သို့သော် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချတော့မည်ဆိုသည့် ဆင်းကတ်ဈေးနှုန်းနှင့် ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ အသေးစိတ်ကို မြန်မာ့ဆက်သွယ်ရေးက ကြေညာပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
မိုဘိုင်းလ်ဟန်းဆက်များ ဈေးနှုန်းတက်ရန်မှာ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး အစိုးရမှ ချထားပေးမည့် လိုင်းကတ်အရေအတွက် ပြည့်မီအောင် တင်သွင်းနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် မိုဘိုင်းလ်မားသားဖုန်း အရောင်းဆိုင်တာဝန်ခံ ဦးအောင်မြတ်ကိုကိုက သုံးသပ်ပြောကြားသည်။ “Big Player တွေသာ ဈေးမကစားရင် ဟန်းဆက်ဈေးနှုန်းက တက်စရာအကြောင်း မရှိပါဘူး” ဟု ၄င်းကဆိုသည်။ ထပ်မံချထားပေးမည့် လိုင်းကတ် ရှစ်သန်းကို လစဉ်အလိုက် တစ်လ အလုံးရေ ၃၅၀၀၀၀ နှုန်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်ပြီး မူလဈေးနှုန်းအတိုင်း ပြည်သူများ ဝယ်ယူနိုင်ရန် သမ္မတက ညွှန်ကြားထားသည်။ လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ပြည်သူများ ဝယ်ယူရရှိမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။
ဂျာနယ်စုံ