ်ဆရာများသမဂ္ဂ (ယူတီအေ) အပါအဝင် ရဟန်းပျို သမဂ္ဂတွေလည်း ပါဝင်ပါတယ်။ ဂျီ အက်စ်စီက ဆန္ဒပြပွဲကြီးတွေ အတွက် ရက် သတ်မှတ်တာမျိုး၊ မြို့နယ် သပိတ်ကော်မတီဖွဲ့ဖို့ စီစဉ်တာမျိုး အပါ အဝင် လိုအပ်လာရင်လည်း သဘော ထား ကြေညာချက်တွေ ထုတ်ပြန်တာ မျိုးလုပ်ခဲ့တယ်။ မြို့နယ်အလိုက် သပိတ် ကော်မတီဖွဲ့စည်းနို င်ရေးအတွက် အထိန်း သိမ်းခံများ သမဂ္ဂကပုဂ္ဂိုလ်တွေက အား တက်သရော တာဝန်ယူပြီး လုပ်ဆောင် ပေးခဲ့တာတွေ ရှိတယ်။ ရန်ကုန်အထွေ ထွေ သပိတ်ကော်မတီက မန္တလေး သပိတ်တပ်ပေါင်းစုနဲ့ အဆက်အသွယ် လုပ်ပြီး
ညှိနှိုင်းဆောင်ရွက်နေတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကာလမှာ မြောက် ဥက္ကလာလုံထိန်းတပ် ကနေ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ့်သူ တွေကိုလည်း သွားရောက်ကြိုဆိုပြီး သရက်တော ကျောင်း တိုက်ထဲမှာ နေရာချပေးခဲ့၊ စောင့် ရှောက်ပေးခဲ့တာ လည်း ရှိခဲ့တယ်။

အဲဒီကာလက ဆေးရုံကြီးဝင်းထဲ မှာပဲ အခြေစိုက်တဲ့ ကျောင်းသား လှုပ် ရှားမှုကြီးကြပ်ရေး ကော်မတီ (SCSM) လည်း အပြိုင်ရှိနေခဲ့ပြီး ဂျီအက်စ်စီနဲ့ အက်စီအက်စ်တို့ ညီညွတ်ရေးလုပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။

(၄)

ရန်ကုန်မှာ တန်ပြန်သပိတ်ဖြိုခွဲ ရေး ကိစ္စအတွက် ပြည်သူလူထုကြား မှာ အထိတ်တလန့်ဖြစ်အောင်၊ ဒုက္ခရောက် အောင်၊ သပိတ်ကြီးကို နိုင်ငံရေး လမ်း ကြောင်းကနေ လမ်းလွဲသွားအောင် လုပ်တဲ့သူတွေကို ဖမ်းမိချိန်မှာ ပြည်သူ လူထုကြီးက ဒေါသတွေ၊ ခံစားမှုတွေနဲ့ သတ်ဖြတ်တဲ့အဆင့်အထိ လက်တုံ့ပြန် မိကြတာတွေ ဖြစ်ခဲ့တယ်လို့ ရှေ့ ပိုင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။

အဲဒီလို လက်စားချေ၊ လက်တုံ့ပြန် သူတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတာကို လည်း အဲဒီအရေးတော်ပုံကာလက တည်းက ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီးသား ပါ။

ရွှေတိဂုံဘုရားလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ ခေါင်းဖြတ်သတ်တယ် လို့ သတင်းကြားတော့ ဆေးရုံကြီးဝင်း ထဲမှာရှိနေတဲ့ ဂျီအက်စ်စီခေါင်းေ ဆာင် တချို့နဲ့ ကျွန်တော်က အဲဒီနေရာကို အပြေးအလွှား သွားကြည့်ခဲ့ကြ ပါသေး တယ်။ အဲဒီနေရာရောက်တော့ သတ် ထားတဲ့ ခန္ဓာကိုယ်တွေကို မီးရှို့နေကြပါ ပြီ။ မီးခိုးတလူလူ ထွက်နေတာကိုပဲ အဝေးက လှမ်းမြင်ရ တယ်။ အဲဒီအချိန် မှာ ဦးဝိစာရလမ်းဘက်က စစ်သားတွေ လာနေတာကို လည်း လှမ်းတွေ့နေရပါ သေးတယ်။ (အဲဒီနေရာမှာ လူသုံး ယောက်ခေါင်း ကို ဖြတ်ခဲ့သူဟာ အမျိုး သမီးငယ်တစ်ယောက်ဖြစ်ပြီး တရားရုံး က သေဒဏ်အပြစ်ပေးခဲ့ပါတယ်။)

အဲဒီနေရာက ပြန်လာပြီးတော့ ဂျီ အက်စ်စီခေါင်းဆောင်တချို့နဲ့ ကျွန် တော်တို့ စကားပြောရင်း 'ဒီကိစ္စမျိုးကို ဟန့်တားတဲ့ ကြေညာချက်မျိုး ထုတ်ပြန် ဖို့ လိုအပ်လာပြီ' လို့ သဘောတူညီ ခဲ့ကြတယ်။ ဒါကြောင့်လည်း စက်တင် ဘာ ၁၁ ရက်မှာ အထွေထွေသပိတ် ကော်မတီ (ရန်ကုန်) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်။ ကြေညာ ချက်ခေါင်းစဉ်ကို 'ရက်စက်စွာသတ်ဖြတ် အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မေတ္တာရပ်ခံ ချက်' လို့ ရေးထားတယ်။ အဲဒီကြေညာချက်ကို လိုရင်းတိုရှင်း ရေး ထားပြီး
နံပါတ်စဉ်တပ်ထားတာလည်း တွေ့ရတယ်။

၁။ ''ယခုအချိန်၌ ရန်ကုန်မြို့ နေရာ အနှံ့အပြားတွင် အစိုးရမှ စေ လွှတ်စေခိုင်းထားသူဟု ယူဆရသူ များအား လည်းကောင်း၊ ခိုင်လုံသော အထောက်အထားဖြင့် ဖမ်းမိသူများ အားလည်းကောင်း၊ ဒေါသထွက်ေ န သော လူထုကြီးက ရက်စက်စွာ ခေါင်း ဖြတ်သတ်ခြင်းများ ဖြစ်ပွားေ ပ်ါပေါက် နေပါသည်။

၂။ သို့ရာတွင် ယဉ်ကျေးသိမ်မွေ့ သော ဗမာလူမျိုးများအတွက် ဤဖြစ်ရပ် သည် လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ် ရာ ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ခေါင်းဖြတ်အပြစ် ပေးခြင်းအစား အခြားသောနည်း လမ်း များကို ရွေးချယ်ကြပါရန် မိဘပြည်သူ များအား မေတ္တာရပ် ခံအပ်ပါသည်။''

ဒီကြေညာချက်ကို အထွေထွေ သပိတ်ကော်မတီ (ရန်ကုန်) က ထုတ် ပြန်တဲ့ကာလရဲ့ တစ်ချိန်တည်းနဲ့ နောက်ပိုင်းရက်တွေမှာ တခြားသမဂ္ဂ တွေကလည်း ကြေညာချက် ထုတ်ပြန် တာ၊ ပြောဆိုတာ မျိုးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့တာကိုပါ သတိရပါတယ်။
နိုင်ငံရေးဦးတည်ချက်နဲ့ လုပ်နေတဲ့ လူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဘယ် လို အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံ ခဲ့၊ အားမပေးခဲ့ကြဘူးဆိုတာ သမိုင်းမှာ လည်း သက်သေရှိခဲ့ပြီးပါပြီ။

ဖြစ်ရတဲ့အကြောင်းရင်းကို နား လည်ပေမယ့် အားပေးအားမြှောက် မလုပ်ခဲ့ကြပါဘူး။ စစ်အာဏာရှင်တွေ ဘက်က သပိတ်ကြီးကို သရုပ်ဖျက်ဖို့ အတွက် အချက်အလက်တွေ နည်းနိုင် သမျှ နည်းအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ ကြတဲ့ အရေးတော်ပုံတပ်သားတွေထဲမှာ ရန်ကုန်အထွေထွေ သပိတ်ကော်မတီ (ဂျီအက်စ်စီ) လည်း အဓိကနေရာတစ် ခု ကနေ ပါဝင်ခဲ့တဲ့အကြောင်း မှတ် တမ်း တင်လိုက်ပါတယ်။

(၅)

လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက အကြောင်း ကို ပြန်စဉ်းစားရင်း တက်ကြွ အားရစရာ မြင်ကွင်းတွေ၊ ခံစားမှုတွေက အသက်ကို ပြန်ငယ်သွားစေခဲ့ပြီး ရင်ခုန်သံတွေကို ပျိုမျစ်လာစေတယ်လို့ ပြောရင် ဒီကနေ့ ခေတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေက နားလည်ခံစားနိုင်ပါ့မလား လို့လည်း တွေး မိကြောင်း ပါခင်ဗျာ့။
နောင်ကျော်
Popular Myanmar News Journal

၈၈ စိတ်ဓာတ်

တဖြည်းဖြည်းစုလာတာ

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံဟာ ၁၉၈၈ခုနှစ် သြဂုတ်လ ၈ရက်နေ့ကျမှ ပေါ်လာ တာမဟုတ်ပါဘူး။တဖြည်း ဖြည်းစု လာတာပါ။တစ်ရိပ်ရိပ်တက်လာ တာပါ။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၇၇ တောက်လျှောက် ဦးသန့် အရေးအခင်း၊အလုပ်သမား အရေးအခင်း၊မှိုင်းရာပြည့်၊ ခွန် လေးလုံးဆိုတာတွေက အစပျိုး ခဲ့တာပါ။ တစ်ပါတီ အာဏာရှင် မဆလအစိုးရဟာ နိုင်ငံရေးနဲ့ ပတ် သက်လာရင် ခပ်ကြမ်းကြမ်းကိုင် တွယ်ခဲ့ပါတယ်။သိကြတဲ့ အတိုင်း ပါပဲ။

၁၉၆၂ခုနှစ် အာဏာသိမ်း ပြီးကတည်းက တက္ကသိုလ် ကျောင်း သား နိုင်ငံရေး လှုပ်ရှားသူတွေ ကို ရက်ရက်စက်စက် ချေမှုန်း ခဲ့တာပါ။စာပေနယ်အနု ပညာနယ် က ပညာရှင်တွေလည်း ကျွန်းပို့ခံ ရတဲ့အထိတော်လှန်ရေး ကောင်စီ ပွဲကြမ်းခဲ့တာကို အတိုက်အခံ နိုင်ငံရေးသမားတွေ
အလူးလူး အလိမ့်လိမ့်ခံခဲ့ကြရပါတယ်။ ဒီ အရိုးတွေဟာ၁၉၈၈မှာ ပြန်တွန် တယ်လို့ ဆိုရမှာပေါ့။

၁၉၈ဝမှာ သာသနာသန့် ရှင်း ရေးနဲ့အတူ မဆလအစိုး ရက ၂/၈ဝ အမိန့်ကို ကြေညာပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ နိုင်ငံရေးအရ ကစားကွက်တစ်ခု ဖွင့်လိုက်တာ ပါ။တကယ်တမ်းတော့ ပြည်ပ ရောက် အတိုက်အခံတွေ ဘယ်လိုပဲ ပြန်လာလာ ထောင်ထဲကလူတွေ ဘယ်လိုပဲပြန်လွတ်လွတ် ရင် ထဲက ဝေဒနာ တွေလျော့ပါးသွား ခဲ့တာ
မဟုတ်ပါဘူး။အဘက် ဘက်က ယိုယွင်းခြစားနေတဲ့ နိုင်ငံတော် ယန္တရား ကြီးတစ်ခုလုံး ဟာ ကျွန်တော့်အတွက်တော့ အငြိမ့်ဇာတ်ခုံကြီးပါပဲ။ သရော် စရာ ပြက်လုံးပေါင်းများစွာကို မွေးဖွားပေးနေသလိုပါပဲ။

ဆာလဖာဒိုင်အောက်ဆိုဒ်

ကျွန်တော် တက္ကသိုလ် ကျောင်းသား ဘဝမှာတင် စတွေ့ ရတဲ့ ပညာရေးကမောက်ကမ ဖြစ်စဉ်ဟာ ကျွန်တော့်ကို ဇာဂနာ လို့လူသိစေခဲ့တဲ့ပညာရေး ပြက်လုံး တစ်ခုဖြစ်စေခဲ့ပါတယ်။

အင်္ဂလိပ် လို အခေါ်အဝေါ် မှန်သမျှမြန်မာ ဘာသာနဲ့ ပြောင်းရမယ်ဆိုတဲ့ အာဏာရှင်ရဲ့ မိန့်ကြားချက်ကို ပညာရှိဆရာကြီးတွေခမျာ မဖြစ် မနေ ဘာသာ လိုက်ပြန်နေရရှာပါ တယ်။

