http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကမ္ဘာ့ပထမဆုံး အာကာသစူးစမ်းလေ့လာရေး စက်ရုပ် Kirobo





အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် စကားပြောတတ်သည့် စက်ရုပ်လေး တစ်ရုပ်ကို ပထမဆုံး အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ Kiroboဟု အမည်ပေးထားသော စက်ရုပ် အငယ်စားလေးသည် နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင်များနှင့် စကားလက်ဆုံ ကျနိုင်မည်ဟု ဆိုသည်။

Kiboဟူသော ဂျပန် စကားနှင့် ဆက်နွယ်ပြီး အမည်ပေးထားသည့် စက်ရုပ်လေးများသည် အမြင့် (၃၄)စင်တီမီတာသာ ရှိမည်ဟုဆိုသည်။ Kiboဆိုသော စကားလုံးသည် ဂျပန်ဘာသာအရ မျှော်လင့်ချက်ဟု အဓိပ္ပါယ်ရသည်။ ယင်းစက်ရုပ်ငယ်လေးအနက် ပထမဆုံး တစ်ရုပ်သည် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ နက္ခတ်ဗေဒ ပညာရှင် တစ်ဦးနှင့်အတူ အာကာသတွင်း သွားရောက် ချိတ်ဆက်မည် ဖြစ်သည်။

ပညာရှင်များက Kiroboသည် အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်များတွင် အမှန်တကယ် အကူအညီ ပေးနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ Kiroboကို ဂျပန်နိုင်ငံတွင် မိတ်ဆက် ပြသခဲ့ရာ သွက်လက်ချက်ချာစွာ စကားပြောနိုင်သလို သတင်းထောက်များ၏ မေးမြန်းမှုများကိုလည်း ရည်ရည်မွန်မွန် ဖြေဆိုခဲ့သည်။

ပြည်သူ့ဆက်ဆံရေးနှင့် ကြော်ငြာ လုပ်ငန်းစု Dentsuနှင့် တိုကျိုတက္ကသိုလ်တို့သည် Robo Gargaeနှင့် Toyota ကော်ပိုရေးရှင်းတို့ကို ချိတ်ဆက်ပူးပေါင်းကာ ယခုစက်ရုပ်ငယ်လေးကို သုတေသနပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်။ "ရုရှားက အာကာသထဲ အရင်ဆုံး ရောက်ခဲ့သူတွေ ဖြစ်တယ်။ အမေရိကန်တွေက လပေါ်ကို ပထမဆုံး ခြေချခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ကလည်း ဂျပန်တွေဟာ လူသားတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ ပထမဆုံး စက်ရုပ် နက္ခတ်ဗေဒ ပညာရှင်ကို အာကာသထဲ လွှတ်ပေးနိုင်သူတွေ ဖြစ်ချင်တယ်လေ"ဟု Kirobo ပရောဂျက်၏ မန်နေဂျာဖြစ်သူ ယိုရီချီကာ နီရှီဂျာမာက ပြောကြားခဲ့သည်။

Kiroboသည် (၁၃)လက်မသာ မြင့်ပြီး (၁)ကီလိုဂရမ် ဝန်းကျင်သာ အလေးချိန်ရှိသည်။ သတင်းထောက်များက Kirobo၏ အိပ်မက်ကို မေးမြန်းခဲ့ရာ "စက်ရုပ်နဲ့ လူသားတွေ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ အနာဂတ် တစ်ခုကို ဖန်တီးသွားချင်တာပါ"ဟု ဖြေဆိုသွားသည်။
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com