http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း ၂၀၀ ကျော် ရရှိ

ရန်ကုန်၊ ဇွန် ၁၉
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့တွင် အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း နှစ်ရာကျော် ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက ပြောကြားသည်။

အဆိုပါ ငွေကျပ် သိန်းနှစ်ရာသည် မွန်းလွဲ၁ နာရီခန့်က ကောက်ခံ အတည်ပြု ထားခြင်းဖြစ်ပြီး ထပ်မံ လှူဒါန်းသူများရှိကြောင်း၊ စုစုပေါင်း ရရှိသည့် အလှူငွေ စာရင်းကို ဆက်လက်ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ဒေါ်အေးအေးမာက ထပ်မံ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ ရာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊ NLD ပညာရေးကွန်ရက်သို့ ကျပ် ၄၅ သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား အလှူငွေ ကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Yang Houlan အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အချို့မှ ခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်ကာ မွေးနေ့ လက်ဆောင်များ ပေးပို့ခဲ့သည်။

ပညာရေးကွန်ရက် ရန်ပုံငွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ပြည်သူ့ရင်ပြင် ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်သည့် ဆွယ်တာ နှစ်ထည်ကို လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် ၁၀၄၅ သိန်း ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့တွင် လက်ခံရရှိသည့် မွေးနေ့လက်ဆောင် ငွေကြေး ပစ္စည်း အားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်နှင့် ပညာရေး ကွန်ရက်များသို့ ပြန်လည် လှူဒါန်းသွားမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့က ကြိုတင် ကြေညာထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com