ဥပမာဆိုရရင် ဆာလဖာ ဒိုင်အောက်ဆိုဒ်ကို ကန့်ဒိုင် အောက်ဆိုဒ်လို့ ရေးရတယ်။ ကဲ ဗျာမခက်ပေဘူးလား။ ဒိုင်အောက် ဆိုဒ်က မြန်မာစကားလား။ ဒီတော့ ကျွန်တော် တို့ကပြက်လုံး လုပ်တာပေါ့။ မော်တော်ကား ကိုဗမာလို ဘယ်လိုခေါ်မလဲ။ ဂီယာကို၊ လီဘာကို၊ ကလပ်ခ်ကို ဗမာလို ဘယ်လိုခေါ်မလဲပေါ့။ ပရိသတ်ကတော့ တအုန်းအုန်းနဲ့ ရယ်လို့။ပွဲလည်း
ပြီးရောဇာဂနာ လည်းကံကောင်းလို့ အဖမ်းမခံ ရတယ်။ကျောင်းတော့ ခြောက်လ ထုတ်ခံလိုက်ရပါတယ်။

ဒါတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဆီ ဦးတည်သွားနေတဲ့ မီးပွားလေးတွေပါပဲ။ မဆလခေတ်မှာ အင်မတန် နာမည် ကြီးတဲ့ လူကြီးတစ်ယောက်က တော့ တစ်ဒသမငါးလို့ အမည်ရ
တဲ့၊မျက်မှန်ကြီးလို့လည်း ခေါ်တဲ့ ထောက်လှမ်းရေးဗိုလ်ချုပ် တင်ဦးပါပဲ။အခု Market Place ဖွင့်ထားတဲ့နေရာမှာ သူရဲ့ထောက်လှမ်းရေးဌာနချုပ်ပေါ့။ သူက အရပ်သားသတင်းပေးတွေကို လက်သပ်မွေးပြီး အစိုးရကို ဆန့် ကျင်တဲ့သူမှန်သမျှ ဆွဲစေ့တော့ တာပါပဲ။ အဆိုးဆုံးခံရသူတွေ ကတော့စာရေးဆရာ၊ကဗျာ ဆရာ နဲ့ အနုပညာရှင်တွေပါ။

ဒီတော့ အနုပညာလောကထဲမှာ သူ့ကို ရွံ့ ကြမုန်းကြတယ်။၁၉၈၃ခုနှစ် လောက်မှာသူ့ကို ပျားဂေဟာ ကိစ္စ နဲ့ ဖမ်းလိုက်တော့ အားလုံးလန့် သွားတယ်။နောက်ဆက်တွဲ ထောက် လှမ်းရေးမှန်သမျှပြုတ်။ သူတို့နဲ့ အဆက်အသွယ်ရှိသူမှန် သမျှဖြုတ် ဆိုတော့ အုတ်အော်သောင်း တင်းပေါ့။နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ ထောက်လှမ်းရေးကြီး လည်း
ဗုန်းဗုန်းလဲသွားလိုက်တာ မြောက်ကိုရီးယားက ကင်မင်ချူးတို့၊ဇင်မိုတို့ အာဇာနည်ကုန်းဗုံးခွဲ တာ ဘယ်ထောက်လှမ်းရေးကမှ မသိလိုက်ကြပါဘူး။ (ဒီအကြောင်း ထည့်ပြောတာ တိုက်ဆိုင်လွန်း လို့ပါ။ထောက်လှမ်း ရေးအကြီးအကဲ ဦးတင်ဦးကို ဖမ်းလိုက် ချိန်မှာ အာဇာနည်ကုန်းဗုံးကွဲ တယ်။

နအဖအစိုးရလက်ထက် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်ကို
ဖမ်းလိုက်တဲ့အခါ မြေနီကုန်း City Mart ၊ပုဇွန်တောင် ကုန်သွယ်ရေးစင်တာ။ရှစ်မိုင် junction 8 သုံးနေရာဆက်တိုက် ဗုံးကွဲတယ်။ ခုထိ လက်သည်မမိဘူး။)

ပျားကေဒါနဲ့ မဆလကေဒါ

ထောက်လှမ်းရေး ဦးတင်ဦး နဲ့ကျွန်တော်နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ထောင် ထဲမှာဆုံခဲ့ရတယ်။ သူ့အပြော အရ မဆလပါတီထဲမှာ အားပြိုင် မှုတွေရှိခဲ့တယ်။

ဦးနေဝင်းဟာ တိုင်းပြည်ကိုရေရှည်ထိန်းထားဖို့ ခက်လာတယ်။ စီးပွားရေး လုံးဝ စုတ်ပြတ်နေတယ်။ဒီတော့ ဦးတင်ဦး လက်ထဲကို တိုင်းပြည်ကို ဘယ်ပုံ စီမံသင့်သလဲလို့ အပ်လိုက်တယ်။ ဒီအခါမှာ ပျားဂေဟာ ထူထောင် ပြီး ပျားကေဒါတွေ မွေးထုတ် တော့တာပါပဲ။ ဘွဲ့ရပညာတတ် တွေ အားလုံးဟာ ပျားဂေဟာကို ပဲဦးတည်ကြတော့တယ်။ သင်္ဘော သားတွေ၊ ဆရာဝန်တွေခေတ် မစားတော့ဘူး။ ပျားတွေ ခေတ် ထလာတယ်။ ပျားကေဒါနဲ့ မဆလကေဒါ အားပြိုင်လာတယ်။ မဆလက မင်္ဂလာဒုံမှာ ဗဟိုနိုင်ငံ ရေးတက္ကသိုလ်ဆိုပြီး ကျောင်းဖွင့် တယ်။ ကေဒါမွေးတယ်။

ဦးတင်ဦးနဲ့ပြိုင်ဘက်က ဦးစိန်လွင် တို့အုပ်စု။ ဦးတင်ဦးက သူ့ကေဒါ တွေကို နေရာကောင်းတွေ ပို့ တယ်။ ဆိုပါတော့ ဒုတိယဝန်ကြီး တော်တော်များများဟာ သူပျား တွေချည်းပဲ။

ပညာရေးဌာနမှာ တောင် သူ့ပျားတွေကို ညွှန်ချုပ် လိုနေရာပေးထားတယ်။ ထုံးစံ အတိုင်း အာဏာရှင်ဆိုတာ သူ့ခုံ ကိုလှုပ်လာရင် မကြိုက်တော့ဘူး လေ။ ခွင့်ပြုတုန်းက ခွင့်ပြုခဲ့ ပေမယ့် တကယ်တမ်းကျတော့ သဘောထားမကြီးနိုင်ပါဘူး။ အကုန်ဆွဲဖမ်းပစ်လိုက်တော့တာ ပါပဲ။ ဒါက ဘာကိုပြနေသလဲ ဆိုရင် မဆလထဲမှာ မညီမညွတ် ဖြစ်နေတယ်(ဒါမှမဟုတ်) ဦး နေဝင်းကဘယ်သူ့ကိုမှမယုံကြည် ဘူးဖြစ်နေတယ်လို့ ဆိုရမှာပါ။

ပိုက်ဆံသိမ်းပြီ

တိုင်းပြည်စီးပွားရေးလည်း မကောင်း၊ နိုင်ငံရေးကလည်း မငြိမ်တဲ့အချိန်မှာ ချိန်ကိုက်ဗုံး တစ်လုံးပေါက်သွားတယ်။ပိုက် ဆံတွေကို ပြန်သိမ်းတဲ့ကိစ္စပါ။ ပြည်သူတွေ တော်တော် အထိနာ သွားတယ်။ အစိုးရကို မကျေနပ် မှု ဒီဂရီအမြင့်ဆုံးပါပဲ။ ဖြစ်ချင် တော့ ကုလားဗမာအဓိကရုဏ်း တွေက ပြည်မှာ၊ တောင်ကြီးမှာ ဖြစ် လာခဲ့တယ်။ (ဒါတွေကလည်း ဖော်မြူလာလို
ဖြစ်နေတယ်။ တစ်ခုခု ပေါက်ကွဲတော့မယ်ဆိုရင် ကုလား ဗမာပြဿနာပေါ်လာ လေ့ ရှိနေတယ်။ သတိပြုစရာပါ)

မတ်လ ၁၃ရက်နေ့ည ကြို့ ကုန်းမှာ ကျောင်းသားနဲ့ အရပ် သား ရန်ဖြစ်တဲ့ ပြဿနာဟာ ဘာမှ မကြီးပါဘူး။ ဒါပေမဲ့ ကိုင် တွယ်ပုံကရိုင်း လွန်းလှလေတယ်။ မောင်ဖုန်းမော်နဲ့ မောင်စိုးနိုင်တို့ အသတ်ခံခဲ့ရတယ်။ ရန်ကုန် တက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ် ပေါင်းမိသွားတော့တာပါပဲ။ ဒီပွဲ အပြီးမှာကျောင်းသားတွေ အဖမ်း ခံရတယ်။ ဒီတုန်းက ကျွန်တော်
ဆရာဝန်ဖြစ်နေပြီ။ ကျောင်းသား မဟုတ်တော့ဘူး။ ဒါပေမဲ့ တက္က သိုလ်ကို မခွာနိုင်သေးဘူး။ တက္က သိုလ် အပန်းဖြေရိပ်သာမှာ ကျောင်းသား တွေစုပြီးတိုင်ပင်ရင် ကျွန်တော်တို့ အရိုင်းတို့ရောက် ရောက်သွားတယ်။ မောင်မောင် ကျော်တို့ မိုးသီးတို့က စာရွက်တွေ ဝေချင်တယ်ဆို ကျွန်တော်တို့က ယူပြီးဝေပေးတယ်။ အဲဒီအချိန် ဌေးကြွယ်တို့၊ လှမျိုးနောင်တို့က ထောင်ထဲရောက်နေပြီပေါ့။

ကျွန်တော်တို့ မြပုဏ္ဏမာအဖွဲ့သား တွေဟာ တက္ကသိုလ်အနုပညာ အသင်းကို အခြေခံဖွဲ့ထားတာ ဖြစ်လို့ ကျောင်းသားစိတ် အပြည့် နဲ့ပါ။ ဖိုးဖြူဆိုရင်
ကြေညာချက် တော်တော်များများကို ဖယောင်း စက္ကူပေါ်မှာရေးပေးတယ်။အရိုင်း ကဒီဇိုင်းဆွဲတယ်။ ၈၈တုန်းက ဒီ ဇိုင်းသားသားဆိုတာ အရိုင်းပဲပေါ့။
အရိုင်းရောကျွန်တော်ရော

ကြေကွဲနေတယ်

၁၉၈၈၊ ဇွန်အရေးအခင်း ဖြစ်တော့ ကျွန်တော်တို့ မျက်စိ ရှေ့တင်။ကျွန်တော်နေတာ မြေနီ ကုန်းဆိုတော့ အားလုံးမျက်မြင် ကိုယ်တွေ့ပဲ။ ကျွန်တော်ရော အရိုင်းပါ အိပ်မပျော်ကြဘူး။

စားလို့လည်းမရဘူး။ ကိုယ်ဘာမှ မလုပ်ပေးနိုင်တာကို ကြေကွဲနေ တယ်။ အဲဒီအချိန်မှာ သြဂုတ် ၈ ရက်နေ့ လူထုတိုက်ပွဲစမယ်ဆိုတာ လိုင်းကျလာတော့ ကျွန်တော်တို့ ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဇာဂနာ၊ အရိုင်းဆိုတာ လူသိ နေတဲ့လူ တွေဖြစ်နေပြီ။ ပြီးတော့ မြန်မာ့အသံ ရုပ်မြင်သံကြားဝင်း ထဲ ဥဒဟိုသွားနေနိုင်တဲ့ အခွင့် လည်း ရနေတော့ စနည်းနာရတာ ပေါ့။ ဦးစိန်လွင် ကိုယ်တိုင်ကွပ်ကဲ တဲ့အဖွဲ့ မြန်မာ့အသံ စတူဒီယို အေ အရှေ့မှာ ကွပ်ကဲရေး ရုံးဖွင့် တယ်လေ။ ကျွန်တော်နဲ့အရိုင်း က မယောင်မလည်နဲ့ သူတို့နား သွားသွားပြီး

သတင်းထောက် လှမ်းတယ်။ ၂၂က တပ်တွေ ရောက်လာပြီ။ သနက (၃)နဲ့ (၅)ကိုမြို့လုံခြုံရေးအတွက်နေရာယူ ခိုင်းလိုက်ပြီ။ ဒါဆိုရင် သြဂုတ် ၈ ရက်နေ့ကိုဖြိုခွင်းတော့မယ်ပေါ့။

