http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုလက်ရာ ကြာပန်းပွင့် ပုံသဏ္ဍန် ဘုန်းတော်ကြီး ကျောင်းတော်တစ်ခု ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ

၂၇ ဇွန် ၂၀၁၃
အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အကြား ပါလ မင်းဆက်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယူဆထားတဲ့ ကြာပန်းပွင့် သဏ္ဍန်ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှာဖွေ တူးဖေါ် တွေ့ရှိခဲ့ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောင်းတော်နဲ့ ဘုရားဆင်းထုတော်တွေ ဖြစ်ပါတယ်။ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှေးခေတ်က တည်ဆောက် ကိုးကွယ်ထားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း အများအပြားကို ယခင်က ရှာဖွေ တူးဖေါ်ခဲ့ရာမှာ ကျောင်းတော်တွေအားလုံးဟာ လေးထောင့် စတုရန်း (မဟုတ်ရင်) သုံးထောင့် (မဟုတ်ရင်) ထောင့်မှန် စတုဂံပုံစံမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ကြာပန်းပွင့်ပုံသဏ္ဍာန် အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီကျောင်းတော်ဟာ ပထမဆုံး ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ တူးဖေါ်တွေ့ရှိတာ ဖြစ်ပြီး အလွန်ထူးခြားတယ်လို့ ရှေးဟောင်းသုတေသနဌာန အရာရှိတွေက ပြောပါတယ်။

ဒီကျောင်းတော်ထဲက ကြေးသွန်း ဘုရား ဆင်းထုတော် (၁၄) ဆူကိုလည်း တစ်ခြား ရှေးခေတ် အနုပညာလက်ရာတွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု တူးဖေါ်တွေ့ရှိတဲ့ ကျောင်းတော်ဟာ ဂျာဂါဒေလ် ဗုဒ္ဓ ၀ိဟာ ( Jagaddal Buddhist Bihar) ဖြစ်ပြီး Naogaon ခရိုင် မြို့ကနေ  ၆၅ မိုင် အကွာ အိန္ဒိယနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသအအတွင်းမှာ တည်ရှိပါတယ်။

ကျောင်းတော် တူးဖေါ်ရာ ရှေးဟောင်း သုတေသန အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါဟာပူရ် ဗုဒ္ဓ ရှေးဟောင်းပြတိုက် အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ မစ္စတာ Mahbub UL Alam ပြောတာကတော့ ဂျာဂါဒေလ် ကျောင်းတော် တူးဖေါ်ရာကနေ အထူးရှားပါးတဲ့ ဗုဒ္ဓ ပန်းပု လက်ရာ ဆင်းထုတော်တွေကို ရှာဖွေ တွေ့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှေးခေတ် အုတ်ခဲတွေ၊ နှမ်းဖတ်ကျောက် အပါအ၀င် Black Stone တွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးပုံတွေနဲ့ အတူ အခန်း ၄ ခန်းပါတဲ့ ကျောင်းတော်ကိုလည်း အဲဒီနေရာမှာ ရှာဖွေ တွေ့ရှိတယ်လို့ သူက ပြောပါတယ်။

တန်ဖိုး မဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေ၊ အလှဆင်ယင်ထားးတဲ့ ကျောက်တုံး အပိုင်းအစတွေ၊ မြေအိုးခွက် အကျိုးအပိုင်းတွေကိုလည်း တွေ့ရှိတယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ပါလမင်းဆက်က အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းထားပြီး ဒီကျောင်းတော်ဟာ ကြာပန်းပွင့် သဏ္ဍန် တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက်  ဂျာဂါဒေလ် ကျောင်းတော် အစစ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က စတင် တူးဖေါ်ခဲ့ပြီး ဒီနှစ် ဖေဖေါ်ဝါရီလထိ တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။  ၁၉၉၆နဲ့ ၁၉၉၇ အကြားမှာ တစ်ကြိမ်နဲ့ ၁၉၉၇ ကနေ ၁၉၉၈ အကြားမှာ တစ်ကြိမ် တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တူးဖေါ်တုန်းကလည်း တန်ဖိုးကြီးမားတဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေ အမြောက်အများကို ရှာဖွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျာဂါဒေလ် မဟာဝိရကျောင်းတော်ဟာ ပါလ နောက်ဆုံးမင်းဆက်ထဲက မင်းတစ်ပါး ဖြစ်တဲ့ ရမ်ပါလ မင်းက အေဒီ (၁၀၇၇ နဲ့ ၁၁၂၀) အကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ခန့်မှန်ထားပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ အများအပြားကို မြေကြီးထဲကနေ အခုအခါ ရှာဖွေ တူးဖေါ် တွေ့ရှိနေတဲ့ အတွက် ဒီနိုင်ငံဟာ တချိန်က ဗုဒ္ဓ ဘာသာ အကြီးအကျယ် ထွန်းကားခဲ့ရာ ဒေသ တစ်ခု ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသီတွေက ခန့်မှန်းထားကြပါတယ်။

ဒီသတင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် The Daily Star သတင်းစာမှာ Ancient artifacts found in Naogaon ခေါင်းစီးနဲ့ ရေးသားထားပါတယ်။
နိရဉ္စရာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com