http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Volvo နည်းပညာသစ်

Volvo မော်တော်ကား ကုမ္ပဏီသည် အလိုအလျောက် ကားပါကင် ထိုးနိုင်မည့် နည်းပညာတစ်ရပ်ကို စမ်းသပ်တီထွင်လျှက် ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိနေကြောင်း သိရှိရသည်။ အဆိုပါ နည်းပညာအရ ယာဉ်မောင်း မပါဘဲနှင့် မော်တော်ကားသည် အလိုအလျောက် ယာဉ်ရပ်နားမည့် နေရာကို ရှာဖွေကာ ပါကင်ထိုးနိုင်မည်ဟု ဆိုသည်။

Volvoသည် အလိုအလျောက် မောင်းနှင်စနစ်နှင့် အာရုံခံ နည်းပညာတို့ကို ပေါင်းစပ်ပြီး လူမပါဘဲ ပါကင်ထိုးပေးမည့် အစီအစဉ်ကို လက်တွေ့ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ဆွီဒင် ကားကုမ္ပဏီကြီးက တာဝန်ယူ လုပ်ဆောင်နေသော နည်းပညာအရ ကျဉ်းမြောင်းသည့် နေရာလွတ်တွင်ပင် အဆင်ပြေပြေ အလိုအလျောက် ပါကင်ထိုးနိုင်မည်ရန် စိတ်ကူး ပုံဖော်လျှက် ရှိသည်။

Volvoသည် ယာဉ်မောင်းများတွင် တွေ့ကြုံရတတ်သည့် ပါကင်ပြဿနာကို ဖြေရှင်းရန် ယခုနည်းပညာကို တီထွင်လာခြင်း ဖြစ်သည်။ လူတစ်ဦးသည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် မိမိဦးတည်သည့် ဆိုင်ခန်းဖြစ်စေ၊ အိမ်ခန်းဖြစ်စေ၊ အလုပ်ခွင်ကိုဖြစ်စေ သွားရောက်ပြီးနောက် မော်တော်ကားကမူ ပါကင်နေရာသို့ အလိုအလျောက် သွားရောက်ကာ နေရာလွတ်တွင် အဆင်ပြေပြေ ဝင်ရောက် ရပ်တန့်သွားမည် ဖြစ်သည်။

ယင်းကဲ့သို့ ပါကင်ထိုးရာတွင် နံဘေးဝန်းကျင်ရှိ ကားများကို ထိခိုက်မှု မရှိအောင် လုံခြုံစွာ၊ ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်မည်ဟုလည်း သိရသည်။ Volvoက ယာဉ်ပိုင်ရှင်သည် အဆိုပါ စနစ်ကို စတင်သက်ဝင်စေရန်အတွက် မိမိ၏ စမတ်ဖုန်းဖြင့်ပင် ခိုင်းစေ ညွှန်ကြားနိုင်အောင် ဖန်တီးထားကြောင်း ဆိုသည်။ Volvoသည် အလိုအလျောက် ပါကင်ထိုးသည့် စနစ်ကို ယခုသီတင်းပတ်အတွင်း အတည်ပြု စမ်းသပ်ရန် စီစဉ်ထားသည်။

"ယာဉ်မောင်းက ကားအပြင်ကို ထွက်ပြီးတာနဲ့ မော်တော်ကားက ပါကင်နေရာမှာ သွားရပ်မယ်။ ယာဉ်မောင်း ပြန်ထွက်လာရင် ပထမ ရပ်ထားတဲ့ နေရာမှာ ကားက အလိုလို လာကြိုပါမယ်"ဟု Volvo၏ အကြီးတန်း လုံခြုံရေး အကြံပေး အရာရှိ သောမတ်စ် ဘရိုဘာ့ဂ်က ပြောကြားခဲ့သည်။

မော်တော်ကားတွင် တပ်ဆင်ထားမည့် အာရုံခံ စနစ်သည် ကားနှင့် ပတ်ဝန်းကျင် ပါကင်နေရာ အကျယ်အဝန်းတို့ကြား အကွာအဝေး ခြားနားချက်ကို တွက်ချက်သိရှိနိုင်သည်။ Volvoသည် (၂၀၁၄) နှစ်ကုန်ပိုင်းတွင် ထုတ်လုပ် ရောင်းချမည့် Volvo XC90 မော်ဒယ်လ် မော်တော်ကားများတွင် အလိုအလျောက် ထိန်းချုပ်စနစ်ကို စတင် ထည့်သွင်းပေးရန်လည်း စီစဉ်နေကြောင်း သိရှိရသည်။
Planet Myanmar Network





မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com