http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ



(SingTel တွင် အလုပ်လုပ်ရန် လာရောက်လျှောက်ထားသူများ)
Jun 26 13 
SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော် ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထား မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင် ခွင့်ရရန် အဆို ပြုလျှောက်ထားသည့် နိုင်ငံခြား ကုမ္ပဏီတစ်ခုဖြစ် သည်။ SingTel သည် ဝန်ထမ်းခေါ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ် သည်။ စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အ တွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထားသည်။ ဝန်ထမ်း စီမံခန့်ခွဲမှု၊ အရောင်းဌာန စသည်နေရာများအတွက် ဝန်ထမ်းခေါ် ယူမှုများကိုလည်း SingTel က ပြုလုပ်ထားသည်။

SingTel သို့ အလုပ်လာရောက်လျှောက်ထားသူ အချို့အား မေးမြန်းမှုအရ အခွင့်အလမ်းနှင့် မြင့်မားသည့် လုပ်ခလစာ ရရှိနိုင်မှု၊ စင်္ကာပူတွင် SingTel ဝန်ဆောင်မှုများ အောင်မြင်မှု စသည့်အချက်များကို လျှောက်ထားသူများက စိတ်ဝင်စားကြကြောင်း Chennel NewsAsia သတင်းက ပြောကြားသည်။ SingTel တွင် အလုပ်လျှောက်ထားသူအချို့မှာ network engineer, software developer စသည့် နေရာများကို စိတ်ဝင်စားကြပြီး ၎င်းတို့အနေဖြင့် အမေရိကန်ဒေါ်လာ ၆၀၀ မှ ၁,၀၀၀ ကြား လုပ်ခလစာ ရရှိရန် မျှော်လင့်ကြကြောင်း Channel NewsAsia တွင် ဖော်ပြသည်။

အခြား ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Digicel ကလည်း မြန်မာနိုင်ငံတွင် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရန် ယှဉ်ပြိုင်နေကြသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ ၁၁ ခုရှိပြီး Digicel, Telenor, MTN, Axiata, SingTel, Fance Telecom Orange, Tel စသည့်ကုမ္ပဏီများ ပါဝင်သည်။ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီ ၂ ခုကို ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com