http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဆု သုံးဆုရ

ရန်ကုန်၊ ဇွန်၁၉
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော လူ့အခွင့်အရေး လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်တွင် ဇွန်လ ၁၉ရက်နေ့ ညနေ၅နာရီ အချိန်တွင် ပြုလုပ် ခဲ့ရာ ပေးအပ်သော ဆုလေးဆု အနက် 'မတ် ၁၃ ဆု' ၊ 'မင်းကိုနိုင်ဆု'နှင့် 'ဒေါ်အောင်ဆန်းစုကြည်ဆု' တို့ကို မြန်မာနိုင်ငံမှ လူငယ်များ ရရှိခဲ့ကြသည်။

လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်၏ အဓိကဆု သုံးဆု ဖြစ်သော မတ် ၁၃ ဆုကို စစ်တုရင် ကာတွန်း ဇာတ်လမ်းတိုဖြင့် Animation ရုပ်ရှင်တစ်ခု ဖန်တီးသူ မောင်စွမ်းသူရထွန်းက ရရှိပြီး မင်းကိုနိုင် ဆုကို White and Green ဇာတ်လမ်းတိုဖြင့် လူငယ်ငါးဦး ဖွဲ့စည်းထားသော Myanmar Treasure Media ကရရှိ၍ မြန်မာနိုင်ငံမှ ချီးမြှင့်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို ၈၈ လှုပ်ရှားမှုဖြင့် ထောင်၃၆နှစ် ကျခဲ့သော ကျောင်းသားဟောင်း ဆန်းဇော်ထွေးအကြောင်း ဖော်ပြ ထားသော Survival in Prison ဇာတ်လမ်းဖြင့် ဒါရိုက်တာရီနန်းထိုက်က ရရှိခဲ့သည်။

ထို့နောက် NBC(Norwegian Burma Committee)က ပေး အပ်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို အင်ဒိုနီးရှားနိုင်ငံမှ The art of killing ဇာတ်ကားဖြင့် Joshua Oppenheimer တို့က ရရှိခဲ့သည်။

"ဆုရတဲ့သူတွေ အကုန်လုံးက လူငယ်တွေဖြစ်နေတာ သတိထားမိတယ်။ အဲဒီအတွက် ပိုပြီးကျေနပ်တယ်။ ဒီမှာပြသွားတဲ့ Animation တစ်ခုဆိုရင် ကလေးကအစ သိနိုင်အောင်လို့ ပြသွားတဲ့ လူငယ်လေးတွေကို ချီးကျူး ချင်ပါတယ်။ အဲလိုမျိုး တက်သစ်စ လူငယ်တွေက နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ရုပ်ရှင်ပညာဆိုတဲ့ ပညာရပ်တစ်ခုနဲ့ လေ့လာနိုင်တာတွေ့ရ လို့ လေးစားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှ ဇာတ်ကားပေါင်း ၂၁ ကားနှင့် ပြည်ပမှ ဇာတ်ကားပေါင်း၂၂ကား ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြည်တွင်းမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဇာတ်ကားများကို ဒိုင်များအဖြစ် ဦးမင်းကိုနိုင်၊ ဦးမင်းထင် ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က တာဝန်ယူပြီး ပြည်ပမှ ပေးပို့သော ဇာတ်ကားများကို Ally Derks၊ Igor Blazevic နှင့် ဒေါ်ဆွေဇင်ထိုက်တို့က ဒိုင်များအဖြစ် တာဝန်ယူခဲ့ကြောင်း လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံ တကာ ရုပ်ရှင် ဖြစ်မြောက်ရေးမှ လက်ထောက် မန်နေဂျာ ဒေါ်မွန်မွန်မြတ် က ပြောကြားသည်။

"အခုလို ဆုရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ဒီဆုရရမယ် လို့လည်း မမျှော်လင့်ပါဘူး။ ဒီထဲမှာ ကျွန်တော် အမေရိကန်သမ္မတ အိုဘားမား ပြောထားတဲ့ စကားလေး တစ်ခွန်း ထည့်ထားပါတယ်။ အခုလိုဒေါ်အောင်ဆန်းစုကြည် ဆုရတဲ့အတွက် ဝမ်းသာပါတယ်" ဟု ဒါရိုက်တာ ရီနန်းထိုက်က ဆိုသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com