မြန်မာနိုင်ငံမှာ သဘာဝအင်းအိုင် ခမ်းခြောက်လာခြင်းနဲ့ ငါးမွေးသူတွေအနေနဲ့ကလည်း မွေးမြူတာကို လျော့ချလာတာကြောင့် ထုတ်လုပ်မှုလျော့နည်းသွားပြီး ဈေးကွက်မှာ ဈေးနှုန်းတွေ
မြင့်တက်နေတယ်လို့ သိရပါတယ်။
ငါးမွေးမြူသူတွေအနေနဲ့ နှစ်ရှည်မွေးမြူရတဲ့ ငါးမျိုးတွေကြောင့် ကုန်ကျစရိတ်အတွက် တွက်ချေကိုက်မှု မရှိဘဲ ငါးသားပေါက်ထည့်သွင်းမှု လျော့နည်းသွားပြီး ငါးအထွက်နှုန်းလျော့နည်းသွားတဲ့အတွက် လက်ရှိမှာ ငါးဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်းနှင့် မွေးမြူတဲ့အချိန်တိုအတွင်းမှာ ဈေးကွက်တင်ပို့နိုင်တဲ့ ငါးမျိုးတွေကို မွေးမြူထုတ်လုပ်ကာ ဈေးကွက်ရှာဖွေနိုင်ပါက လက်ရှိအခက်အခဲများအားလုံး အဆင်ပြေသွားနိုင်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်
ဒေါ်တိုးနန္ဒတင်က အခုလို ပြောဆိုပါတယ်။
မြန်မာ့ခေတ်
အချိန်တိုအတွင်း ဈေးကွက်ထဲတင်ပို့နိုင်မည့် ငါးမျိုးများ မွေးမြူထုတ်လုပ်ရန်လိုအပ် (ရုပ်/သံ)
Labels:
ရုပ်သံမှတ်တမ်း