http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

ရန်ကုန်၊ ဇွန် ၂၃
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်း ရပ်ဝန်းသည် အားပျော့ ပျက်ပြယ်သွားခြင်းမရှိဘဲ ဆက်လက် တည်ရှိနေသေးကြောင်း ဇွန်လ ၂၃ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့ မွန်းလွဲ၂နာရီ တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ဆက်လက် တည်ရှိနေသေးကြောင်း၊ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်း အရှိန်အပြင် တောင်တရုတ် ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ ဘက်သို့ ရွေ့လျားလာပါက မိုးရေ မရရှိသော အလယ်ပိုင်းဒေသများအတွက် စိုက်ပျိုးရေ ရရှိမည့် အထောက်အပံ့ကောင်း ဖြစ်စေသည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

"ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းမဖြစ်တော့ အလယ်ပိုင်းက မိုးနည်း တယ်" ဟု ၎င်းက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း ဘီဘင်ကာ (BEBINCA) သည် တုံကင် ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ နန်ဒင်းမြို့၏ အရှေ့တောင်ဘက် ၉၇ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ အပူပိုင်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီးနောက် ၁၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်းမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထူးခြား အခြေအနေ အဖြစ် ကြေညာထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com