http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံတကာရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများ ၈၈ ငွေရတုပွဲ တက်ရောက်နိုင်ရန် အစိုးရနှင့် ဆွေးနွေးမည်

Wednesday, 26 June 2013
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်သူ့အရေးတော်ပုံ (၂၅) နှစ်မြောက်ပွဲအား ပြည်ပတွင် နေထိုင်ကြသည့် ဒီမိုကရေစီ အင်အားစုများ တက်ရောက်နိုင်ရန်အတွက် လိုအပ်လျှင် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်နှင့် ဦးမင်းဇေယျတို့ ကနေဒါတွင် ပြုလုပ်မည့် ညီလာခံအား တက်ရောက်မည်ဖြစ်ပြီး အမေရိကန်တွင် ပြုလုပ်မည့် ညီလာခံကိုလည်း ၎င်းတို့က ဆက်လက်တက်ရောက်မည်ဖြစ်ကာ ထိုညီလာခံများအတွင်း မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၈၈ ငွေရတုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းသွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဇော်မင်းက ပြောကြားသည်။

ထို့နောက် ဆက်လက်၍ "ကျွန်တော်တို့တွေ သူတို့နဲ့တွေ့ရင် ဒီမှာလုပ်မယ့်ပွဲကို ဖိတ်ကြားမယ်။ သူတို့ လာရောက်နိုင်အောင်လည်း ဒီဘက်မှာ ဗီဇာကိစ္စကို ဆက်စပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှာပါ။ ပထမဦးဆုံး ခန်းမရအောင်လည်း စာတင်ရပါတယ်။ ရှိနေတဲ့ ဖြစ်စဉ်တစ်ခုကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အစိုးရကို စကားပြောမှာပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ်ဆိုရင်တော့ ပြည်ပက လူတွေကို ချန်ထားလို့ မရဘူးလေ" ဟု ဦးဇော်မင်းက ပြောကြားသည်။

သူတို့ လာရောက်နိုင်အောင်လည်း ဒီဘက်မှာ ဗီဇာကိစ္စကို ဆက်စပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှာပါ။ ပထမဦးဆုံး ခန်းမရအောင်လည်း စာတင်ရပါတယ်။ ရှိနေတဲ့ ဖြစ်စဉ်တစ်ခုကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အစိုးရကို စကားပြောမှာပါ . . . . .

ရှစ်လေးလုံး အကြိုအဖြစ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဇွန် ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ဒီမိုကရေစီ အင်အားစုများက ညီလာခံ တစ်ခုကို ပြုလုပ်မည်ဖြစ်ပြီး ထိုညီလာခံကို အမေရိကန်ရှိ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ်ရှိ ဖို့ဝိန်းမြို့တွင် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးတက်ရောက်မည် ဖြစ်သလို အခြားအင်အားစု များကလည်း တက်ရောက်ရန် ဗီဇာလျှောက်ထားခြင်းများ ရှိနေကြောင်း သိရသည်။
Eleven Mdeia Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com