http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကြံ့ခိုင်ရေးနှင့်မပူးပေါင်းနိုင်ဟု ဦးဝင်းတင်ပြော

ရန်ကုန်၊ ဇွန် ၁၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် နေရာအများစု အနိုင်ရပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည် မဟုတ်ကြောင်း NLD ပါတီ၏ နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိက ခရီးစဉ်အတွင်း လာမည့် ရွေးကောက်ပွဲအပြီး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ပူးပေါင်းကာ အစိုးရဖွဲ့ရန် အလား အလာရှိကြောင်း ထုတ်ဖော် ပြောကြားသည့်အပေါ် ဦးဝင်းတင်က ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်း အနားအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြော ကြားခြင်းဖြစ်သည်။

NLD ပါတီသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သွားမည်ဟု ဆုံးဖြတ် ထားပြီး မိမိတို့အနေနှင့် ပါတီအပေါ် ယုံကြည်မှု အပြည့်ရှိကာ တစ်ပါတီတည်း လုပ်နိုင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြား သည်။

"ကျွန်တော်တို့အနေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မူမရှိဘူး။ ဒါပေမဲ့ ညွန့်ပေါင်းကို ပစ်ပယ်တာ မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ Landslide နိုင်ခဲ့ရင်တောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူထောက်ခံတဲ့ အဖွဲ့တွေနဲ့ အမြဲပဲ လက်တွဲလုပ်ကိုင် သွားမှာပါ" ဟု ဦးဝင်းတင်က ဆိုသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လိုပါက လက်ရှိ လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရထား သည့် ကြံ့ခိုင်ရေးပါတီနှင့် သဘောတူညီချက် တစ်ခု ရယူကာ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက သုံးသပ် သည်။

အကယ်၍ ၂၀၁၅ ခုနှစ်တွင် NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင် ရပါကလည်း တပ်မတော် ခေါင်းဆောင်ဟောင်း အချို့ ပါဝင်သော ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များကို အသိအမှတ်ပြုသည့် အနေနှင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း အဆိုပါ နိုင်ငံရေး လေ့လာ သုံးသပ်သူက ဆက်လက် အကြံပြုသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အခြား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးကမူ ၂၀၁၅ ခုနှစ် တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး တပ်မတော်သားများ ဝိုင်းဝန်း ကူညီရန် မေတ္တာရပ်ခံကြောင်း ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ၎င်း၏ အမေရိက ခရီးစဉ် အတွင်း ၂၀၁၅ ခုနှစ်တွင် သမ္မတပြုလုပ်လိုကြောင်း၊ ရွေးကောက်ပွဲ အပြီး၌ NLD နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ဖြစ်နိုင်ခြေရှိပြီး အတိအကျ ပြောရန် မူ စောလွန်းနေသေးကြောင်း ၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့သော်လည်း တပ်မတော် ခေါင်းဆောင်များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ၏ ကန့်သတ်ချက် အချို့ကို ပြင်ဆင်ပေး ခဲ့သောကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ကာ မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com