http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ အထမမြောက်

ဓာတ်ပုံ – သီဟ
ရန်ကုန်၊ ဇွန် ၁။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီသားဖွားနှုန်းကို တစ်အိမ်ထောင်ကို နှစ်ယောက် သားမွေးဖွားခွင့်ပြုမည်ဟု
အစိုးရမှ ဥပဒေထုတ်ပြန်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ လူ့အခွင့်အရေးနှင့် မညီညွတ်ဟု ပြောဆိုလိုက်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရခိုင်တိုင်းရင်းသားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့တွင် ဆန္ဒပြမည်ဟုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန္ဒပြပွဲ အထမမြောက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့သို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်
လာရောက်ခဲ့ပြီး “ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြမယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းကြားပြီးလာတဲ့
ရခိုင်တွေကိုလည်း လာတားတာပါ။ ကျွန်တော်အခု ရခိုင်ဓမ္မာရုံကနေ ပြန်လာတာပါ။ အဲ့မှာလည်း ကျွန်တော်တို့ လူမျိုးတွေကို ဒီလိုဆန္ဒပြစရာ မလိုဘူးလို့ ပြောပြီးပါပြီ” ဟုပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပြောချင်တာကတော့ သူပြောတဲ့စကားကို ရခိုင်တိုင်းရင်းသား အားလုံးက ရှုံ့ချပါတယ်။ သူမွတ်စလင်တွေဘက်က ရပ်တည်မယ်ဆိုရင်လည်း မွတ်စလင်နိုင်ငံဖြစ်တဲ့  ဆော်ဒီနိုင်ငံလို နေရာမျိုးမှာသွားပြီး အရင်ဆုံး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အခွင့်အရေးသွားတောင်းလို့ ပြောချင်ပါတယ်။ OIC ရှိတဲ့နိုင်ငံမှာ အရင်ရအောင် သွားတောင်းပါ။ ပြီးမှ မြန်မာနိုင်ငံမှာ လာတောင်းလို့ ပြောချင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးကလည်း ယခုလိုဆန္ဒပြရန် သတင်းများ ထွက်ပေါ်လာပြီး ရဲမင်းဦးကဲ့သို့နောက်ထပ် ရခိုင်တိုင်းရင်းသားများ အဖမ်းခံရမည်ကို မလိုလားကြောင်း၊ သူ့ထင်မြင်ချက် ကိုယ့်ထင်မြင်ချက်ပြောကြားသည့် စကားကို ဆန္ဒပြရန် မလိုကြောင်း ပြောကြားသည်။
ဆုဝေ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com