http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယခုနှစ်တွင် ပိတ်ဆို့မှုများ ဖြေလျှော့အပြီး အထည်ချုပ်စက်ရုံ ၁၃ ရုံ တိုးလာ

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Saturday, June 29, 2013
ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံ ၁၃ရုံ တိုးလာသော်လည်း အဆိုပါစက်ရုံ အားလုံးသည် လက်ခစားစနစ် အပေါ် အခြေပြုသည့် CMP လုပ်ငန်းများသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းကုမ္ပဏီ ၁၃ ရုံအနက် ရှစ်ရုံအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သော်လည် CMP လုပ်ငန်းများသာဖြစ် နေရာအလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာသော်လည်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း ကဏ္ဍအမှန်တိုးတက်သည်ဟု မဆိုနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက ''ဒီနှစ်မှာတိုးလာတဲ့ စက်ရုံတွေထဲမှာ နိုင်ငံ ခြားရင်းနှီးမြုပ်နှံတဲ့ စက်ရုံ ရှစ်ရုံ ပါဝင်ပေမယ့် CMP လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဈေးကွက် အခြေအနေကလည်း အခုချိန်အထိ ဂျပန်က ပဲယူတာ အများဆုံးဖြစ်ပြီးနေတယ် ဈေးကွက်အသစ်ကလဲ ထပ်မရတော့ CMP လုပ်တာ များတာလည်းပါလိမ့်မယ်'' ဟု မဇ္ဈိမ သို့ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်အဖြစ် ဝင်ရောက်ထားသည့် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံမှာ ၄၁ ရုံ ရှိခြင်းဖြစ်သော်လည်း ယင်းစက်ရုံများမှာလည်း CMP လုပ်ငန်းများသာ ဖြစ်နေသေးရာ နိုင်ငံ၏ စီးပွားရေး တိုးတက် လာစေရေးအတွက် ထိရောက်သည့် တွန်းအားမဖြစ်သေးကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ပြောကြားသည်။

ကုန်သည်၊စက်မှုအသင်းချုပ် CEC အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ဦးနှင်းဦးက''မြန်မာနိုင်ငံရဲ့ အထည်ချုပ်ဈေးကွက် အနေအထားက အ ထည်ချုပ် လက်ခစား ဈေးကွက်လို့ပြောရင်တောင် ပြောရမှာ။ ပြည်တွင်း ထုတ်ကုန် အနေနဲ့မှ မရှိတာ။ CMP ဆိုတာက နိုင်ငံတကာ မှာ ဆင်းရဲတဲ့ နိုင်ငံတွေကပဲလုပ်တာ။ လုပ်ငန်း တိုးလာပေ မယ့် CMP တွေပဲဖြစ်နေရင်တော့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲ ကောင်းတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ မလွယ်ဘူး။ နိုင်ငံခြားကုမ္ပဏီ CMP ဆိုရင် ပိုတောင် ဆိုးသေးတယ်။ ပြည်တွင်း လုပ်ငန်းရှင်ဆိုရင် လုပ်ငန်း တိုးတက်လာတဲ့ အားသာချက် ဖြစ်နိုင်တာပေါ့။ တကယ်တော့ အထည်ချုပ်စင်တာကလည်း အားရလောက် စရာ မရှိသေး ပါဘူး''ဟု မဇ္ဈိမသို့ ပြောသည်။

အထည်ချုပ်လုပ်ငန်းများတွင် ကိုရီးယားသည် ပမာဏအများဆုံးဖြစ်ကာ ဒုတိယနေရာမှ ဂျပန်သည် အသစ် ရင်းနှီးမြုပ် နှံခြင်းမရှိပဲ အသစ်ဝင်ရောက်လာသည့် နိုင်ငံစက်ရုံ ရှစ်ရုံတွင် ကိုရီယား လေးရုံနှင့် တရုတ် လေးရုံ ပါဝင်ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

ဦးခင်မောင်ဦးက ဆက်လက်၍ ''စက်ရုံ တစ်ထောင်ကျော်လောက် ရှိပေမယ့် အသင်းမှာက ၂ဝ ရာခိုင်နှုန်းလောက်ပဲ စာရင်းဝင် တယ်။ ကျန်တာက ကုမ္ပဏီအနေနဲ့ပဲ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ စာရင်းရှိတာ။ အသင်းမှာရှိတဲ့ စာရင်းရဲ့ ၈ဝ ရာခိုင်နှုန်း လောက် ကလည်း CMP နဲ့ပဲ လုပ်တာများတယ်'' ဟု ပြောသည်။

၂ဝဝ၃ခုနှစ်တွင် အမေရိကန်နှင့်အီးယူ ၂၇နိုင်ငံအပါအင် နိုင်ငံပေါင်း၃ဝက မြန်မာ နိုင်ငံအား စီးပွားရေး ပိတ်ဆို့ မှု တင်းကြပ်စွာ ချမှတ်လိုက်ခြင်းကြောင့် ယင်းအချိန်တွင် ရှိနေသော စက်ရုံ ၂၇ဝ ကျော်အနက်မှ ထက်ဝက်ကျော် ရပ်ဆိုင်းသွားခဲ့ကာ လုပ်သားပေါင်း ရှစ်သောင်းကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့သည်။

ယခုအခါတွင် အီးယူက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီဖြစ်ကာ အမေရိကန်ကလည်း ဖြေလျှော့မှုများပြု လုပ်ထားပြီဖြစ်ခြင်း ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ် လုပ်ငန်းကဏ္ဍများအနက် အထည်ချုပ်လုပ် ငန်းသည်ကနဦး ဆုံးဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက သုံးသပ်ထားကြသော်လည်း လက်ရှိအချိန်အထိ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာဈေး ကွက်သို့ ထိုးဖောက်တင်ပို့သည့် စက်ရုံများ ဝင်ရောက်ခြင်း မရှိသေးပဲ အခြားသူများ၏ ကုန်အမှတ်တံဆိပ်အား လက်ခစားစနစ် ဖြင့် ချုပ်လုပ်သော လုပ်ငန်းအသေးစားများသာ ဝင်ရောက်လျှက်ရှိသည်။
ထင်လင်းအောင်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com