ရန်ကုန်ဟာငရဲခန်းလို ဆူလို့ညံလို့

ကျွန်တော်အသားတွေ တုန် လာတယ်။ ကျွန်တော့်သူငယ်ချင်း တွေ ညီအစ်ကိုတွေကတော့ မြန်မာ့အသံရှေ့ကနေ မဆလ အစိုးရ အလိုမရှိဆိုတာတွေ အော်ပြီးမြို့ထဲချီတက်သွားကြပြီ။

ကိုယ်ဘာလုပ်နိုင်သလဲ။ မသိ။ ဘာမှမလုပ်နိုင်။ ဒါပေမဲ့ လိုက် ပြောလို့တော့ရတာပဲ။ အရေးထဲ အရိုင်းက လူအုပ်နဲ့ပါသွားပြီ။ ကျွန်တော်မြန်မာ့အသံ မြောက် ဘက်ပေါက်ကနေထွက်ပြီး မြို့
ထဲကို တက္ကဆီနဲ့လိုက်တော့ လူ အုပ်ကမြို့တော်ခန်းမရှေ့ မရောက် သေး။ ကျွန်တော်နဲ့သိတဲ့လူတွေ တစ်ယောက်မှမတွေ့။ အကော် ဒီယံဦးအုန်းကျော်ရဲ့ ဧရာဝတီ တေးသံသွင်းမှာ ဝင်ထိုင်ရင်း လူ အုပ်ကိုမျှော်။ ဟော ဗိုလ်ချုပ် လမ်းဘက်က တက်လာပါပကော။ နည်းတဲ့လူတွေ မဟုတ်။ မြို့တော် ခန်းမရှေ့ရောက်တော့ တရား တွေဟောကြ၊ စကားတွေပြော ကြ။

ကျွန်တော်နဲ့တွေ့သူ အား လုံးကို တပ်ကပစ်လိမ့်မယ်လို့ လိုက်ပြောပေမယ့် အားလုံးက ရယ်သွမ်းသွေးလို့ရယ်။ ပစ်ပါစေ ပေါ့။ ကျွန်တော်လက်ပိုက်ပြီးပဲ ကြည့်နေဖို့ရှိတော့တယ်။ ညရှစ် နာရီလောက်ကျ တော့ တစ်မြို့ လုံး မီးတွေမှောင်ကျ သွားတယ်။ သမ္မတရုံဘက် စစ်ကားတွေ အမှောင်ထဲမှာ မီးစုံဖွင့်ပြီး အရှိန် နဲ့ မောင်းချလာလိုက်တာ။ စိတ် ထဲတော့ သွားပြီလို့
တွက်လိုက် မိပါတယ်။ ဆူးလေဘုရားကို အဲဒီစစ်ကားတွေ ပတ်ပြီး ရပ် လိုက်တော့ မြို့တော်ခန်းမရှေ့က သပိတ်တပ်က အေးအေးရယ်။ ထမင်းအစားမပျက်။ ဒုန်းဒုန်း စပစ်တော့မှ လူသံတွေ ပွက် လောရိုက်လို့။ ရန်ကုန်ဟာ ငရဲ ခန်းလို ဆူလို့ညံလို့။ ကျွန်တော် လည်း ပြေးမိပြေးရာ ပြေးထည့် လိုက်တော့ ဘယ်တွေရောက် ကုန်မှန်း မသိတော့ဘူး။

၁၉၈၈ ရဲ့ သြဂုတ်၈ရက်ညဟာ သွေးစက် စွန်းထင်းခဲ့ပြီ။ အမှောင်ထဲမှာ ဘယ်နှယောက်ကျဆုံးခဲ့ပြီလဲ မသိ။ ကျွန်တော်လည်းမသိ။ ဘယ်သူ မှလည်းသိမယ်မထင်။ ခု ၂၅နှစ်ပြည့်ပြီ။ မြို့တော်ခန်းမ
ရှေ့ရောက်တိုင်း ဒီမြင်ကွင်းပဲ ပြန်ပြန်မြင်နေတယ်။

၈၈စိတ်ဓာတ်

မြင်ကွင်းတင် ဘယ်ဟုတ်ပါ့ မလဲ။ ဒီလူတွေ ဒီမျက်နှာတွေကိုပဲ ပြန်ပြန်မြင်နေတယ်။ ၈၈တုန်းက သေချင်သေပါစေဆိုပြီး ကျော ချင်း ကပ်ခဲ့သူတွေ လက်ချင်းချိတ် ခဲ့သူတွေ ခုတော့ အချင်းချင်းပြန် တိုက်နေကြပြန်ပေါ့။ ၈၈စိတ် ဓာတ်ဆိုတာ တစ်ခုတည်းပါ။ ဦး တည်ချက်တူရင် တွဲလုပ် ကြတာ ပါ။ ရှစ်လေးလုံးငွေရတုဖြစ် ဖြစ်၊ စိန်ရတုဖြစ်ဖြစ် အရေးကြီးတာ ၈၈ စိတ်ဓာတ်လေးအလံ ထူစေ့ချင်ပါတယ်။
ဇာဂနာ
Popular Journal

မြပုဏ္ဏမာ အငြိမ့်အဖွဲ့သားတွေ ပြောပြတဲ့ ရှစ်လေးလုံး

ခေတ်ဆိုး၊စနစ်ဆိုးကြောင့် ၁၉၈၈မှာ မြန်မာနိုင်ငံ တစ်ဝန်း လုံး ရှိ ပြည်သူတစ်ရပ်လုံး လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့ရာ ပြည်သူ တစ်ရပ်လုံးနှင့်အတူ မြပုဏ္ဏမာ အငြိမ့်အဖွဲ့သားများကလည်း
စင်ပေါ်၌ တက်ညီလက်ညီ ပြက် လုံးထုတ်ပြီး ဖျော်ဖြေပေးရုံ သာမက အများပြည်သူကြား ထဲတွင် ဆန္ဒပြလှုပ်ရှားခဲ့ကြ သည့် အတွေ့အကြုံများကို ပြန် လည်ပြောပြခဲ့ကြပါသည်။

ဂေါ်ဇီလာ

" မှတ်မှတ်ရရကိုဖုန်းမော် သေပြီး၊ နောက်နှစ် သန်လျင်မှာ ပွဲကတာ ကျွန်တော်ပြက်လုံး တစ်လုံးပြက်လိုက်တာ မရည် ရွယ်ဘဲ လုံးဝရင်ထဲက ရှိနေတဲ့ စကားပါ။မင်းသမီးထွက် လာတဲ့ အခန်းပေါ့။ မင်းသမီးကပြောတယ်။ ကျွန်မမှာ ချစ်သူရှိတယ် ပြောလိုက်တော့ လူရွှင်တော်က ကျွန်တော်ပဲ ကျွန်တော်ပဲ။

သန်လျင် မှာ ထဘီထုပ်ခိုးတာ ကျွန်တော်ပဲလို့ ပြက်ရမှာကို
အဲဒီမှာ ကျွန် တော်က ကောင်မလေးချစ်သူ ကျွန်တော်သိတယ်။ ဘယ်သူလဲ လက်ညှိုးထောင် ပြီး ကျွန်တော်ပဲ၊ ကျွန်တော်ပဲ။ဖုန်းမော်ပစ် သတ် တာကျွန်တော်ပဲလို့ ပြောလိုက် တဲ့ အချိန်မှာအားလုံး ငြိမ်ကျသွားတာပဲ။

ကျွန်တော့်ရင်ထဲ ကနေ လွှတ်ခနဲထွက်လာတယ်။ ဒါလည်း စင်ပေါ်မှာ တကယ်ခံ စားရတဲ့အတွေ့အကြုံထဲက ရုတ်တရက် ထွက်သွားတဲ့အမှတ်
တရပါ။ကျွန်တော်တို့ အနုပညာ သမားက လူပိုသိကြလို့ပါ။တကယ် အရေးပါတာက တိုင်းသူပြည် သားအားလုံး အရေးပါတယ် "

ဖိုးဖြူ

" ကိုဇာဂနာနဲ့ ဇာတ် သဘင် အနုပညာရှင် တွေပေါင်းပြီး တော့ လှုပ်ရှားခဲ့တယ်။ အဖွဲ့ လည်း အနုပညာရှင် တွေစုံ တော့ စင်ပေါ်တက် လိုက်တာနဲ့ အာလုံးက ပါဝင်လာတယ်။ ၈၈မှာ သက်ရှိထင်ရှား ကြုံ တွေ့ခဲ့ရတဲ့ လူတစ်ယောက် အနေနဲ့ပါဝင်ခဲ့ပေမယ့် အခု ချိန်ထိအပြည့်အဝ အောင်မြင်မှု မရသေးပါဘူး။

အနုပညာရှင်ပဲ ဖြစ်ဖြစ်၊ ပြည်သူ နိုင်ငံသားတစ် ယောက်အနေနဲ့ပဲဖြစ်ဖြစ် ဘာပဲ ပြောပြောကျရာနေရာကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ပါစေ"

ကင်းကောင်

" ကျောင်းသားအနေနဲ့ တစ် နိုင်ငံလုံးကဆန္ဒ ပြတော့ကိုယ် လည်း ပြတာပေါ့။ ၈၈နောက် ဆုံးပတ်မှာ ထွက်ပြေးရတယ်။ ဘယ်လောက်ပြေးလဲဆိုတာ တစ်ကိုယ်လုံးချွေးတွေက ရေချိုး ထားတဲ့အတိုင်းပဲ။ တက္ကသိုလ် ထဲမှာ ထမင်းထုပ်ဝေတယ်။ ဒံပေါက်ဆိုင်က ဒံပေါက်ဝေ ပေါ့။ ဒါလည်း အမှတ်တရပါပဲ"

ငှက်ပျောကြော်

" တက္ကသိုလ်ဘွဲ့ရကျောင်း သူ ကျောင်းသားများ အသင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်ခဲ့တယ်။ ခိုင်ခင်ဦးပါတယ်။ အဲဒီတုန်းက ခိုင်ခင်ဦးက တက္ကသိုလ်ကျောင်းပြီး အောင် မြင်နေတဲ့
မင်းသမီးတစ် ယောက်ပေါ့။

အရေးတော်ပုံ တစ်ခုဖြစ်လာတိုင်း အနုပညာရှင်တွေ တက်တက်ကြွကြွ ပါဝင် တယ်။ ဒီလူတွေက ပြည်သူချစ် တာကိုး။ချစ်တဲ့စိတ်နဲ့လုပ်ကြ တယ်။
တချို့ကလည်း ခံယူချက် မရှိဘဲချစ်တဲ့စိတ်တစ်ခုနဲ့ လုပ် တဲ့ သူလည်းရှိတယ်။ ဒီလူတွေ တကယ့် ခံယူချက်နဲ့လုပ်တာ ဆိုပြီးတော့ ငါတို့လည်းလုပ် မယ်၊ ပါရမယ်ဆိုပြီး လုပ်တာ လည်းရှိတယ်။ "
ပေါ်ပြူလာအဖွဲ့

ရှစ်လေးလုံးအရေးတော်ပုံ ရက်စွဲဒိုင်ယာရီ

မတ်လ
၇-၃-၈၈၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ဗိုလ်နေဝင်းထံ စာ တစ်စောင်ရေးသားပေးပို့။ ၁၂-၃-၈၈၊ ရန်ကုန် စက်မှု တက္ကသိုလ်မှ ကျောင်းသား တချို့ နှင့် ကြို့ကုန်းရပ်ကွက်အတွင်းရှိ လူငယ်အချို့ စန္ဒာဝင်း လက် ဖက်ရည်ဆိုင်တွင် ခိုက်ရန်ဖြစ် ပွား။ဇော်ဇော်(ခ)ညီညီလွင် နှင့်အတူ ကျောင်းသား၅ဦး အားအရေးယူ။
၁၃-၃-၈၈၊ ရန်ကုန်စက်မှု တက္ကသိုလ်တွင် မကျေနပ်မှုဖြစ် ပွား နေသော ကျောင်းသားများ အား စစ်တပ်(လုံထိန်း)များက သေနတ်နှင့် ပစ်ခတ်ဖြေရှင်း သဖြင့်ပဉ္စမနှစ် ကုန်ထုတ်ဓာတု ဗေဒအဓိက ကျောင်းသား ကို ဖုန်းမော်ကျဆုံး။

၁၄-၃-၈၈၊ မကျေနပ်မှုကြီး ထွားနေသော ရန်ကုန်စက်မှု တက္ကသိုလ်မှ ကျောင်းသားများ နေထိုင်ရာ ကျောင်းဝင်း အား စစ်တပ်မှ ဝင်ရောက်စီးနင်းကာ ကျောင်းသားအများအပြားကို ဖမ်းဆီးပြီး၊ရန်ကုန်စက်မှုတက္ကသိုလ် ကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်းည၈နာရီ၌ မြန်မာ့အသံမှ ကြေညာ။ မြေ အောက် ကျောင်းသားသမဂ္ဂများက RIT အဖြစ်အပျက်နှင့် ပတ်သက်ပြီး ကြေညာချက်များ၊ တောင်းဆိုချက်များ ထုတ်ပြန်။

