http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပခုက္ကူတွင် တစ်ရက် ပေ ၈၀ခန့် ဧရာဝတီမြစ်ရေ တိုက်စား၊ ဒေသခံများ ပြောင်းရွှေ့ရန် လိုအပ်ဟုဆို

ပခုက္ကူ၊ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြင်းကျွန်းအုပ်စု မရိုးကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုမှာ တစ်ရက်လျှင် ပေ ၈ဝ ခန့်ရှိလာ၍ ဒေသခံမိသားစုများ ပြောင်းရွှေ့ရန်မြေနေရာ အရေးတကြီး လိုအပ်လျက်ရှိကြောင်း အဆိုပါကျေးရွာ မြေနေရာ ရရှိရေးကော်မတီဝင် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါ မရိုးကုန်းကျေးရွာတွင် အိမ်ထောင်စု ၉၇စု နေထိုင်လျက်ရှိရာ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းခန့်က စတင်၍ မြစ်ရေတိုက်စားမှု စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့ နောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာ တိုက်စားလာ သည့်အတွက် လတ်တလောတွင် ဒေသခံအိမ်ထောင်စု ၂၀ ကို နီးစပ်ရာ ကျေးရွာ မြေနေရာများ၌ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်ဟု ၄င်းကပြောကြားသည်။
"ကျွန်တော်တို့ရွာက ကမ်းနဲ့ ပေ ၃၅၀ လောက်ဝေးတယ်။ ဇွန်လ ၂၄ ရက် လောက်ကစပြီး တစ်ရက် ပေ ၈၀ လောက် တိုက်စားလာလို့ နောက်လလောက်ဆိုရင် တစ်ရွာလုံးပြောင်းဖို့ အနီးစပ်ဆုံး မြေနေရာမှာ မြေဝယ်နေရတော့မယ်" ဟု ၄င်းက ဆိုသည်။

ယင်းဒေသတွင် နှစ်စဉ် မြစ်ရေ တိုက်စားမှုကြောင့် လယ်ယာမြေဧက တစ်သောင်းခန့် ဆုံးရှုံးနစ်နာလျက် ရှိကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အလားတူ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် တင်ဂတ် ကျေးရွာအုပ်စုရှိ ထနောင်းကုန်း၊ ရှားတော၊ ရာကျော်၊ လက်ပံခုံ၊ ကြားကျွန်း ကျေးရွာ တို့နှင့် မြင်းကျွန်းကျေးရွာ အုပ်စုရှိ သိမ်ကုန်းကျေးရွာ တို့တွင်လည်း ကမ်းပါးပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"အဲဒီရွာတွေက အခု လောလောဆယ် မြစ်ကြောင်းတိုးနေလို့ ကမ်းပြိုတဲ့နှုန်း များနေတယ်။ မြစ်ကမ်းက ဆက်တိုးနေမယ် ဆိုရင် နောက်တစ်လလောက်မှာ မဖြစ်မနေ ပြောင်းပေးရမယ်" ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

ကမ်းပါးပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိသော အဆိုပါကျေးရွာများ ပြောင်းရွှေ့ရေးအတွက် စီမံချက်များ ရှိထားပြီးဖြစ်ရာ အနီးဝန်းကျင် ကျေးရွာများရှိ မြေနေရာလွတ်များကို သင့်တင့်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ၄င်းက ပြောကြားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com