http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တွေ့ရစဉ်
Thursday, 20 June 2013
ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်း မဟုတ်ဘဲ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်မှ ၁၈ ရက်အထိ အမေရိကန်သို့ ၁၀ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်၊ အောက်လွှတ်တော်များမှ လွှတ်တော်အမတ်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ လွှတ်တော်အမတ် ဟောင်းများ၊ အမေရိကန် ပြည်ထောင်စုရှိ NDI, IRI, NED, IRG, CRS, CBO စသည့် အဖွဲ့အစည်းများ၊ အမေရိကန်သမ္မတ၊ ဒုတိယသမ္မတများ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ စသူတို့နှင့် တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သူရဦးရွှေမန်းသည် ခရီးစဉ်အတွင်း VOA သတင်းဌာနနှင့် တွေ့ဆုံရာ၌လည်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဖြစ်လိုသည်ဟု ပြောကြားခဲ့ပြီးနောက် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်နှင့် ပတ်သက်၍ အပြုသဘောဆောင်သော ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်စစ်အစိုးရ လက်ထက်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဟု ယူဆကာ စိုးရိမ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ် ဆိုသည်ကို လက်ခံလာသည့်အတွက် တိုင်းရင်းသားများ အနေဖြင့် ဆက်လက်တောင်းဆို ရသည်မှာ အားရှိလာကြောင်း...

'ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်၍ အချို့က ခွဲထွက်ခွင့် ရှိသည်ဟု ဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆနေကြကြောင်း၊ အချို့ကလည်း ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်မည်ဟု ထင်နေကြကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ်ပါကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန်သာ ဖြစ်ပါကြောင်း' စသည်ဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် ပင်လျှင် တစ်ခုတည်းသော တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံးဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ကျင့်စဉ်ဖြစ်ပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရန်အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခင်စစ်အစိုးရ လက်ထက်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဟု ယူဆကာ စိုးရိမ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ခြင်းမဟုတ် ဆိုသည်ကို လက်ခံလာသည့်အတွက် တိုင်းရင်းသားများ အနေဖြင့် ဆက်လက်တောင်းဆို ရသည်မှာ အားရှိလာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားထားသည်။

ယင်းကဲ့သို့ သူရဦးရွှေမန်း ပြောကြားမှုအပေါ် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ''အရင်တုန်းကတော့ တပ်မတော်က အာဏာသိမ်းခဲ့တာဟာ ဖက်ဒရယ်မူကြောင့် ဖြစ်ခဲ့တယ်။ ဖက်ဒရယ်ဟာ ပြည်ထောင်စု ပြိုကွဲစေမယ့်မူ ဖြစ်တယ်ဆိုပြီး နိုင်ငံပိုင် မီဒီယာတွေက တောက်လျှောက် ၀ါဒဖြန့်ခဲ့တော့ ကျွန်တော်တို့ ဘယ်လိုပဲ ပြောခဲ့ပေမယ့် ခရီးမရောက်ခဲ့ဘူး။ အခုတော့ တော်တော်လေး ပြောခွင့်ဆိုခွင့် ရလာတယ်။ ရေးသား ခွင့်တွေလည်း ရလာတယ်။ အဲဒါအပြင် အခုလို တပ်မတော် အဆင့်မြင့် အရာရှိတစ်ဦး ဘ၀ကလာတဲ့ သူရဦးရွှေမန်းက ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဒီလိုပြောလာတဲ့အပေါ် ကောင်းတဲ့ လက္ခဏာတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည် ဖော်ဖို့ကတော့ ဒီလိုပြောနေရုံ၊ ရေးနေရုံနဲ့တော့ ဖြစ်မလာနိုင်ပါဘူး'' ဟု ပြောကြားသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com