http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး ယူရို ၁၀ သန်း EU ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၉
မြန်မာနိုင်ငံကို အထူးအခွန် သက်သာခွင့် ပြန်လည် ပေးအပ်ခဲ့သော ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို၁၀သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြည်ပရေးရာ ဆိုင်ရာ အလုပ်အမှုဆောင် အရာရှိချုပ် Mr.David O’Sullivan က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။

EU က ပြန်လည် ပေးအပ်သော အထူးအခွန် သက်သာခွင့်အရ မြန်မာနိုင်ငံမှ ထွက်သော ပြည်တွင်း ထွက်ကုန်များ EU နိုင်ငံများသို့ တင်ပို့ရာတွင် အဆင့်မြင့်၍ အရည်အသွေး ပြည့်မီနိုင်စေရန် အတွက် ကုန်ပစ္စည်း ထုတ်လုပ်သော စက်မှုလုပ်ငန်းများ၊ စက်ရုံများတွင် နည်းပညာ အထောက်အပံ့များ ပေးအပ်ရန် အတွက် အဆိုပါ ငွေများကို သုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ထောက်ပံ့ငွေ ပေးအပ်ရန်အတွက် မြန်မာနိုင်ငံ၌ ဇွန်လ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင် ပထမဦးဆုံး ကျင်းပသည့် ဥရောပ-မြန်မာ ဖိုရမ်တွင် Mr.David O’Sullivan နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မတ်လအတွင်း EU နိုင်ငံများသို့ ပထမဦးဆုံး သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose’ Manuel Barroso ၊ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy တို့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ယင်းဖိုရမ်တွင် ဆွေးနွေးခဲ့ ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
The Voice Weekly

“ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်
ပြောင်းလဲမှုတွေကို အမြဲ အားပေး ထောက်ပံ့နေမှာပါ”ဟု ၎င်းကဆိုသည်။

ထို့ပြင် အီးယူက မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် တရားစီရင်ရေး မဏ္ဍိုင် ဖြစ်ကြသည့် မြန်မာလွှတ်တော် ပိုမိုအားကောင်း လာစေရန် ဥရောပသမဂ္ဂ ပါလီမန်က ပူးပေါင်း ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်နှင့် အီးယူခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် အတွက် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ဥရောပသမဂ္ဂ ပါလီမန်တွင် လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများအပေါ် မြန်မာအစိုးရ၏ ဖြေရှင်းပုံများကို အလွန်စိတ်ဝင်စားလျက် ရှိကြောင်းနှင့် ဒုက္ခသည် စခန်းများရှိ ပြည်သူများကို နေရာပြန်လည် ချထားပေးရန် ၎င်းကတောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း၏ အဓိကအကြောင်း အရင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်း တို့ကြောင့်ဖြစ်ပြီး၊ ယင်းကိစ္စများကို အစိုးရက ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ပဋိပက္ခများ လျော့နည်းအောင်
ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းကရှင်းပြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂက ပေးအပ်သော ပို့ကုန် ပစ္စည်းများအတွက် အထူးအခွန် သက်သာခွင့်(GSP-Generalized Scheme of Perferences) ကို မြန်မာနိုင်ငံအတွက် ပြန်လည် ပေးအပ်မည်
ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇွန်လ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

GSP ရရှိပါက အခွန် အပြည့်အဝ ကင်းလွတ်ခွင့်ဖြင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်း ထွက်ကုန် ပစ္စည်းများကို တင်ပို့နိုင်မည် ဖြစ်ကြောင်း အီးယူက သတင်းထုတ် ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ တင်ပို့ခဲ့သော ပို့ကုန်များနှင့် သွင်းကုန်များအတွက် ပေးသွင်းခဲ့သော အခွန်များ ပြန်လည် ထုတ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း အီယူရုံးမှ သတင်းရရှိသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ၁၉၉၇ခုနှစ် မတိုင်ခင်အထိ အဆိုပါ အထူးအခွန် သက်သာခွင့် GSP ကို ပေးအပ်ခဲ့သော်လည်း ယင်းနောက်ပိုင်း ယခင် တပ်မတော် အစိုးရ လက်ထက် အဓမ္မ လုပ်သား ခိုင်းစေမှု များကြောင့် ပြန်လည် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အီးယူက ထင်သာမြင်သာ ရှိလှသည့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများကို အသိအမှတ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ဘဏ္ဍာရေး ပိတ်ဆို့မှု အားလုံး (လက်နက် အရောင်းအဝယ်မှအပ) ကို ဧပြီလ ၂၂ရက်နေ့တွင် ကျင်းပသော အီးယူ နိုင်ငံခြားရေး ဝန်ကြီး များ၏ အစည်းအဝေးတွင် အပြည့်အဝ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com