http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံတကာရှိ ၈၈ မျိုးဆက်များ၏ ၂၅ နှစ်မြောက် ပထမဆုံးအကြိမ် ညီလာခံ အမေရိကန်နိုင်ငံတွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၁။
နိုင်ငံတကာရှိ ၈၈ မျိုးဆက်များ၏ ၂၅ နှစ်မြောက် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ညီလာခံကို အမေရိကန်နိုင်ငံ အင်ဒီးယန်းနားပြည်နယ်ရှိ ဖို့စ်ဝေးတက္ကသိုလ်တွင် လာမည့် ဇူလိုင် ၅ ရက်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသား ကိုမောင်မောင်ကျော်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းပွဲ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ၂၅ နှစ်အတွင်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခြင်းဖြစ်ပြီး နောင်အနာဂတ်အတွက် လုပ်ဆောင်ဖွယ်ရာများကို ဆုံးဖြတ်ချက်တစ်ခုအနေဖြင့် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၈၈ ဆိုတာ မျိုးဆက်က တစ်ခုတည်း ရှိပါတယ်။ ၈၈ မျိုးဆက်တိုင်းဟာ ဒီမိုကရေစီ အရေးကိုပဲ တောင်းပါတယ်။ ဒီမိုကရေစီ အရေးကို မတောင်းတဲ့ ၈၈ မျိုးဆက်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့တွေ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်တဲ့အခါ တစ်ကြိမ်တစ်ခါတုန်းကတော့ တလှေတည်းစီးပြီး တခရီးတည်းသွားခဲ့ကြတယ်။ ခုချိန်မှာ တလှေတည်းစီးပြီး မသွားကြပေမယ့် တခရီးတည်း သွားနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ တစ်ခုတည်းပါပဲ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယင်းညီလာခံတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းများမှ ၁၂ ဦး ဖိတ်ကြားခြင်းခံရပြီး
တစ်ဦးတစ်ယောက်ချင်း ဖိတ်ကြားခံရသည်လည်း ရှိကြောင်း၊ လက်ရှိတွင် ယင်းညီလာခံသို့ မြန်မာနိုင်ငံမှ ၆ ဦး တက်ရောက်မည်ဟု သိရှိရပြီး မည်သူ တက်ရောက်မည်ဆိုသော စာရင်း အတိအကျကိုမူ မသိရသေးကြောင်း ညီလာခံကော်မတီမှ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

“ခုလောလောဆယ်တော့ သွားတဲ့သူတွေလည်း သွားနေကြပါပြီ။ ကိုဘသက်အောင်တို့၊ ကိုထွန်းကြည်တို့တော့ သွားပြီလို့ သိရတယ်။ ဒီနေ့ပဲ ဦးသိန်းထွန်းလည်း သွားမယ်လို့ သိရတယ်ခင်ဗျ။ ဘယ်သူတွေ တက်မယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ ကျွန်တော်လည်း ဟိုရောက်မှပဲ
သိရမှာ”ဟု ၎င်းက ပြောသည်။

ယင်းညီလာခံကို ညီလာခံ ကော်မတီအနေဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၃ ရက်ကြာ  ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ထိုင်း၊ ဖင်လန်၊ သြစတေးလျ၊ နယူးဇီလန် စသည်တို့မှ ၈၈ မျိုးဆက် ကိုယ်စားလှယ်ပေါင်း ၃၅၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများမှလည်း ယင်းညီလာခံအတွက် သဝဏ်လွှာများ ပေးပို့ထားကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com