ရန်ကုန်၊ မတ် ၁၁။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မaတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင်ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ်ကြောင်း မေသန်းနု ထံမှ သိရသည်။
အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေးထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။
“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်းအသင်းတွေနဲ့ ပြန်ကရတော့လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန်ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင်မင်းသမီး မချောစုမျိုးက“အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့်
မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ်ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟုဆိုသည်။
ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ်လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်းသစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေကလည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်းကို ကျေနပ်တယ်။သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင်လာပြီ” ဟု ဇာတ်သဘင်၏ တိုးတတ်လာပုံကို ပြောသည်။
သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ(၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင်စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။
အိအိ
The Myanma Age