http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပံတောင်းတောင် ထွန်တုံးတိုက်ပွဲဝင်သူများ ထောင်ဒဏ်ချမှတ်၊ ကူညီသူတစ်ဦး ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခံရ

ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၀ ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများကို ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် တရားရုံးမှ ယခုလ ၈ ရက်တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ရာ ယင်းတို့အထဲတွင် ပါဝင်သူတစ်ဦးမှာ ထောင်ဒဏ် ၁၁နှစ်ထိ ချမှတ်ခံရသည်ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ဒေသခံ ဆည်တဲရွာသားနှစ်ဦးနှင့် ရန်ကုန်မှ ထွန်တုံးတိုက်ပွဲကူညီရန်သွားခဲ့သူတစ်ဦးဖြစ်သည်။ အမိန့်ချမှတ်ခဲ့ရာတွင် ဆည်တည်းရွာသား နှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)၊ ပုဒ်မ(၁၄၃) (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု ပုဒ်မ (၅၀ဝ)၊ ပုဒ်မ(၃၃၂)၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)တို့ဖြင့် ထောင်ဒဏ် နှစ်နှစ် ခြောက်လချမှတ်ခဲ့သည်။ ထွန်တုံး တိုက်ပွဲဝင်ရန်ကူညီသူ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကို ထောင်ဒဏ် ၁၁ နှစ် ခြောက်လချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဥပဒေပညာရှင် ဦးစောကျော်ကျော်မင်းက မဇ္ဈိမကိုပြောသည်။

လျော်ကြေးငွေ မယူထားသော လယ်ယာမြေများတွင် လယ်ထွန်သည့်အတွက် ဧပြီလ ၂၅ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ထိုနေရာတွင်ရောက်ရှိနေသော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့် ဆည်တည်းရွာမှ လယ်သမားနှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြစ်ဒဏ်ချမှတ်လိုက်သော်လည်း မိမိဘက်မှ ခုခံကာကွယ်ပြောဆိုပိုင်ခွင့်မရကြောင်း ၎င်းတို့၏ရှေ့နေကပြောသည်။

ရှေ့နေ ဦးအောင်သူရိန်ထွန်းက “ပါဝါလည်းရရော သူတို့ကို အမိန့်ချဖို့ အသင့်ဖြစ်နေပြီ။ ကျွန်တော့်ဘက်က ဘာမှကာကွယ် ပြောဆိုခွင့်မရခဲ့ဘူး”ဟု ဆိုသည်။

ဆည်တည်းရွာဟောင်းမှ ဒေသခံတစ်ဦးက “မေလထဲတုန်းက တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာတဲ့စာထဲမှာ ကိုအောင်စိုး ဆိုသူကို အမှုသုံးမှုနဲ့ ထောင်ဒဏ် တစ်နှစ် နဲ့ ခြောက်လချမှတ်ခဲ့ပြီး ကျန်အမှုငါးမှုအတွက်လည်း ဆက်လက်ပြီး စစ်ဆေးနေတယ်ဆိုတာ ရေးသားထားပါတယ်။ ဒေသခံရွာသား နှစ်ဦးကိုတော့ အဲ့ဒီတုန်းကခြောက်လစီ အမိန့်ချထားခဲ့တယ်လို့ သိရပါတယ်”ဟု ပြောသည်။

ပြစ်ဒဏ်ချခံရသူ သုံးဦးကို ဇွန်လ ၂ ရက်ကပင် ပြစ်ဒဏ်များ အသီးသီးချမှတ်ထားပြီးလည်းဖြစ်ရာ ယခုတစ်ကြိမ်နှင့်ပေါင်းပါက ကျခံရသည့်ပြစ်ဒဏ် များသွားခြင်းဖြစ်သည်။ ဇွန် ၂ ရက်က ပြစ်ဒဏ်များတွင် ၄င်းတို့ကို ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ၄၄၇ (စီမံကိန်း ဧရိယာအတွင်းကျော်နင်းမှု)၊ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု)၊ ၃၄ (အကြံအစည်တစ်ခုကို အထမြောက်စေရန် တစ်ဦးထက်ပိုသော လူများစုဝေးမှု) စသည့် အမှုများနှင့် ဆားလင်းကြီးတရားရုံးတွင် အမှုဖွင့်ထားခဲ့ပြီး ထောင်ဒဏ်ခြောက်လမှ တစ်နှစ်ခွဲအထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည်။

ယင်းအမှုကို ဆားလင်းကြီးမြို့နယ် တရားရုံး၌ ကြားနာစစ်ဆေးမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ဟု သက်ဆိုင်ရာမှ ယုံကြည်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၂၆ အရ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ ၎င်းအမှုများအား ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တရားရုံးသို့ပြောင်းရွှေ့ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံနေရသူများအတွက် ရွှေဘိုခရိုင်တရားရုံးသို့ အယူခံဝင်မည်ဟုလည်း ၎င်းတို့၏ရှေ့နေက ပြောသည်။
ကိုတိုးကြီး (မုံရွာ) ၊ ခိုင်ခိုင်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com