http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အိုင်ယာလန်အစိုးရ တရားရေးဝန်ကြီးနှင့် ၈၈မျိုးဆက်များတွေ့ဆုံ

အင်္ဂလန်နိုင်ငံခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ရောက်ရှိနေကြသော ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုမာကီ၊ မမီးမီးနှင့် မနီလာသိန်းတို့သည်၊ ၂၀၊ ၆၊၂ဝ၁၃နေ့၊ နံနက်က လေကြောင်းခရီးစဉ်ဖြင့် လန်ဒန်မြို့၊ ဂတ်ဝစ်လေဆိပ်မှတစ်ဆင့် အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်မြို့သို့ နံနက် ၁၀း၃၀နာရီတွင် ရောက်ရှိခဲ့ကြသည်။ နံနက် ၁၁းဝဝနာရီတွင် အိုင်ယာလန်နိုင်ငံအစိုးရအဖွဲ့မှ Justice ဝန်ကြီး David Ford MLA ကို ၎င်း၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး၊ မြောက်အိုင်ယာလန်၏ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့မှု ဖြစ်စဉ်များနှင့် လက်ရှိအနေအထားများကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ထို့နောက် နေ့လည် ၂းဝဝနာရီတွင် Justice ဝန်ကြီးဌာနအောက်ရှိ COMPENSATION SERVICE ဌာနကို့သွားရောက်၍ ပဋိပက္ခကာလအတွင်း ပြည်သူများ၏ ဆုံးရှုံးနစ်နာခဲ့ရမှုများအား ကုစားပေးခဲ့မှုများနှင့် ဆက်လက်၍ဆောင်ရွက်နေမှုများကို လေ့လာဆွေးနွေးခဲ့ကြသည်။

ညနေ ၄းဝဝနာရီတွင် HUMAN RIGHTS COMMISSION သို့ရောက်ရှိခဲ့ကြပြီး Chief Commissioner ဖြစ်သူ Prof: Michael O'Flaherty က အိုင်ယာလန်နိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့အနေဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းပြောပြခဲ့ပြီး၊ ၈၈မျိုးဆက်တို့ကလည်း မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်ရေး အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညနေ ၅းဝဝနာရီတွင် မြောက်အိုင်ယာလန်ပဋိပက္ခများဖြစ်ပွားရာ အရပ်သို့ မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာခဲ့ကြသည်။ ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်များကို တခမ်းတနားတွေ့မြင်နေရသည်မှန်သော်လည်း၊ ကွဲပြားနေသောပြည်သူများအကြား အကြွင်းမဲ့ငြိမ်းချမ်းရေးရရှိရန် ကာလကြာရှည်ကြိုးပမ်းရဦးမည့် လက္ခဏာများလည်း မြင်တွေ့ခဲ့ရသည်။
The 88 Generation Peace and Open Society








မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com