၁၅-၃-၈၈၊ RIT အရေးအခင်း နှင့်ပတ်သက်ပြီး အစိုးရမှ အမှန် အတိုင်း ဖြေရှင်းပေးရန်အပါအဝင်" ကျောင်းသားထုအခွင့် အရေး ကာကွယ်ရေးကော်မတီ" တစ်ရပ်ဖွဲ့စည်းရေးကို ကျောင်း သားများက တောင်းဆို။

၁၆-၃-၈၈၊ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်း သားများအား စစ်တပ်ကဝိုင်း၊ ဆန္ဒပြကျောင်းသားများ ကျောင်း ဝင်းအပြင်ထွက်ပြီး ရန်ကုန် တက္ကသိုလ်(လှိုင်)သို့ ချီတက်စဉ် စစ်တပ်နှင့်လုံထိန်းများက တံတား ဖြူတွင် တားဆီးပြီးအကြမ်း ဖက်ဖြိုခွင်းခဲ့၍ ကျောင်းသားအချို့ သေဆုံး၊အများအပြား ဒဏ်ရာ ရ အဖမ်းခံကြရ (တံတားနီ အရေးအခင်း) တက္ကသိုလ် အား လုံးကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း စစ်အစိုးရက ည၈နာရီတွင် မြန်မာ့အသံမှ ကြေညာ။

၁၆-၃-၈၈၊ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား အရေး အခင်းနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးတင်ပြရန် စုံစမ်းရေး ကော်မရှင်ကို မဆလနိုင်ငံတော် ကောင်စီမှအမိန့်ကြေညာစာ အမှတ်၄၅/၈၈ဖြင့် ဖွဲ့စည်းပေးခဲ့။

၁၇-၃-၈၈၊ ကျောင်းသားများ ဦးဆောင်ပြီး ရန်ကုန်မြို့လယ် တွင် ဆန္ဒပြပွဲကျင်းပ။ လူထုက ထောက်ခံပြီး ပူးပေါင်းပါဝင်။
၁၈-၃-၈၈၊ ရန်ကုန်မြို့လယ်တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား၊ အကြမ်းဖက်မှုအချို့လည်း ဖြစ် ပွား။ စစ်တပ်(လုံထိန်းများ)က မျက်ရည်ယို ဗုံးသုံး၍ အကြမ်း ဖက်ဖြိုခွဲ၊လူ ၄ဝကျော်သေဆုံး ခဲ့ရကြောင်း မဆလစစ်အစိုး ရက နောက်ပိုင်းတွင်ဝန်ခံရ)

ဧပြီ
၂-၄-၈၈၊ ၁၉၈၈ခုနှစ်၊ မတ်လ က လေဖြတ်သွားခဲ့သော နေထိုင် မကောင်းသည့် မိခင်ကြီးကို ပြုစုရန် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လာ။ ဒေါ်အောင် ဆန်းစုကြည်သည် ၁၉၆ဝခုနှစ် မိခင်ကြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့် အပ်ခံရစဉ်မှစတင်ကာ မြန်မာ ပြည်မှ ထွက်ခွာသွားခဲ့သည်။ ၂၇ နှစ်အတွင်း မြန်မာပြည်သို့ ခေတ္တ ၈ကြိမ်ပြန်လာခဲ့ပြီး နိုင်ငံသားအဖြစ် ဆက်လက်ရပ် တည်နေသည်။ ၁၉၈၆ခုနှစ် အာဇာနည်နေ့တွင် ဖခင်ကြီး၏ အုတ်ဂူ၌ လွမ်းသူ့ပန်းခွေချကန် တော့သည်။

မေလ
၉-၅-၈၈၊ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံ စာမျက်နှာ ၄ဝ ပါ အိတ်ဖွင့်ပေးစာ တစ်စောင် ထွက်လာ။ (နိုင်ငံရေးကိစ္စ လုပ် ဖော်ကိုင်ဖက်များကို ဝေဖန်)
၃ဝ-၅-၈၈၊ရက်အကန့် အသတ် မရှိ ပိတ်ထားခဲ့သော တက္ကသိုလ် များကို ပြန်လည်ဖွင့်လှစ်။ မြေ အောက် ကျောင်းသား သမဂ္ဂဝင် များ လှုပ်ရှားမှုများစတင်။ ကျောင်း သားများသမဂ္ဂမှ " သပိတ် မှောက်ပန်ကြားလွှာ" ကိုဖြန့်ချိ။

ဇွန်လ
၈-၆-၈၈၊ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံပေး စာတစ် စောင် ထွက်လာ။ (တံတားဖြူ အရေး အခင်းအကြောင်း၊ ဗိုလ်ချုပ်ကြီး လက်ရှောင်နေပါ။)
၁၄-၆-၈၈၊ ညနေ ၄နာရီဝန်း ကျင် ရန်ကုန်တက္ကသိုလ် တောင် ငူဆောင် ရှေ့တွင် တရားဟော။ " နေဝင်းအလိုမရှိ" မဆလအလို မရှိ" ကြွေးကြော်။ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေရောက် လာပြီး မလုပ်ဖို့တောင်းပန်။ ညနေ ၅နာရီ ၃ဝ မိနစ်တွင်ပြီး။
၁၅-၆-၈၈၊ နံနက် ၁၁နာရီဝန်းကျင် ဂျပ်ဆင်ရှေ့ မြက်ခင်းပြင် တွင် တရားဟောပွဲစတင်။ လူပိုများလာပြီး RC ရှေ့သို့ တရားပွဲ ရွှေ့သွား။ ညနေမှောင်စပျိုးမှ တရားပွဲရပ်နား။

၁၆-၆-၈၈၊ မွန်းလွဲပိုင်းမှ စတင်ကာ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် တရားပွဲများစတင်။ စစ်ကား များ ကျောင်းဝင်းအပြင်တွင် ဝိုင်းထား။ တရားပွဲအောင်မြင်။

၁၇-၆-၈၈၊ သောကြာနေ့။ တရား ပွဲများ ဘွဲ့နှင်းသဘင်ရှေ့တွင် ဆက်လက်ဖြစ်ပွား။ ကိုမိုးသီး ဇွန် စတင်တရားဟော၊ ကျောင်း သားထု၏ ထောက်ခံအားပေး မှုကိုရရှိ။စစ်ကား များကျောင်း ဝင်းအပြင်မှ ဝိုင်းထား၊ တရားပွဲ အောင်မြင်။

၂ဝ-၆-၈၈၊ တနင်္လာနေ့ တရားပွဲ များ ဘွဲ့နှင်းသဘင်ရှေ့တွင် ဆက် လက်ဖြစ်၊အင်အား တစ်သောင်း ခန့်ရှိလာ။ကျောင်းသားထု၏ အဆုံးအဖြတ်ကို ခံယူရာ မိုးသီး ဇွန်တို့ အယူအဆကို ကျောင်းသား ထုက တစ်ခဲနက်ထောက်ခံ။ညနေမှောင်မှ တရားပွဲပြီး။

၂ဝ-၆-၈၈၊ ည၈နာရီ ရန်ကုန် တက္ကသိုလ်(ပင်မ၊ဗိုလ်တထောင်၊ လှိုင်၊ ကြည့်မြင်တိုင်) ရန်ကုန် စက်မှုတက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံ မှ ကြေညာ။

၂၁-၆-၈၈၊ ရန်ကုန်တက္ကသိုလ် ပိတ်လိုက်သဖြင့် ကျောင်းသား
လူငယ်များက ကျောင်းအပြင် တွင်စုရုံးကာ ဆန္ဒပြရင်း မြို့ လယ်သို့ချီတက်။ ဆန္ဒပြ ကျောင်း သားထုအား မြေနီကုန်းတွင် စစ်တပ်က ဟန့်တားရာမှ အဓိကရုဏ်း ဖြစ်ပွား။

၂၁-၆-၈၈၊ ကျောင်းပိတ်ရာတွင် မပါဝင်သော ရန်ကုန်ဆေး တက္ကသိုလ် -၁ လမ်းမတော်တွင် ကျောင်းသားများနှင့် လုံထိန်း တို့ အဓိကရုဏ်းဖြစ်ပွား။
၂၁-၆-၈၈၊ ည ၈နာရီ မြန်မာ့ အသံမှ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်၊သိပ္ပံများကို ရက် အကန့်အသတ်မရှိပိတ်လိုက် ကြောင်း၊ရန်ကုန်မြို့တော် စည် ပင်သာယာရေး နယ်နိမိတ် အတွင်း ည၆နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်၊ ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စစ်အုပ်ချုပ် ရေးဒေသအဖြစ် ကြေညာကြောင်း အစိုးရက အမိန့်များထုတ်ပြန်။

၂၂-၆-၈၈၊ နေ့ထုတ်မဆလ သတင်းစာများတွင် ဇွန်
၂၁ရက် နေ့ မြေနီကုန်းအဖြစ် အပျက်တွင် ရဲ၆ဦးသေဆုံး။ အကြမ်း ဖက်သမား ၃ဦးသေဆုံးကာ ၇၇ဦး ကို ဖမ်းဆီးထားကြောင်း ဖော်ပြထား။
၂၉-၆-၈၈၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း ညမထွက်ရအမိန့်ကို ည၈နာရီမှ နံနက်၎နာရီသို့ ပြောင်း လဲ သတ်မှတ်ကြောင်း မြန်မာ့ အသံမှ ကြေညာ။

ဇူလိုင်လ
၇-၇-၈၈၊ ၈၈မတ်လအရေး အခင်းများတွင် အဖမ်းခံထား ရသော ကျောင်းသား ၁၄၁ဦး၊ အားလုံး ပြန်လွတ်လာ။
၁၆-၇-၈၈၊ ပြည်မြို့တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာ သာဝင်အချို့ အကြားတွင် ဘာသာရေးအဓိကရုဏ်း များ ဖြစ်ပွား။စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်။

၁၉-၇-၈၈၊ တောင်ကြီးမြို့ တွင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဘာသာဝင်အချို့တို့ အဓိကရုဏ်း ဖြစ်ပွား။ စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်။
၂၂-၇-၈၈၊ BBC မှအထူး သတင်းထောက် ခရစ္စတိုဖာဂါးနက်သည် Tourist Visa ဖြင့် ရန်ကုန်သို့ ရောက်ရှိလာ။

ရန်ကုန်မြို့တွင် ကျောင်းသားခေါင်းဆောင်အချို့ အပါအဝင် လျှို့ဝှက်တွေ့ဆုံခြင်း၊ အင်တာဗျူးပြီး ရန်ကုန်နှင့်နယ်သတင်း လတ်လတ်ဆတ်ဆတ်များကို BBC ကဖော်ပြပေးသဖြင့် တစ်နိုင်ငံလုံး သိရှိရ။ ပြောက်ကျားဆန္ဒပြတိုက်ပွဲဆင်နေသော ကျောင်းသား လူငယ်များအား တက်စေခဲ့။

၂၃-၇-၈၈၊ မဆလပါတီ အရေး ပေါ် ညီလာခံစတင်ကျင်းပ။ ပါတီဥက္ကဋ္ဌဦးနေဝင်းသည် တိုင်းပြည်သို့ ရေဒီယိုမှ မိန့်ခွန်း ပြော။ ပါတီဥက္ကဋ္ဌအဖြစ် ဦးနေ ဝင်းနုတ်ထွက်။ ဦးစိန်လွင် သမ္မတဖြစ်လာ။

၂၄-၇-၈၈၊ ကျောင်းသား လူငယ်လေးများ ရွှေတိဂုံဘုရား ပေါ်တွင် သပိတ်စခန်းဖွင့်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဖြစ်စဉ်က သံဃာတော် များအပေါ် မောက် မောက်မာမာ ဆက်ဆံခဲ့သည့် ဦးစိန်လွင်လို လူစားမျိုးအား သမ္မတ ခန့်အပ် ခြင်းကို သံဃာထုကမကျေ နပ်ကြောင်း ဟောပြောကြ။

၂၈-၇-၈၈၊အစိုးရက တရားပွဲကို ဖြိုခွဲလိုက်။
၂၉-၇-၈၈၊ နေ့ထုတ် မဆလစစ် အစိုးရ သတင်းစာများတွင် ဆူပူလိုသူ လူတစ်စုတို့၏လုပ် ရပ်မျိုးဟုဖော်ပြ။

