http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျိုင်းတုံတွင် ICRC ခြေတုလက်တု အလုပ်ရုံ ဖွင့်မည်

ကျိုင်းတုံ၊ ဇွန် ၁၆
ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းရှည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြား အခြေပြုသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ခြေလက်အင်္ဂါ ချို့ယွင်းသူများအတွက် ခြေလက် အစားထိုး တပ်ဆင်ရန် ခြေတုလက်တု အလုပ်ရုံကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်မည်
ဖြစ်ကြောင်း ICRC မှ ခြေတုလက်တု ပညာရှင် Mr.Leo Gasser ကပြောကြားသည်။

အဆိုပါ အကြောင်းအရာကို ကျိုင်းတုံမြို့တွဲဖက်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံးတွင် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) နှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ ခြေလက်အင်္ဂါ ချို့ယွင်းမှုကြောင့်
ဖြစ်သော မသန်စွမ်းသူများ စာရင်းကောက်ယူ ရေးဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ဇူလိုင်ကနေ စက်တင်ဘာလအထိ စစ်တမ်းကောက်မယ်။ ၂၀၁၄ နှစ် ဆန်းမှာ အလုပ်ရုံ ဆောက်ပြီးတော့ နှစ်ကုန်ပိုင်းမှာ လုပ်ငန်း စတင်မယ”ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် ခြေလက် ချို့ယွင်း၍ မသန်စွမ်း ဖြစ်နေသူများကို စာရင်း ကောက်ယူမည် ဆိုပါက ခြေတုလက်တု တပ်ဆင်ထားသူ တစ်ရာကျော်ခန့် ရှိကြောင်း တွဲဖက်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ ဒေါက်တာ ဝဏ္ဏစိုးက ရှင်းပြသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်အရ မြန်မာနိုင်ငံတွင်
ခြေတုလက်တု ပညာရှင် ၃၆၀ ဦး လိုအပ်လျက်ရှိပြီး လက်ရှိ အနေအထားတွင် ICRC ၌ ခြေတုလက်တု ပညာရှင် ၁၁ ဦး သာ ရှိသည့် အတွက် ပညာရှင်များစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း Mr.Leo Gasser ကထပ်လောင်း ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ခြေတုလက်တု အလုပ်ရုံကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သာမက ကချင်ပြည်နယ်တွင်လည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ICRC ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com