http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မုံရွာတွင် ဆင်ဆာမဲ့ခွေ ပြသသော 3D ရုပ်ရှင်ရုံကို အရေးယူ

မုံရွာ၊ ဇွန် ၂၄
မုံရွာမြို့၏ အဓိက စီးပွားရေး လမ်းမကြီးဟု ဆိုရမည့် ကျောက္ကာ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထား သော စိမ်းရွှေဝါ 3D ရုပ်ရှင်ရုံကို ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့ရာ ဆင်ဆာမဲ့ နိုင်ငံခြား 3D အခွေများ အသုံးပြုပြီး တရားမဝင် ဗီဒီယို ပြသနေကြောင်း တွေ့ရှိရ၍ ဗီဒီယိုဥပဒေနှင့် အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းရုပ်ရှင်ရုံတွင် ဗီဒီယိုပြသသည့် အခန်း ခြောက်ခန်းရှိသော်လည်း မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့တွင် ပြုလုပ်ထားသည့် 3D ဗီဒီယိုပြသည့် လုပ်ငန်းလိုင်စင် သုံးစောင်သာ ပြသနိုင်ခဲ့ပြီး ယင်းအခန်း ခြောက်ခန်းအနက် သမီးရည်းစား စုံတွဲများ သီးသန့် ကြည့်ရှုနိုင်သည့် အခန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ ဝင်ရောက် ရှာဖွေချိန်တွင် သီးသန့်ခန်းတွင် ကြည့်ရှုနေသော စုံတွဲ တစ်တွဲကိုလည်း တွေ့ရှိခဲ့ရကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိ တစ်ဦးက ဆိုသည်။

“နေ့စဉ်ရုံထဲမှာ ဝင်ထွက်နေတဲ့ သူတွေကတော့ မနည်းဘူးပဲ။ စုံတွဲတွေလည်း ဝင်ထွက်နေတာပဲ။ ဇာတ်ကားကောင်းလို့ပဲ လူစည်နေတယ်ထင်နေတာ၊ အိမ်ကသမီးတောင် 3D ကြည့်ဖူးအောင် သွားပြ မလို့၊ သီးသန့်ခန်း ရှိမှန်းတော့မသိဘူး” ဟု ယင်း ရုပ်ရှင် ပြသသည့် ရုံအနီးတွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

3D ရုပ်ရှင်ရုံကို စစ်ဆေးရာတွင် ဆင်ဆာမဲ့ 3D နိုင်ငံခြားရုပ်ရှင် အပါအဝင် အခွေမျိုးစုံ ၅၀၀ နီးပါးခန့်၊ 3D ကြည့်ရာတွင် တပ်ဆင်ရသော မျက်မှန် ၃၀၀ နီးပါးခန့်နှင့် ရုပ်ရှင်ပြရာတွင် အသုံးပြုသော တီဗီများ၊ အောက်စက်များနှင့် ဆောင်းဘောက်စ်များကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပြီး၊ ရုပ်ရှင်ပြရာတွင် အသုံးပြုသော ထိုင်ခုံဇယား၊ ဇာတ်ကားစာရင်းနှင့် ဇာတ်ကား ကြော်ငြာ ပိုစတာများ ကိုလည်း သိမ်းဆည်းခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရ သိရသည်။

“လက်ရှိအခြေအနေက ဘာမှန်းလဲ မသိသေးဘူး။ လောလောဆယ် ကျွန်တော့် 3D ရုံလည်း ပိတ်ထား တယ်။ စောင့်ကြည့်နေတဲ့ အနေအထားပါ။ ညွှန်ကြားလာတဲ့ အခြေအနေအပေါ် မူတည်ပြီး ဖွင့်ဖို့ မဖွင့်ဖို့ ဆုံးဖြတ်သွားမှာပါ” ဟု မုံရွာမြို့ မြိုသစ်ရပ်မှ 3D ရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

3D ရုပ်ရှင် ပြသသည့်ရုံမှာ မုံရွာမြို့ပေါ်တွင် နှစ်ရုံခန့်သာရှိပြီး မြန်မာဇာတ်ကားများ အဓိက ပြသသည့် ရုပ်ရှင်ရုံ တစ်ရုံသာရှိကြောင်း မုံရွာ မြို့ခံများက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ဇွန်လအတွင်း ကာရာအိုကေနှင့် အနှိပ်ခန်း တွဲ၍လုပ်ကိုင်နေသော စက်မှုဇုန် ရပ်ကွက်အတွင်းမှ ဆိုင်တစ်ဆိုင်ကို ဝင်ရောက် ဖမ်းဆီးမှုများရှိခဲ့ပြီး မြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် ဖွင့်လှစ်ထားသော ငွေကြေးဖြင့် အကြွေစေ့ လဲလှယ် ဆော့ကစားရသော ဂိမ်းဆိုင်များကိုလည်း ပိတ်သိမ်းခိုင်းခဲ့ကာ ယခုဇွန်လ နောက်ဆုံးပတ်တွင် အဆိုပါ 3D ရုပ်ရှင်ရုံအား ဝင်ရောက် စစ်ဆေးခဲ့ပြီး ဗီဒီယိုဥပဒေနှင့် အညီ အရေးယူခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com