http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သံဃာများထောက်ခံထားသည့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မကြာမီ လွှတ်တော်တင်မည်

ရန်ကုန်၊ ဇွန် ၂၇
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိရေးဟုဆိုကာ
ရေးဆွဲနေသည့် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တစ်နိုင်ငံလုံးက သံဃာတော် အပါး ၁၅၀၀ကျော် တက်ရောက်သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင် ဆရာတော် များ တွေ့ဆုံ ညှိနှိုင်းပွဲက ထောက်ခံလိုက်ပြီး ဥပဒေပြဋ္ဌာန်းရန် မကြာမီ လွှတ်တော်တင်မည်ဖြစ်ကြောင်း ယင်းပွဲ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြားသည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဥာဏိဿရ တက်ရောက်ခဲ့သည့် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်း တိုက်တွင် ဇွန်လ၂၇ရက်နေ့က ပြုလုပ်သည့် ယင်းအခမ်းအနားအပြီးတွင် မျိုးစောင့်ဥပဒေကို ထောက်ခံသည့်အချက် အပါအဝင် အချက်ငါးချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက် ငါးချက်အနက် ကျန်လေးချက်မှာ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့တို့အား အမျိုးဘာသာ သာသနာအရေးကိစ္စများကို ကူညီရေး၊ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်ရေး အတွက် ပဋိပက္ခများ ထပ်မဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ရေး၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် တိုင်းမ်မဂ္ဂဇင်း ၏ ဖော်ပြချက်ကို ကန့်ကွက်ကြောင်းတို့ဖြစ်သည်။

အမျိုးသမီး အခွင့်အရေးများကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေ သည့် အဆိုပါ မျိုးစောင့်ဥပဒေကို အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဥပဒေ ပညာရှင်များနှင့် နောက်ဆုံးအဆင့် ပြင်ဆင်ပြီး ပြည်သူလူထု၊ သံဃာထု ထောက်ခံမှုဖြင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြား သည်။

မြန်မာနိုင်ငံရှိ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာတို့တွင် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် ဥပဒေအသီးသီး ပြဋ္ဌာန်းထားကြောင်း၊ ယင်းဘာသာတို့တွင် အခြားဘာသာဝင်များနှင့် လက်ထပ်ခွင့်မပြုကြောင်း၊ လက်ထပ်လိုပါက ၎င်းတို့ ဘာသာများသို့ ကူးပြောင်းပြီးမှသာ လက်ထပ်ခွင့်ရှိပြီး ဗုဒ္ဓဘာသာတွင် ယင်းကဲ့သို့ ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း မျိုးစောင့်ဥပဒေကြမ်း ထွက်ပေါ်ရန် ရေးဆွဲနေသည့် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ
အထူး ထိမ်းမြားခြင်းနှင့် အမွေဆက်ခံမှု အက်ဥပဒေသည်လည်း ဗုဒ္ဓဘာသာ
မဟုတ်သည့် အခြားဘာသာဝင်များက ၎င်း၏ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ
မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်နိုင်သည့် ဥပဒေဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြား ဘာသာဝင် များ လက်ထပ်ရန် ဘာသာပြောင်းနေရကြောင်း မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး စာတမ်းတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေအရ နိုင်ငံတွင် ခေတ်နှင့်လျော်ညီရန်ပြင်ဆင်ရမည့် ဥပဒေ ၃၀၀ ကျော်ခန့်ရှိပြီး လယ်ယာမြေ ဥပဒေကို အရေးတကြီး ပြင်ဆင်ရန် လိုအပ် လျက်ရှိကြောင်း၊ လက်ထပ် ထိမ်းမြားခြင်းနှင့် ကွာရှင်းခြင်းဥပဒေအရ အမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးလျက်ရှိသောကြောင့် ထိုဥပဒေကို သာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ထောက် ခံ ဆွေးနွေးခြင်း၊ ကန့်ကွက်ခြင်းတို့မှာ မိမိ တစ်ဦး တစ်ယောက်တည်းနှင့် ဆုံးဖြတ်ခွင့်မရနိုင်ဘဲ ပါတီ၏ သဘောထားများလည်း လိုအပ်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေး မစိုးရိမ်ကျောင်းတိုက် သံဃာတော် တစ်ပါးဖြစ်သူ အရှင်ဝီရသူပုံကို မျက်နှာဖုံးတင်၍ ‘ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသောအခါ’ ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကိုဖော်ပြခဲ့သည့် ယခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ထွက်ရှိသည့် TIME မဂ္ဂဇင်းကို ကန့်ကွက် ရှုတ်ချကြောင်း ဒေါက်တာအရှင်ဥာဏိဿရ မိန့်ကြားခဲ့ပြီး တက်ရောက် လာသည့် သံဃာတော်များကလည်း ကန့်ကွက်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ်မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။

"မွတ်ဆလင်၊ ခရစ်ယာန်၊ TIME ဘာပြောပြော သည်းခံ ခွင့်လွှတ်ကြပါ။ သည်းခံခွင့်လွှတ်ခြင်းက ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ သားတပည့် သံဃာတော်များအနေနဲ့ သည်းခံတော်မူကြပါ။ ခွင့်လွှတ်တော်မှုကြပါ" ဟု ဆရာတော်က အဆိုပါ အခမ်းအနားတွင် အကြိမ်ကြိမ် မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ဘာသာ၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို တိုင်းမဂ္ဂဇင်းက 'ဗုဒ္ဓဘာသာ သွေးဆူနေ ကြပြီ' ဟု ဖော်ပြခဲ့ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက ထပ်မံ မိန့်ကြားခဲ့သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com