၂၉-၇-၈၈၊ နိုင်ငံခြားမှ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်သော အသံလွှင့် ဌာနများက သတင်း ဖော်ပြ။
၂၉-၇-၈၈၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့်အဖွဲ့အား ဖမ်း ဆီး (ဦးအောင်ရွှေ၊ ဦးကြည် မောင်၊ဦးခင်ညို သံအမတ်ကြီး ဟောင်း ဦးဘရွှေတို့ပါဝင်) အေပီ သတင်းထောက် ဦးစိန်ဝင်းကို လည်း ဖမ်းဆီးလိုက်။

သြဂုတ်လ

၃-၈-၈၈၊ မဆလနိုင်ငံတော် ကောင် စီကြေညာချက် ၅/၈၈ ရန်ကုန်မြို့တော်၊ မြို့နယ်များ တွင် အရေးပေါ် အခြေအနေ ကြေညာ၊စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်။

၆-၈-၈၈၊ BBC အသံလွှင့်ဌာန က ရန်ကုန်မြို့ရှိ ကျောင်းသား ခေါင်းဆောင်တစ်ဦးနှင့် တွေ့ ဆုံမေးမြန်းခန်းတွင် " ရှစ်လေး လုံး နေ့" တွင် တစ်နိုင်ငံအတိုင်း အတာဖြင့် အထွေထွေသပိတ် ကြီး ဆင်နွှဲသွားမည်ဟု ပြောဆို။
၆-၈-၈၈၊ မဆလ စစ်အစိုးအရ အား ဆန့်ကျင်ကန့်ကွက် ကြောင်း ထုတ်ဖော်မှုတစ်ရပ်အနေဖြင့် ည၈နာရီတိတိတွင် သံပုံးတီးတော ထုတ်ဆန္ဒပြကြရန် ကျောင်းသား သမဂ္ဂမှ တိုက်တွန်းနှိုး ဆော် ထားမှုအရ ည ၈နာရီ တိတိတွင် ရန်ကုန်မြို့အနှံသံပုံးတီး သံကြီး များ တစ်ခဲနက် ပေါ်ထွက်လာ။

၈-၈-၈၈၊ နံနက် ၁၁နာရီခန့်မှ စတင်ကာ ရှစ်လေးလုံး ဆန္ဒပြပွဲ ကြီး ဖြစ်ပွားခဲ့။အင်အား သောင်း နှင့်ချီသော လူထုစစ်ကြောင်း ကြီးများကြောင့် စစ်တပ်၏ အတားအဆီးမှန် သမျှပြိုဆင်း သွား။ " စိန်လွင် ၆တန်း တဇောက် ကန်း"၊ "ဘဲဥတစ်လုံးနှစ်ကျပ် ခွဲ စိန်လွင့်ခေါင်းကိုခွဲ" စသော ကြွေး ကြော်သံများမှစကာ" တစ်ပါတီ အာဏာရှင်စနစ်အလိုမရှိ" ၊ " ဒီမို ကရေစီရရှိရေး" တို့ကို ကြွေး ကြော်ခဲ့။ ရန်ကုန်တစ်မြို့တည်း သာမက နယ်မြို့အတော်များ များတွင်ပါ ချီတက်ဆန္ဒပြမှု ဖြစ်ပွားခဲ့။

၈-၈-၈၈၊ ည၁၁နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စုဝေးဆန္ဒပြ တရားဟောနေ သော လူထုကို စစ်တပ်မှ စတင် ပစ်ခတ်ချေမှုန်း။ ရန်ကုန်မြို့ အနှံ့ပစ်ခတ်ခြင်း ဆန္ဒပြသူများ ကိုသာမက မီးထွန်းထားသော အိမ်များအပါအဝင် မည်းမည်း မြင်ရာ ပစ်ခတ်မှုကြောင့်လည်း ကောင်း နိုင်ငံတစ်ဝန်းလုံးရှိ မြို့အတော်များများ ပါပစ်ခတ် မှုကြောင့် ထိခိုက်သေကျေ ဒဏ်ရာရမှုများခဲ့။

၉-၈-၈၈၊ စစ်တပ်မှ ပစ်ခတ်မှု ကြောင့် ရန်ကုန်မြို့တွင် အထူး သဖြင့် အထက်တန်းကျောင်း သားလေးများ သွေးမြေကျခဲ့ရ။
၉-၈-၈၈၊ စစ်ကိုင်းမြို့တွင် ဆန္ဒပြလူထုကို စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသား များ၊ လူထုနှင့် သံဃာတော်များ၊ အမျိုးသမီးများပါ သေကျေဒဏ် ရာရခဲ့။ (စုစုပေါင်း ၃၁၇ ဦး သေ ဆုံးခဲ့သည်ဟု နဝတမှဝန်ခံခဲ့)
၉-၈-၈၈၊ ရန်ကုန် ပြည်သူ့ဆေး ရုံကြီးရှေ့တွင် စစ်တပ်မှ ဝင် ရောက် ပစ်ခတ်။

၁ဝ-၈-၈၈၊ ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်နေ လူထုမှ မဆလ စစ်အစိုးရအား "လမ်းပိတ်ဆို့ ရေး" တိုက်ပွဲဆင်။
၁၁-၈-၈၈၊ ရန်ကုန်မြို့တွင် မြို့ လယ်နှင့် အချက်အချာကျသော နေရာများတွင် မဆလ စစ်အစိုးရ ဆန့်ကျင်ရေးစာများ၊ သရော် ကာတွန်းများ ရေးဆွဲကပ်ထား။ Poster Campaing။

၁၂-၈-၈၈၊ ရန်ကုန်ဆေးရုံကြီး (အထွေထွေရောဂါကု ဆေးရုံ ကြီး) ကို စစ်တပ်၏ ပစ်ခတ်မှု ကြောင့် သူနာပြုဆရာ၊ ဆရာမ အချို့ ဒဏ်ရာရရှိ။
၁၂-၈-၈၈၊ မဆလပါတီ ၉၂ ကြိမ်မြောက် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်း အဝေး ဦးစိန်လွင်အား လမ်းစဉ်ပါတီ ဥက္ကဋ္ဌနှင့်ဗဟိုကော်မတီဝင် အဖြစ်မှ နုတ်ထွက်ခွင့်ပြုလိုက်။ ဒေါက်တာ မောင်မောင့်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့။

၁၄-၈-၈၈၊ ရန်ကုန်ဆေးရုံကြီး တွင် သပိတ်စခန်းစတင်ဖွင့် လှစ်။ ဟောပြောပွဲများ Poster Campaing များ လုပ်ဆောင်ခဲ့ကြ။
၁၄-၈-၈၈၊ ဒီမိုကရေစီရေး ပုဂ္ဂလိက သတင်းစာစောင်များ ဂျာနယ်များ ထွက်ပေါ်လာ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)မှ "သမဂ္ဂသတင်းစာ" လည်း ထွက် ပေါ်လာ။
၁၅-၈-၈၈၊ ရှေ့နေများကောင်စီ (Bar Council )ကြေညာချက် ထွက် ပေါ်လာ။

၁၈-၈-၈၈၊ စစ်တက္ကသိုလ် ကျောင်း ဆင်းဆရာ၊ဆရာမများ သမဂ္ဂမှ " စစ်တက္ကသိုလ်ကျောင်းဆင်း (ကြည်း၊ရေ၊လေ)အရာရှိ များသို့ ပန်ကြားလွှာ" ထုတ်ပြန်။
၂၁-၈-၈၈၊ ဆေးရုံကြီး သပိတ် စခန်းမှ မြို့တွင်းသို့ စတင်ထွက် ဆန္ဒပြ။ကျောင်းသားများ၊ လူငယ် များ၊ပြည်သူလူထု၊ အလုပ် သမားများ၊မြို့နယ် အသီးသီး ကိုယ်စားပြု လူထုများ၊ထင်ရှား သော စာပေပညာရှင်များ၊ အဆို တော်များ၊ရုပ်ရှင် သရုပ်ဆောင် များ အသီးသီးဆိုင်းဘုတ် ထောင်ကာပါဝင် ဆန္ဒပြ။

၂၁-၈-၈၈၊ ဒေါ်အောင်ဆန်းစု ကြည် လူထုလှုပ်ရှားမှုတွင် ပါဝင်ရေးအတွက် ကြည့်မြင် တိုင် ဗိုလ်သူရလမ်းရှိ နေအိမ် တစ်အိမ်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့်ရှေ့နေများ၊ ဆရာဦး ဝင်းတင်၊ ဆရာမောင်သော် က အပါအဝင် စာပေပညာရှင်များ နိုင်ငံရေးသမားကြီးများ တွေ့ ဆုံ ဆွေးနွေး။
၂၃-၈-၈၈၊ ဗမာ့တပ်မတော် မျိုးချစ် တပ်မှူးဟောင်းကြီး ၁၅ဦးလက်မှတ်ရေးထိုးထား သော စာထွက်လာ။

၂၄-၈-၈၈၊ ရန်ကုန်ဆေးရုံကြီး သပိတ်စခန်းတွင် ဒေါ်အောင် ဆန်း စုကြည် ပထမဆုံးအကြိမ် စတင် တရားဟော။ " ကျောင်း သားလှုပ်ရှားမှု ကော်မတီ" SCS ကို ဖွဲ့စည်း။

၂၅-၈-၈၈၊ စစ်တပ်များ လူထု မြင်ကွင်းမှ ကွယ်ပျောက်သွား။ တစ်နိုင်ငံလုံးအနှံ့ သပိတ်စခန်း များ ပေါ်လာ။ သမဂ္ဂများ၊ အဖွဲ့အစည်းအသီးသီးများ ပေါ်ထွက်လာ။

၂၅-၈-၈၈၊ ရန်ကုန်မြို့လယ် လမ်း ၃ဝတွင် စစ်ထောက်လှမ်း ရေး ၆ဦးကို ဒေါ်အောင်ဆန်း စုကြည်အား အပုပ်ချထားသော စာရွက်စာတမ်းများ (နောက် တစ်နေ့ ဒေါ်အောင်ဆန်းစု ကြည်တရားပွဲအား ရုန်းရင်း ဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရေး သားထားသောစာများ) ပါဝင် သည့် ပတ်ဘလစ်ကာ ကားတစ် စီးကို လူထုက ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိ လိုက်သည်။

၂၅-၈-၈၈၊ မဆလစစ်အစိုးရမှ ဖမ်းဆီး ထားသော ဦးအောင်ကြီး ကို မွန်းလွဲပိုင်းတွင် ပြန်လွှတ် ပေးလိုက်။ ညနေပိုင်းတွင် စမ်း ချောင်း ပဒုမ္မာကွင်း၌ ဦး အောင်ကြီးက တရားဟောပွဲ ချက်ချင်းကျင်းပ။ (စစ်တပ် ကို စိတ်နဲ့တောင်မပစ်မှားနဲ့)

၂၆-၈-၈၈၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ဒေါ် အောင်ဆန်းစုကြည်က လူထု တရားပွဲ ကျင်းပ။
၂၇-၈-၈၈၊ မဆလ ကာကွယ် ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ် ကြီး ဟောင်းဦးတင်ဦး ရန်ကုန် ဆေးရုံကြီး သပိတ် စခန်းတွင် တရားစတင်ဟော။

၂၈-၈-၈၈၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကြီးကို ရန်ကုန်တက္ကသိုလ် ရှိ သမဂ္ဂအဆောက် အအုံဟောင်း နေရာတွင် ကျင်းပ။ ဥက္ကဋ္ဌ မင်းကိုနိုင်၊ အထွေထွေအတွင်း ရေးမှူး မိုးသီးဇွန်တို့ပါဝင်သော ဗကသများ အဖွဲ့ချုပ်ကို ညီလာ ခံမှ ရွေးချယ်ခဲ့။

၃၁-၈-၈၈၊ လူထုဆန္ဒပြပွဲနှင့် ဒီမိုကရေစီအရေးတော်ပုံသို့ တပ်မတော် (ရေ)မှ ရဲဘော်များ ပူးပေါင်းပါဝင်လာခြင်းကိစ္စ အတွက် စာရေးဆရာ မောင် သော်က (ဗိုလ်မှူးဟောင်း ဘ သော်) သူငယ်ချင်းဖြစ်သူ ဧရာဝတီရေတပ်စခန်း ဌာန ချုပ်မှူး ဗိုလ်မှူးကြီးသန်းညွန့် ထံစာရေးသား။

စက်တင်ဘာလ
၁-၉-၈၈၊ နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်က တိုင်း ပြည်သို့ ရေဒီယို မိန့်ခွန်းပြော။

၂-၉-၈၈၊ Bar Council ကြေညာချက်တွင် ၄၇ အခြေခံ ဥပဒေကို ပြန်လည်အသက် သွင်း၍ ၇-၉-၈၈ နေ့နောက် ဆုံးထားပြီး ကြားဖြတ်အစိုးရ တစ်ရပ်ကို ဖွဲ့စည်းပေးရန်၊ ဖွဲ့စည်း မပေးပါက အထွေထွေ သပိတ်ကြီး ဆက်မှောက်မည်ဟု ဖော်ပြထား။

