http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနိုင်ငံ အပြောင်းအလဲအချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြော

၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)
Thursday, 20 June 2013
မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဗြိတိန်ခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဇွန် ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ သတင်းသမားများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းသမား တစ်ဦးက မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲမှုများအား အဓိက အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဦးမင်းကိုနိုင်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့အပြင် ပြောင်းလဲမှုများအတွက် အားထုတ် ကြိုးပမ်းမှုများလည်း ရှိခဲ့သဖြင့် မပြောင်းမဖြစ် ပြောင်းလဲခဲ့ရသည့် အခြေအနေ ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း အများကြီး ပြောင်းလဲတယ်လို့ စွဲမှတ်မထားသင့်ကြောင်း၊ အပြောင်းအလဲ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် နိုင်ငံရေး ပါတီဖွဲ့ရန် ဆွေးနွေးဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့မှ လွှတ်တော်တွင်း ၀င်လိုသူများ ရှိပါကလည်း ခွဲခြားတာဝန် ခွဲဝေမှုဖြင့် လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန် အင်မတန် အရေးကြီးကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့ ဒီမိုကရေစီတို့တွင် အာရုံစိုက်ကာ တစိုက်မတ်မတ် လုပ်မည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုအရ ဗြိတိသျကောင်စီနှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် သွားရောက်ခဲ့သည့် ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်များ အနေဖြင့် ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ၀န်ကြီးများနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှပါလီမန် လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်လေ့လာခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာရန်အတွက် မြောက်အိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် ဥထ်သမိ တက္ကသိုလ်သို့ လည်းကောင်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်ရောက် မြန်မာမိသားစုများဖြင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com