http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆက်သွယ်ရေး အော်ပရေတာ အဖြစ် Telenor Mobile နှင့် Ooredoo ကုမ္ပဏီတို့ တင်ဒါ တို့အောင်မြင်


ရန်ကုန်၊ ဇွန် ၂၇။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်နှစ်ခုကို Telenor Mobile နှင့်
Ooredoo ကုမ္ပဏီတို့က ရရှိသွားပြီ ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် အော်ရီဒို ကုမ္ပဏီတို့မှာ
ဆက်သွယ်ရေးတင်ဒါ စကာတင် ရွေးချယ် ခြင်း ခံထားရသော ကုမ္ပဏီ ၁၂ခုထဲမှ တင်ဒါအောင်မြင်သောကုမ္ပဏီများအဖြစ် ဇွန်လ ၂၇ရက်နေ့ ညနေတွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့်ပတ်သတ်ပြီး “တင်ဒါက ပုံစံ၂မျိုး ရှိတယ်လို့ ပြောလို့ရတယ်။
ပထမတစ်ခုက ငွေအများဆုံးရင်းနှီးနိုင်တဲ့လူ ရ မယ်။ ဒုတိယတစ်ခုက သတ်မှတ်ထားတဲ့
စံချိန်စံညွှန်းတွေလည်းပြည့်မှီရမယ် ငွေကြေးလည်း အများဆုံးရင်းနှီးနိုင်ရမယ်ဆိုတဲ့ပုံစံပေါ့။ ဒီနိုင်ငံ မှာက ဒုတိယပုံစံနဲ့တင်ဒါပြိုင်ရတာပေါ့။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကိုပါ ကြည့်ပြီးတော့မှ ရွေးတာပေါ့”ဟု Telenor မှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ Mr.Gleen Mandelid က ပြောကြားသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော်ကုမ္ပဏီမှ ၎င်းတို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပါက လုပ်ငန်း၏ ၉၀ရာခိုင်နှုန်းတွင် မြန်မာအလုပ်သမားများကို ခန့်အပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၁၆ရက်နေ့တွင် ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ Telenor အနေနဲ့ လာရောက် ရင်းနှီးမြှပ်နှံခွင့်ရခဲ့မယ်ဆိုရင် လုပ်ငန်းရဲ့  ၉၀%မှာ
မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားဖို့ ရှိပါ တယ်။ နိုင်ငံခြားက ပညာရှင်တွေကိုလည်း ဒီနိုင်ငံမှာ
အလုပ်ခန့်ဖို့ ရှိပါတယ်” ဟု Mr.Ola Jo Tandre က မေလ ၁၆ရက်နေ့တွင် ၎င်းတို့၏
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရမှ တယ်လီဖုန်းအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ ကုမ္ပဏီ ၂ခု နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ခုတို့ကို ရွေးချယ်မည်ဖြစ်ရာ ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ကုမ္ပစီတို့ ရွေးချယ်ခံထားရပြီး ပြည်ပမှ Telenor Mobile နဲ့ Ooredoo ကုမ္ပဏီတို့ ရွေးချယ်ခံရခြင်း ဖြစ်သည်။

“နိုင်ငံခြားကုမ္ပဏီကြီး ၂ခုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အများကြီး
ကြိုးစားရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်းအော်ပရေတာရ မယ့် ကုမ္ပဏီ ၄ခုကလည်း ကိုယ့်မိုဘိုင်းကွန်ယက်ကို ကိုယ်ကောင်းအောင်လုပ်ရမယ်။ ကျွန်တော်တို့ ရတနာပုံတယ်လီပို့ကလည်း မိုဘိုင်းကွန် ယက်တွေကို ဒီထက်ပိုကောင်းအောင်ကြိုးစားရမှာပါ။ ဒီလိုမှကောင်းအောင်မလုပ်နိုင်ရင် ကိုယ့် မိုဘိုင်းကွန်ယက်ကို သုံးစွဲသူမရှိဘူး ဖြစ်သွား မယ်။ နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ တော်တော်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟုရတနာပုံတယ်လီပို့ ဒုဥက္ကဋ္ဌ ဦးရန် ဝင်းက ပြောကြားသည်။

သို့သော် ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများကို ကြေညာရန်တစ်ရက်အလို ဇွန်လ ၂၆ရက်နေ့တွင် ပြည် သူ့လွှတ်တော်တွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အရေးကြီးအဆို အဖြစ်တင်သွင်းခဲ့သည်။
ဆုဝေ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com