၎-၉-၈၈၊ အမေရိကန်နိုင်ငံ နိုင်ငံ ခြားရေးရာ ကော်မတီဝင် နှင့် အာရှပစိဖိတ်ရေးရာ ဆပ် ကော်မတီ ဥက္ကဋ္ဌမစ္စတာစတီ ဗင်ဂျေဆိုလာ့ဇ် ရန်ကုန်မြို့သို့ တစ်ရက်တာခရီး ရောက်လာ။
၆-၉-၈၈၊ ရန်ကုန်တွင် အထွေ ထွေ သပိတ်ကော်မတီကို ကိုယ်စားလှယ်ပေါင်း ၁ဝဝ ကျော်ဖြင့် ဖွဲ့စည်း။
၇-၉-၈၈၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသမဂ္ဂ စတင်ဖွဲ့ စည်း။
၉-၉-၈၈၊ ဦးနုက သတင်းစာရှင်း လင်းပွဲကျင်းပပြီး မိမိသာလျှင် တရားဝင် ဝန်ကြီးချုပ်ဖြစ် ကြောင်းကြေညာ။ တပ်မတော် (လေ)မှ ရဲဘော်များ လူထု ဆန္ဒပြပွဲသို့ စတင်ပူးပေါင်း ပါဝင်လာ။

၁ဝ-၉-၈၈၊ မဆလပါတီ အရေး ပေါ်ညီလာခံနှင့် အရေးပေါ် ပြည်သူ့လွှတ်တော် အစည်း အဝေးကျင်းပ။ ရွေးကောက်ပွဲအား ယနေ့မှစတင်၍ ၃လ တင်းတင်း ပြည့်သောနေ့တွင် ကျင်းပပေးမည်ဟု ကြေညာ။
၁၂-၉-၈၈၊ " ဗမာ့တပ်မတော် (ရေ)နှင့် (လေ)တို့မှ မဆလပါ တီ ဗဟိုကော်မတီသို့ သတိပေးချက်" ဟူသော စာတစ်စောင် ထွက်လာ။
၁၃-၉-၈၈၊ ရန်ကုန်ဆေး တက္ကသိုလ်-၁တွင် ဗကသများ အဖွဲ့ချုပ်မှနိုင်ငံ ရေးခေါင်း ဆောင် ၅ဦး(ဦးနု၊ ဦး အောင် ကြီး၊ ဦးတင်ဦး၊ ဗိုလ်မှူး အောင်နှင့် ဒေါ်အောင်ဆန်း စုကြည်) တို့နှင့် တွေ့ဆုံပြီး " ယာယီကြားဖြတ် အစိုးရ" ဖွဲ့ စည်းနိုင်ရေးအတွက် အစည်း အဝေးတစ်ရပ်ပြုလုပ်။ မည်သည့် ဆုံး ဖြတ်ချက်မှ မကျ။ လူကြီး များအကြား တူညီတဲ့သဘော ထား မရရှိခဲ့။

၁၄-၉-၈၈၊ ဗမာပြည်ကွန်မြူ နစ်ပါတီမှ တပ်များ မိုင်းယန်း မြို့ကို စတင်တိုက်ခိုက်။ ၂၃-၉-၈၈မှ ၃ဝ-၉-၈၈အထိ တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားခဲ့။ ၁၆-၉-၈၈၊ မဆလနိုင်ငံတော် ကောင်စီ ကြေညာချက် အမှတ် ၁၄/၈၈ထုတ်ပြန်။ တပ်မတော်၊ ရဲနှင့် ဝန်ထမ်းများကို မဆလ ပါတီ၊ ပါတီဝင်အဖြစ်မှ နုတ် ထွက်ခွင့်ပြုလိုက်။

၁၇-၉-၈၈၊ ငြိမ်းချမ်းစွာဆန္ဒပြ နေသော လူထုအား ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ ကုန်သွယ်ရေး ရုံးချုပ်ပေါ်တွင် တပ်စွဲထား သော စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြသူတစ်ဦး ဒဏ်ရာရ။ လူထုက မကျေနပ်၊သံဃာ တော် များ ဦးဆောင်ကာ ထိုတပ်မှ လက်နက်များကို စနစ်တကျ တက်သိမ်း။
၁၇-၉-၈၈၊ မှ အောက်တိုဘာ ၁ဝ ရက်နေ့အထိ၊ KIO ဥက္ကဋ္ဌ ဦးဘရန်ဆိုင်းနှင့် အတွင်းရေး မှူး ဦးဇောင်း ဟရားတို့ ဂျပန် နိုင်ငံသို့ ရောက်ရှိပြီး သတင်း ထောက်များ၊ (အာဏာရ) လစ်ဘရယ်ဒီမိုကရက် တစ်ပါ တီမှ လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့။

၁၈-၉-၈၈၊ ညနေ၄နာရီ နိုင်ငံ တော်အာဏာကို တပ်မတော်မှ သိမ်းပိုက်လိုက်ကြောင်း၊ "နဝတ" အဖွဲ့ဖွဲ့စည်းလိုက်ကြောင်း ကြေညာ။
၁၈-၉-၈၈၊ နဝတအဖွဲ့ ကြေညာ ချက်အမှတ် ၁/၈၈နှင့် ၂/၈၈ (လူ ၅ဦးထက်ပိုမစုရ)တို့ ထုတ်ပြန်ကြေညာကာ အာဏာသိမ်းခဲ့သည်။
Popular Journal

အထုံးမဖြေနိုင်သေးသော အလုပ်အကိုင်လမ်းစများ

ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေဆိုလိုက်မည်ဟု အားခဲထားသည့် ကိုညီညီ (နာမည်လွှဲထားသည်) အတွက် အထင်နှင့်အမြင် တက်တက်စင် လွဲမှားသွား ခဲ့သည်။

အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော အင်ဂျင်နီယာ ဘွဲ့လက်မှတ်နှင့် အခြား သင်တန်းလက်မှတ် များကို ကိုယ်တိုင် အားရကျေနပ် ခဲ့သော်လည်း အင်တာဗျူး မေးမြန်းသူက လုပ်ငန်းအတွေ့အကြုံ ရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသည့်အတွက် ခဲလေသမျှ သဲရေကျ ခံစားရသည်။

အခြေခံပညာ သင်ကြားသည့်အချိန် အပါအဝင် တက္ကသိုလ်ပညာ သင်ကြားသည့် နှစ်နှင့် ကွန်ပျူတာသင်တန်း တက်သည့်နှစ် အားလုံးပေါင်း ၂၀ နှစ်နီးပါးကို ရင်းနှီးမြှုပ်နှံ ထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီ အတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှု ကို မခံခဲ့ရသည့်အပြင် ရရှိထားသော အသိအမှတ်ပြု လက်မှတ်များ လက်ဝယ်ပြု အခြား အလုပ်အသစ်များကို ထပ်မံလျှောက် ထားရန်ပင် ယုံကြည်မှု ပျောက်လာမိသည်။

ထပ်မံ၍ စိတ်ဝင်စားသော အလုပ် တစ်ခုခုရရန် "ဘာသင်တန်း ဆက်တက် ရဦးမလဲ" ဟု စိတ်ထဲတွေးရင်း ကိုညီညီ အတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်း ကြောက်လာသည်။
နိုင်ငံရေး ဖြေလျှော့မှုများ လုပ်ဆောင်လာသည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှ စတင်ကာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏ အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက် လာရောက် ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီ တို့နှင့်အပြိုင် လုပ်သား အင်အားဖြည့်တင်း နေသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည် အရန်သင့် လက်ကမ်းကြိုဆိုလျက် ရှိသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်စည်များ ညွန်ကြားမှုဦးစီး ဌာနမှ ဇွန်လ ၃၀ ရက်နေ့ထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသား ကုမ္ပဏီ ၃၂၅၆၃ ခု၊ နိုင်ငံခြားကုမ္ပဏီ ၂၀၆၀ ခု၊ Partner ကုမ္ပဏီ ၁၀၇၂၊ Joint Venture ကုမ္ပဏီ ၆၇ နှင့် Association ကုမ္ပဏီ ၆၇ တို့ရှိကြောင်း သိရှိရသည်။
သို့သော် ကိုညီညီကဲ့သို့ လူငယ်များကို ခန့်ထားလိုသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်း။

လာမည့် ၂ နှစ်နီးပါးတွင် အလုံးအရင်း ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဝင်ရောက်လာမည့် ပြည်ပ ကော်ပိုရေးရှင်းကြီး များတွင် မြန်မာနိုင်ငံ သားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန် အတွက် အစိုးရက မူဝါဒရေးရာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တို့ကို ဖြည့်တင်းပေးချိန် တန်ပြီဟု ကိုညီညီ၏ အတွေ့အကြုံက မီးမောင်း ထိုးပြနေသည်။

အငတ်မပြေသော ပြင်ပသင်တန်းများ

ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်း အောင်လျှင် နည်းပညာတက္ကသိုလ် တက်ပြီး စက်မှုအင်ဂျင်နီယာကြီး ဖြစ်ရန် ကြိုးစားမည်ဟု ကိုညီညီတစ်ယောက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့ အင်ဂျင်နီယာ ဘွဲ့လက်မှတ်ရရှိပြီးချိန်တွင် လုပ်ငန်းခွင်နှင့် ရင်းနှီးသော အငွေ့အသက် မရှိသည့် အတွက် ပြင်ပသင်တန်းများ၏ အကူအညီကို အားကိုးခဲ့သည်။

ယင်းကြောင့်ပင် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ အလုပ်အကိုင် အခွင့်အလမ်း လွယ်ကူခြင်းနှင့် ဝင်ငွေကောင်းခြင်း တို့ကြောင့် လူငယ်အများ စုဆုံပြုံတိုးနေသော သင်တန်းများတွင် စာရင်းကိုင်သင်တန်း (LCCI/ACCA)၊ ကွန်ပျူတာ သင်တန်း၊ အင်ဂျင်နီယာ သင်တန်း၊ ဟိုတယ်နှင့် ခရီးသွားသင်တန်း အချို့နှင့် ဘာသာစကား သင်တန်းအချို့ တို့က ထိပ်ဆုံး၌ပါဝင်ခဲ့သည်။

"အခု အင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ် ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲ့နဲ့ စိတ်ဝင်စားတဲ့ အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင် သင်တန်းတွေ ထပ်တက်ရဦးမယ်" ဟု နေ့ကျောင်းတက္ကသိုလ် တက်နေသော တတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ပြည်တွင်းတွင် လာရောက်ဖွင့်လှစ် နေကြသည့် သင်တန်းများတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များက ပိုရွေးချယ်ကြ သည့်အတွက် အလုပ်အကိုင် လိုအပ် ချက်၊ သင်တန်း နှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ် ပြန်လည် ရောက်ရှိသွားနိုင်သည်။

သင်တန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးချက်တွင် အစိုးရ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့်အတွက် အချို့ သင်တန်းများက ထုတ်ပေးသော အသိအမှတ်ပြု လက်မှတ်များသည် လက်တွေ့ အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပ ကုမ္ပဏီမျိုးစုံ အလုံးအရင်း ဝင်ရောက် လာပါက အလုပ်အကိုင် လစ်လပ်နေရာများ အတွက် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများ ပိုမိုလိုအပ်သည်။

သို့သော် အလုပ်အကိုင်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းက လွှတ်တော်တွင်းမှာသာ ရှိနေသေးသည်။ မည်သည့်အချိန်တွင် အတည်ပြုလာပြီး
အစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းများ ဖွင့်လာနိုင်မည်ကို ကိုညီညီ အပါအဝင် ဘွဲ့ရရှိပြီးသား လူငယ်များ စောင့်ဆိုင်းရုံသာ ရှိသည်။

ပညာရေးစနစ် အားနည်းချက်

လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် တစ်ထပ်တည်း မရှိခြင်းသည် ပညာရေး နိမ့်ပါးမှုကြောင့် ဖြစ်ကြောင်း လက်ရှိမြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်နေသူတိုင်း ဝေဖန် ထောက်ပြထားသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဆုံးအဖြတ်နှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ကြားရ သည့်အတွက် ဝါသနာနှင့် တက်ရောက်သည့် ဘာသာရပ်တက္ကသိုလ်များ လွဲချော်လျက်ရှိကြောင်း အသက် ၂ဝ ဝန်း ကျင် လူငယ်အများစု ထံမှ ကြားနေရသည်။

