|
ဘန်ကောက်ဆေးရုံတွင် အာကြီးဆေးကုသမှုခံယူ |
"မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်" ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာ သွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကိုဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က "ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။ ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာကအမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်း တွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက် ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့ သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။ ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက် မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါတယ်။ အေးချမ်းမွန်မှ ( Popular Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည် "မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"
ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကိုဖေဖော်ဝါရီ ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က"ရိုးရိုးသာမန်အအေးပတ်တာပါပဲ။ အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွား တာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။
ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာကအမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက်ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။
ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက်မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါတယ်။
Popular Journal