Sunday, March 31, 2013
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေး
ဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အား
ကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်
မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာ
ယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်
က ပြောသည်။
ဈေးပြန်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍မိတ္ထီလာမြို့ စည်ပင်သာယာရေးကော်မတီ
မှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။ မနက်ဖြန်
လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊
ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြောသည်။
မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊
ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့
ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင်ခန်းပေါင်း လေးထောင်
ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။
eleven media group
မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်
Labels:
ပြည်တွင်းသတင်း