ဝါသနာနှင့်ပညာရေး လွဲချော်မှု မရှိသော်လည်း လက်တွေ့သင်ကြားရမည့် အဆင့်မြင့် ပညာရေးပိုင်းတွင် လက်တွေ့ အားနည်းသည့် အတွက် ယုံကြည်ချက် ပျောက်နေသူ ကိုညီညီက အသက်အရွယ်တူ လူငယ်ပိုင်း တို့အတွက် တစ်ဆင့်လမ်းညွှန် ပေးရန် ခက်ခဲနေပြန်သည်။

ယခင်က မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ်၊ ဒေသကောလိပ် အဆင့်ဆင့် သင်ယူရသည့်အတွက် ပညာသင်ယူမှု ပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်ကြကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လို သူများသည် အသိအမှတ်ပြု လက်မှတ်ရရှိ ရေးအတွက် ဒေသကောလိပ်များတွင် တက်ရောက်ကြကြောင်း အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံတွင် မွေးဖွားသူ ရူပဗေဒပါမောက္ခ ဒေါက်တာဝင်းသာထွေး က ရှင်းပြသည်။
"ပညာရေး ပြောင်းမယ်ဆို လုပ်ငန်း ခွင်လက်မှတ် ပေးနိုင်တဲ့ပညာရေး စနစ်မျိုးလည်း ပြန်သွားရမယ်။ ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ" ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အမြုံ (Asean Economic Community) စတင်ရန် ရှိသေးသည့် အတွက် ပြည်တွင်းရှိ လုပ်ငန်းခွင် သင်တန်းကျောင်းများသည် အစိုးရ၏ အသိအမှတ်ပြု လက်မှတ်များ သာမက အာဆီယံအဆင့် အသိအမှတ်ပြုနိုင်သော အရည်အသွေး ထောက်ခံချက်များ လိုအပ်လာသည်။

ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနပိုင်းက ပြင်ဆင်နေသော်လည်း ပညာရေးဝန်ကြီး ဌာနပိုင်းက တက္ကသိုလ်ပညာရေး ကိုသာ အဓိကအားပေးဆဲ ရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

"ပညာရေးနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့မရဘူး။ လူငယ်တွေ ကိုယ်တိုင် က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတက်ဖြစ်မှာပါ" ဟု အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်ရှိ ဂျာနယ်လစ်ဇင် ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်း တက်ရောက် နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်လမ်းစ

ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ပညာရေး စနစ်သာမက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ လိုင်စင်ရ ရှိထားသော ကုမ္ပဏီ အရေအတွက်သည် တက္ကသိုလ်များမှ နှစ်စဉ်ဘွဲ့ရရှိပြီးသူ ဦးရေ နှင့်ယှဉ်ပါက လိုအပ်ချက်များစွာ ရှိသေးသည်။

ပညာရေးလက်မှတ် တစ်ပွေ့တစ်ပိုက် ကိုင်ဆောင်ထားသူ ကိုညီညီ၏ စိတ်ကြိုက် ရွေးချယ်ထားသော ကုမ္ပဏီက အတွေ့အကြုံ ရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏ မူဝါဒနှင့် အလုပ်လိုအပ်ချက် နည်းပါးမှုပေါ် တို့တွင် မူတည်ကြောင်း သာမန်လူငယ် တစ်ယောက်အနေနှင့် မတွေးတတ်ချေ။

"လက်မှတ်(Certificate)တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင် နဲ့ တကယ်အံဝင်ခွင်ကျ ဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့အခါ ကျတော့ ကုမ္ပဏီက သင်တန်းပြန်ပေး တော့ အချိန်ပိုကုန်တယ်" ဟု KME Engineering & Trading ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးရန်အောင်က ပွင့်လင်းစွာ ပြောကြားသည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင် နှင့် ဝန်ထမ်းများ ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ် နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယနှစ်နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရန် ပြဋ္ဌာန်းထားသည်။

အဆိုပါလူငယ်များ၏ အလုပ်အကိုင် လိုအပ်ချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာပါက အတန်သင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ သို့သော် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံ အတွက်မူ လုပ်သားဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။

ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဒေသတွင်း လုပ်သား စီးဆင်းမှု နည်းပါးလာရန် နိုင်ငံသား ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး စီမံချက် ဇယားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ နှစ်စဉ်တင်သွင်းရန် ထည့် သွင်းထားသည်။

သို့သော် ပြည်ပကုမ္ပဏီများ ဝင်ရောက်မှု နည်းပါးချိန် ပြည်တွင်းကုမ္ပဏီ စုစုပေါင်းကလည်း ၃၅,၈၂၉ သာ ရှိသေးသည့်အတွက် နှစ်စဉ် တက္ကသိုလ်အသီးသီးမှ မွေးထုတ်နေသော ဘွဲ့ရလူငယ် သောင်းချီ၏ အလုပ်အကိုင် ရရှိမှု အခက်အခဲက ပြေလည်မှု မရှိသေးချေ။

ကြိုးစဆွဲထုတ်မည့် လူငယ်များ

အထုံးမဖြေသေးသော ပြဿနာ များနှင့် ရင်ဆိုင်နေရသည့် လူငယ်များ အတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေး အတွက် မည်သည့်သင်တန်းမဆို တက်ရောက်ကြတော့မည်။

ယင်းသို့ သင်တန်းများ တက်ရောက် ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍပိုင်း၏ အဖြေထုတ်ပြန်ချိန် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း)သည် တရွေ့ရွေ့ နီးကပ်လာပြီး အလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသူ လူငယ်များအတွက် ရင်ခုန်နှုန်းက တဒိတ်ဒိတ်မြန်လာသည်။

တစ်ဖက်တွင်လည်း ပြည်တွင်း စီးပွားရေးချိန်ကိုက်ဗုံး၏ ကြိုးစ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ)ကို အစိုးရက အတည်ပြု မီးညှိပြီးသည့်အတွက် တက္ကသိုလ် ဘွဲ့ရလူငယ်များ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ရန်သာ လိုအပ်တော့သည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်း အတွက် လေ့ကျင့် ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေ ကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက် စီးပွားရေး ပညာရှင်ချုပ်က The Voice နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထောက်ပြသုံးသပ် ခဲ့ဖူးသည်။
ကြိုးအထုံးဖြေရန် ယုံကြည်မှု ပျောက်နေသောလူငယ်များ လူဦးရေကျိန်စာ မသင့်ရေး ပညာရေးနှင့် အလုပ်အကိုင် ပူးတွဲချိတ်ဆက်ရပါမည်။

ဘွဲ့ရပြီးစ ပထမဆုံးအလုပ်တွင် ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံအပေါ် ရင်ခုန်ခဲ့ဖူးသည့် ကိုညီညီသည် အင်တာဗျူး တွင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံရမှု အတွက်လည်း စိတ်ကုန်ခဲ့ရသည်။ အင်တာဗျူးခန်းက ထွက်ပြီးပြီးချင်း "ဘာအလုပ်မှ ထပ်မလုပ်တော့ဘူး" ဟု စိတ်အား လျှော့ချလိုက်သည်။
ရဲဇွန်အောင်၊ လဲ့ရည်မြင့်
The Voice Weekly

တစ်ခန်းမရပ် ခွေးဇာတ်လမ်း

ခြံနားနီးလေ တဝုတ်ဝုတ် ဟောင်နေသော ခွေးဟောင်သံများ ပိုကျယ်လာလေ ဖြစ်သည်။
နှာခေါင်းထဲသို့ ချဉ်စူးစူး အနံ့များလည်း တိုးဝင်လာသည်။ သစ်သား လှောင်အိမ် အကြီးစားကြီးထဲမှ အရောင်စုံ ပုံစံစုံ ခွေးများ။ ဝက်ခြံ၊ ဆိတ်ခြံများ အနီးမှ ခွေးခြံ။ သိပ်မကြာခင် အဆိုပါ လှောင်ခြံကြီး အတွင်းမှ ခွေးများ မူဆယ်မြို့သို့ ရောက်ရှိသွားတော့မည်။

အဆိုပါ ခွေးလှောင်ခြံမှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့စွန်ရှိ လူနေအိမ်များအနက် နေအိမ် တစ်အိမ်တွင် တည်ရှိသည်။ ခွေးအကောင် ၁၇၀ နီးပါး လှောင်ထားသည်။

ယင်းကဲ့သို့ ခွေးများ ဖမ်း၍ တစ်ဖက်နိုင်ငံသို့ တင်ပို့နေသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ခွေးဖမ်း လုပ်ငန်း လုပ်ကိုင်သူ၏ မိသားစုဝင် တစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သော်လည်း လူသိနည်းသော ထိုခွေး အရောင်းအဝယ်လုပ်ငန်းမှာ အိမ်မွေး ခွေးတစ်ကောင် ပျောက်၍ လိုက်ရှာရာမှ တစ်ဆင့် မီးခိုးကြွက်လျှောက် အကျယ်အကျယ် ဖြစ်လာသည်။

မန္တလေးသူ ဒေါ်စောယုအေး တစ်ယောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ၎င်းမွေးထားသော ဗမာခွေး အမျိုးအစား ခွေး ပျောက်သွားသည့်အတွက် လိုက်ရှာရင်း မိတ်ဆွေ တစ်ယောက်၏ အကူအညီဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပလိပ်ဘက်ရှိ ခွေးလှောင်ခြံ တစ်ခြံ၌ ၎င်းခွေးကို ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့သည်။
“အိမ်မှာ လေးကောင်၊ ဆိုင်မှာ လေးကောင်၊ အားလုံးပေါင်း ရှစ်ကောင် ရှိတယ်။ ဆိုင်မှာထားတဲ့ခွေး ပျောက်သွားတာ” ဟု သူက ဆိုသည်။

ခွေးကို တွေ့သော်လည်း ဒီအတိုင်း ပြန်ခေါ်၍ မရ။ ကျပ် သုံးထောင်နှင့် ၎င်း၏ ခွေးလေးကို ပြန်ရွေးခဲ့ ရသည်။ သူ့ခွေးနှင့်အတူ အခြား ခွေးများကိုလည်း ယင်းခွေးလှောင်ခြံတွင် တွေ့ရသည့်အတွက် စားစရိတ်၊ သယ်စရိတ် အပါအဝင် တစ်ကောင်လျှင် ကျပ် ခုနစ်ထောင်ဖြင့် ခွေး အကောင် ၆၀ ကို ပြန်ရွေး ကယ်တင်ခဲ့သည်ဟု ဒေါ်စောယုအေးက ပြောဆိုသည်။

ရွေးလာသော ခွေးများကို ပခုက္ကူခရိုင် ရေစကြိုမြို့ရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံတွင် ထားရှိလျက်ရှိပြီး ကျန်ခွေးများကို ကယ်တင်ရန်အတွက် ရန်ကုန်မှ ခွေးချစ်သူ တစ်ဦးဖြစ်သူ မမြတ်သက်မွန်နှင့် ချိတ်ဆက်မိကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လှောင်ထားခံရသော ခွေးများကို ကယ်တင်ရန်အတွက် ခွေးချစ်သူ မမြတ်သက်မွန် ကြိုးစားနေသည်။ ခွေးလှောင်ခြံထဲတွင် ကျွေးထားသော အစာကို ခွေးများစား မစား စူးစမ်းကြည့်နေရင်း လှောင်ချိုင့် ထဲက ခွေးများ သူနှင့်အတူ ရန်ကုန်ကို မပါမချင်း မန္တလေးမြေက မခွာဘူးဟု မမြတ်သက်မွန် က ဆိုသည်။
အဆိုပါ လှောင်ထားသည့် ခွေးများကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့တွင် ခွေးခြံ တည်ဆောက်ပြီး ကယ်တင်ထားမည်ဟု ၎င်းက အားကြိုးမာန်တက်ဖြင့် ဆိုသည်။

ခွေးလေ ခွေးလွင့်များကို အဆိပ်ချကျွေးခြင်း၊ တရုတ်နိုင်ငံသို့ ရောင်းစားခြင်းများကို လုံးဝ လက်မခံနိုင် ကြောင်း မမြတ်သက်မွန်က ပြောဆိုသည်။
“ရန်ကုန်မှာ အစ်မခြံထဲမှာ အနှိပ်စက်ခံထားရတဲ့ ခွေး၊ အဆိပ်မိထားတဲ့ခွေးတွေ စောင့်ရှောက်ထားတာ အကောင် ၅၀ လောက်ရှိတယ်။ ခွေးတွေ ဘာဖြစ်တယ်ဆိုတာ ကြားတာနဲ့ လိုက်ပြီး ကယ်တယ်။ ကာကွယ်ဆေးတွေ ထိုးပေးတာ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

