http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကုန်မြို့လယ်ရှိ အပေါင်ဆိုင် တစ်ခုတွင် လုယက်မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့တော်၏ လူအစည်ကားဆုံး နေရာများတွင် ပါဝင်သည့် ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်း လမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ ဝှါရှင် အပေါင်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်း ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က အဆိုပါ အပေါင်ဆိုင်သို့ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး ရွှေ ဟန်းချိန်း၊ ရွှေဆွဲကြိုး နှစ်ခုပေါင်း အလေးချိန် နှစ်ကျပ်သား ရွှေထည်များကို လာရောက် ပေါင်နှံရာ ဝန်ထမ်းများက ရွှေကို မှတ်ကျောက်တင်ခဲ့ပြီး ကျပ် ၁၃ သိန်းဖြင့် ပေါင်နှံရန် သဘောတူခဲ့ကြောင်း၊ ပိုက်ဆံ ရေတွက်နေစဉ် အဆိုပါ အမျိုးသား နှစ်ဦးအနက် တစ်ဦးက ဖုန်းပြော ပြီးနောက် ကျပ် ၁၅ သိန်းရမှသာ ပေါင်နှံမည်ဟု ပြောင်းလဲ ပြောဆိုကာ ရွှေထည်များကို ပြန်လည် တောင်းခဲ့ကြောင်း၊ ၎င်းတို့ကပင် ထပ်မံ ၁၃ သိန်းဖြင့် ပေါင်နှံရန် သဘောတူ ခဲ့သဖြင့် ရွှေထည်များကို ပြန်လည် ချိန်တွယ် မှတ်ကျောက် တင်ရာတွင် အလေးချိန်နှင့် ပုံသဏ္ဌာန် တူညီသော်လည်း ရွှေအတုများ ဖြစ်နေကြောင်း ဆိုင်ဝန်ထမ်းများ သိရှိချိန်တွင် ငွေကျပ် ၁၃ သိန်းအနက် ၁၀ သိန်းကို လုယူ ထွက်ပြေးခဲ့ကြောင်း အဆိုပါ ဆိုင် ဝန်ထမ်းများ၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ငွေလုယူ ထွက်ပြေးသောကြောင့် ဆိုင်ဝန်ထမ်းများက ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းသဖြင့် အနီးရှိ လူများက ဝိုင်းဝန်း ဖမ်းဆီးရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက် တွင် နေထိုင်သူ အသက် ၃၈ နှစ် အရွယ် ဦးအောင်ဇော်မြင့်ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ရှေ့တွင် ဖမ်းမိပြီး သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်သူသည် ငွေကျပ် ၁၀ သိန်းနှင့် အတူ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပန်းဘဲတန်း ရဲစခန်းထံ စုံစမ်း သိရှိရသည်။

အဆိုပါ လုယက်မှုကို (ပ) ၂၁၂ /၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အပေါင်ဆိုင် လုယက်မှု အပါအဝင် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် လုယက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

ငွေလုယက်သည်ဟု စွပ်စွဲခံရသူ ဦးအောင်သူကို ၎င်းတို့နှစ်ဦး ပြန်လည်တွေ့ ဆုံရန် ချိန်းဆိုထားသည့် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အနီးရှိ အရက်ဆိုင်တွင် စုံစမ်းလျက်ရှိပြီး ကျန်ရှိနေသူကို ဖမ်းမိရန် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရဲစခန်းထံမှ သိရသည်။

လုယက်မှုနှင့် ပတ်သက်၍ ဝှါရှင် အမိန့်ရ အပေါင်ဆိုင်သို့ မေးမြန်းရာ ဆိုင်ဝန်ထမ်း တစ်ဦးက ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင်သာ သွားရောက် မေးမြန်းပါရန် ပြန်လည် ပြောကြားသည်။

ဇူလိုင်လ ၁ ရက် ညပိုင်းက အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်း ရှိ ခြောက်ထပ်တိုက်၏ တိုက်ခန်း တစ်ခုတွင် အမျိုးသမီးငယ် တစ်ဦးနှင့် အိမ်အကူ အမျိုးသမီး နှစ်ဦး ရှိနေချိန်တွင် လူငါးဦး အဖွဲ့မှ လူနှစ်ဦးက အိမ်ထဲသို့ ဝင်လာပြီး မဲဖိုးငွေ ကျပ်သိန်း ၃၀ တောင်းခံရာ အမျိုးသမီးငယ်က မရှိကြောင်း ပြောသဖြင့် အိမ်တွင်းရှိ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ငွေ အပါအဝင် ကျပ် ၁၈ သိန်း လုယူ ထွက်ပြေးခဲ့ပြီး အိမ်ဖော် အမျိုးသမီး နောက်ကျောတွင် ဓားဒဏ်ရာ တစ်ချက်၊ အပေါ်သွား နှစ်ချောင်း ကျိုး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဇူလိုင်လ ၆ ရက် ည ၁၂ နာရီခန့်က တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်း နှစ်ထပ်တိုက် တစ်လုံးတွင် အမျိုးသမီးငယ် တစ်ဦးတည်း ရှိနေချိန် အုပ်စုလိုက် လာရောက်ကာ ၎င်းတို့ထဲမှ လူငယ် တစ်ဦးက ဝက်အူလှည့်ဖြင့် ထောက်ကာ ငွေကျပ် သုံးသိန်းနှင့် ကိုးသောင်းကို လုယက်ခဲ့သည်။
ဟိန်းမြတ်စိုး၊ ခိုင်စိုးလင်း
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com