ပျဉ်းမနားမြို့ဗုဒ္ဓစာကြည့်တိုက်ဖွင့်ပွဲနှင့်ဗုဒ္ဓစာပေဟောပြောပွဲဆုနှင်းသဘင်ကျင်းပ
နေပြည်တော် မတ်လ(၂၃)ရက်၂၀၁၃ခုနှစ်
နေပြည်တော်ကောင်စီနယ် မြေ ပျဉ်းမနားမြို့ရှိ ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့နှင့် ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲဆုနှင်းသဘင် နှင့်ဗုဒ္ဓဓမ္မစာကြည့်တိုက်ဖွင့်ပွဲအား ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက် မွန်းလွဲ(၂)နာရီအချိန်က ပျဉ်းမနား မြို့ ရွှေချီအုပ်စု၊ဗဟိုမစိုးရိမ်ရပ်၊ ဦးဘွားလမ်းရှိ မစိုးရိမ်ကျောင်း တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုနှင်းသဘင်နှင့် စာကြည့်တိုက်ဖွင့်ပွဲသို့ ဗုဒ္ဓဓမ္မ စာပေလေ့လာပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ လေ့လာပြန့်ပွားရေးအဖွဲ့ အတွင်း ရေးမှူး ဦးကျော်မြင့်တို့မှ ဗုဒ္ဓဓမ္မ စာကြည့်တိုက်ရေရှည်တည်တံ့စေ ရေးအတွက် ဆက်လက်ဆောင် ရွက်ကြရန် စာဖတ်သူဦးရေများ ပြားစေရေးအတွက် ဆက်လက် ဆောင်ရွက်ကြရန် စာဖတ်သူဦး ရေများပြားစေရေးအတွက် ရသ ပေါင်းစုံစာအုပ်များပါ ပူးတွဲထား ရှိရန်၊ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲအားနှစ် စဉ် ကျင်းပသွားရန်၊စာကြည့်တိုက် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရှာဖွေရန် ကိစ္စများအား အသီးသီးပြောကြားခဲ့ကြောင်း၊ထို့ နောက်အဌမအကြိမ်မြောက် ပျဉ်းမနားမြို့နယ် ဗုဒ္ဓဓမ္မစာပေ ပြိုင်ပွဲ ဆုနှင်းသဘင်အား ဆက် လက်ကျင်းပရာ ပ၊ဒု၊တနှင့် နှစ် သိမ့်ဆုရရှိသူ မူလတန်း၊အလယ် တန်းနှင့်အထက်တန်းကျောင်းသား ကျောင်းသူများအား ဆုကြေးငွေ အပြင် အမှတ်တရ ဆုတံဆိပ် များ ဘာသာရေးဆိုင်ရာ စာအုပ် များအား တာဝန်ရှိသူများက ဆု အဖြစ်အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။
မြင့်အောင်(နေပြည်တော်)
The Hot News