အိမ်မွေး တိရစ္ဆာန် ဖြစ်သည့်အတွက် ခွေးများကို စားသောက်ကုန်အဖြစ် ရောင်းချခြင်းကို လက်မခံနိုင် ကြောင်း၊ တရားဝင် ရောင်းချခွင့် ပေးထားသည် ဆိုသော်လည်း ခွေးများကို ညှဉ်းပန်း နှိပ်စက်ပြီး ပို့ဆောင်ခြင်းများ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်း (မန္တလေး) မှ တွဲဖက် အတွင်းရေးမှူး ဒေါက်တာကျော်ထင်က ပြောကြားသည်။

“စည်ပင်အနေနဲ့ကတော့ ကိုယ့်သဘောနဲ့ကိုယ် ခွေးလေခွေးလွင့် ရှင်းတာမျိုး မလုပ်ဘူး။ ရပ်ကွက်တွေ က တောင်းဆိုလို့ ရှင်းပေးခဲ့တာချည်းပဲ။ ခွေးလေခွေးလွင့် ရှင်းတဲ့နည်းကတော့ အမဲသားနဲ့အဆိပ်ချပြီး ကျွေးတယ်။ မနက်ကျ ကားနဲ့ လိုက်သယ်တယ်” ဟု ခွေးလေခွေးလွင့် ရှင်းလင်းပုံနှင့် ပတ်သက်ပြီး စည်ပင်၏ လုပ်ထုံးလုပ်နည်းများကို မန္တလေးစည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

တရုတ်သို့ တင်ပို့သည့် ခွေးများမှာမူ ခွေးဖမ်းပေးရန် အကူအညီ တောင်းကြရင်းမှ စတင်သည်ဟု ဆိုရမည်။

ခွေးလေခွေးလွင့်များ ဖမ်းဆီးရန်အတွက် မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မိုးကုတ် စသည်တို့က လာရောက် အကြောင်းကြားပြီး တစ်ခါဖမ်းလျှင် အကောင် ၃၀ မှအကောင် ၅၀ ကြား ရတတ်ကြောင်း ခွေးဖမ်းပေးသည့် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

“မိတ္ထီလာမြို့ကဆိုရင် လေကြောင်းနဲ့ ဆိုင်တဲ့ တပ်က ခွေး လာဖမ်းခိုင်းကြတယ်။ လေယာဉ်တွေနဲ့ ခွေးတွေနဲ့ တိုက်မိရင် လေယာဉ် ပျက်စီးမှာစိုးလို့ မကြာခဏ လာဖမ်းခိုင်းကြတယ်။ ဇီးပင်ကြီး သင်တန်းကျောင်းကိုလည်း သွားဖမ်းပေးရတယ်။ လစဉ် ပုံမှန်တော့ မရှိပါဘူး။ ခွေးတွေ များနေတယ် ဆိုရင် ခေါ်ဖမ်းခိုင်းလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးလေ ခွေးလွင့်များကို လှောင်အိမ်ထဲတွင် ကျွေးမွေး ဖမ်းဆီးထားပြီး မူဆယ်သို့ တင်ပို့ ရောင်းချမှု ရှိကြောင်း ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးများကို ဆန်ပြုတ်နှင့် ငါးပိ၊ အမဲရိုးများနှင့် ကျွေးမွေးပြီး စရိတ်မှာ တစ်ရက်လျှင် ကျပ်တစ်သောင်းခန့် ကုန်ကျမှု ရှိကာ သယ်ယူစရိတ်နှင့် ကျွေးမွေးစရိတ် ပေါင်းလျှင် ခွေးတစ်ကောင် လျှင် ကျပ် ၇၀၀၀ ခန့် အရင်းအနှီး ရှိကြောင်း ၎င်းက ပြောဆိုသည်။

“တချို့ဆို ကိုယ့်အိမ်မှာ ဆိုးတဲ့ ခွေးတွေ၊ ပိုနေတဲ့ ခွေးတွေ၊ ကြက်ကိုက် ဝက်ကိုက် ခွေးတွေ လာရောင်းကြတာ ရှိတယ်။ တစ်ကောင်ကို ၂၅၀၀ ကျပ်နဲ့ ဝယ်ပြီး လှောင်အိမ်ထဲ ထည့်မွေးထား တယ်” ဟု ပလိပ်မြို့မှ ခွေး အရောင်းအဝယ် လုပ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံတွင် ခွေးသား စားသည့် အလေ့အထ ရှိသဖြင့် ပြည်တွင်းမှ ခွေးလေခွေးလွင့်များကို တင်ပို့ ရောင်းချသည့် ဈေးကွက် တစ်ခု ရှိသည့်အတွက် ခွေးဖမ်းသည့်အပြင် ဝယ်ယူနေခြင်း ဖြစ်ကြောင်း ခွေးအရောင်းအဝယ် လုပ်သူ တစ်ဦးက ပြောဆိုသည်။
“ကိုယ့်အိမ်က ခွေးတွေ ဆိုးနေတယ်၊ များနေတယ်ဆိုရင် တစ်ကောင် ဆန်တစ်ပြည်ဖိုးပဲ ရရဆိုပြီး နီးစပ်ရာ ရွာတွေက လာရောင်းကြတာ ရှိတယ်” ဟုလည်း ၎င်းက ဆိုသည်။

ပလိပ်မြို့တွင် ခွေးခြံ သုံးခုခန့် ရှိပြီး လက်ရှိ လုပ်ကိုင်နေသူမှာ တစ်ဦးတည်းသာ ရှိကြောင်း ဒေသခံများ က ပြောကြားသည်။

“ဒီအလုပ်က ပိုက်ဆံလည်းရလို့၊ တခြားလုပ်ငန်းလည်း မလုပ်တတ်လို့ ခွေးရောင်းတဲ့ အလုပ်ပဲ လုပ်တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ခွေးဖမ်းတယ်၊ မူဆယ်ကို ပို့တယ်” ဟု ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အမျိုးသမီးက ဆိုသည်။

တရုတ်ပြည်သို့ ရောင်းချရာတွင် ခွေးအရွယ်အစားပေါ် မူတည်ကာ တစ်ကောင်လျှင် ဈေးအများဆုံး ကျပ်နှစ်သောင်းခန့်ထိ ဈေး ရရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ခွေးလေ ခွေးလွင့်များနှင့် ဝယ်ယူထားသည့် ခွေးများကို မူဆယ်သို့ တရားဝင် လိုင်စင်ဖြင့် တင်ပို့ ရောင်းချမှု ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါပါက မည်သည့်တိရစ္ဆာန်မဆို ပို့ကုန်လိုင်စင် ထုတ်ပေးမှု ရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

ယခင်က အေးခဲ အမဲသားများ တရားဝင် တင်ပို့မှု ရှိခဲ့ပြီး ခွာနာလျှာနာရောဂါကြောင့် မြန်မာနိုင်ငံမှ တရုတ်သို့ နွားတင်ပို့မှု လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သော်လည်း နွားများ အကောင်လိုက် မူဆယ်သို့ တရားမဝင် လမ်းကြောင်းမှ တင်ပို့ ရောင်းချမှု ရှိသည်ကို တွေ့ရဆဲ ဖြစ်ကြောင်း မူဆယ်-မန္တလေး တရားမဝင် ကုန်စည်သယ်ဆောင်မှု စစ်ဆေးရေးအဖွဲ့ Mobile Team အဖွဲ့ထံမှ သိရသည်။

“တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမှာကို ခွေးသားကင် ရောင်းတာ ရှိတယ်။ အဲဒီက စားကြတယ်” ဟု ရွှေလီမြို့သို့ ရောက်ရှိခဲ့သူ သတင်းသမား ကိုမျိုးကျော်က ပြောဆိုသည်။

ယင်းသို့ တရုတ်နိုင်ငံသို့ ခွေးများ တရားဝင် တင်ပို့မှု ရှိနေသော်လည်း အခြားတစ်ဖက်တွင် ခွေးများ ယခုကဲ့သို့ တင်ပို့ မခံရရေး လုပ်ဆောင်မှုများလည်း ရှိသည်။

ခွေးများ ယင်းသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိစေရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကန့်ကွက်စာ တင်ရန် အစီအစဉ်ရှိကြောင်း ခွေးချစ်သူများက ပြောကြားသည်။

“စည်ပင်ဌာနကနေ ခွေးတွေကို နယ်စပ်ပို့ပြီး ရောင်းဖို့ လူငှားပြီး ဖမ်းခိုင်းတာမျိုး မရှိဘူး။ အန္တရာယ်များ လို့ ရှင်းတာမျိုးပဲ ရှိတယ်။ အခုလို ခွေးတွေ ဖမ်းပြီး ရောင်းစားတာတွေ ရှိနေတာက နယ်စပ်စည်ပင် အုပ်ချုပ်မှုနဲ့လည်း ဆိုင်တယ်” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

အများပြည်သူများအတွက် အန္တရာယ်ရှိစေသည်ဟု ဆိုသော ခွေးလေ ခွေးလွင့်များကို ခွေးဂေဟာများ ထားရှိပြီး မွေးမြူပေးထားရန် လိုအပ်ကြောင်း ဒေါက်တာ ကျော်ထင်က ထောက်ပြ ပြောဆိုသည်။

ဒေါ်စောယုအေး၊ မမြတ်သက်မွန် အပါအဝင် ခွေးချစ်သူများ ဇူလိုင်လ ၂၄ ရက်နေ့တွင် မန္တလေး မြို့တော်၌ သတင်းစာ ရှင်းလင်းပွဲ လုပ်အပြီး အဆိုပါ ခွေးများကို လှောင်ခြံထဲထည့် မွေးမြူထားသည့် ပလိပ်ရှိ ခွေးလှောင်ခြံကို ဝင်ရောက် စစ်ဆေးမှု တစ်ခု ပေါ်ပေါက်လာခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်နေ အိမ်ခြံဝင်းအတွင်းသို့ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေရာ လိုင်စင်မဲ့ ယာဉ်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့် ခွေး ၁၇၀ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ သိမ်းဆည်းရာတွင် ခွေး ၁၇၂ ကောင်၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ သစ်ပြန်စိတ်စက် တစ်လုံးတို့ကို ရှာဖွေ သိမ်းဆည်းခဲ့ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ခုနှစ်မှ စတင်ကာ ဆိုင်ရာဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ခွေးလေခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရှိရသည်။

ယင်းခွေးလေ ခွေးလွင့်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် အကောက်ခွန် ဌာနတွင် ခွေး တစ်ကောင်လျှင် ၄၀၀၀ ကျပ် အခွန် ပေးဆောင်ပြီး တစ်ဖက်နိုင်ငံ ကြယ် ဂေါင်သို့ တင်ပို့ ရောင်းချရာ၌ တစ်ကောင်လျှင် တရုတ်ယွမ်ငွေ ၅၀ မှ ၈၀ ယွမ် (မြန်မာ ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ) ရှိကြောင်း ယင်းဈေးကွက်အရ သိရှိရသည်။

ဦးထွန်းလင်းသည် ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၀ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်း ထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ဇူလိုင် ၃၁ ရက်နေ့တွင် သိရှိရသည်။

အဆိုပါ ခွေး ၁၇၀ ကောင်မှာ ယနေ့အချိန်ထိ ပလိပ်ရှိ ခွေးလှောင်ခြံအတွင်းတွင် ရှိနေသေးသည်။ ထိုခွေးများအတွက် အစားအစာနှင့် အဆောက်အအုံဆောက်ရန် ငွေကြေး အခက်အခဲများလည်း ဖြစ်နေသည်။

ခွေးချစ်သူများ အနေနှင့် ငွေကြေး လှူဒါန်းလိုပါက မမြတ်သက်မွန် (၀၉-၅၁၈၉၁၉၈) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုလက်ရှိတွင် လှောင်ခြံထဲက ထိုခွေးများကို မမြတ်သက်မွန်က ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရန် ကြိုးစားနေဆဲ ဖြစ်သည်။ များပြားလှစွာသော ထိုခွေးများအတွက် ရှေ့ခရီးတွင် အခက်အခဲများစွာ ရှိနေသေးသည်ဟု ဆိုရမည်။

သစ်သား ခြံစည်းရိုးကို ကုတ်ခြစ်နေသံများ၊ ဟောင်နေသံများမှာ အစာကျွေးချိန်တွင်တော့ တဒင်္ဂ ငြိမ်သွားခဲ့သည်။ ဆာလောင်နေသော ခွေးများမှာ ၎င်းတို့ကို ကျွေးသော အစားအစာများကို အငမ်းမရ စားသောက်နေကြသည်။ လုစားရန် ကြံသော ခွေးအချင်းချင်း မာန်ဖီနေသံများလည်း ကြားရသည်။ ထိုခွေးလှောင်ခြံအတွင်းမှ ခွေးများ၏ အနာဂတ်မှာမူ မသေချာ၊ အခက်အခဲများစွာ ရှိနေဦးမည်သာ ဖြစ်သည်။
(မယ်တင့်၊ ခန့်ခန့်)
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com