http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

“ဝ” ပြည်နယ်အုပ်ချုပ်ခွင့်ရတောင်းခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်လိုခြင်းမဟုတ်ဟုဆို

မြစ်ကြီးနား၊ မေ ၃၁။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်
သတ်မှတ်ပေးထားသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်အဖြစ်
နိုင်ငံတော်အစိုးရအား အသိအမှတ်ပြု သတ်မှတ်ခိုင်းရခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်ရန်အတွက် မဟုတ်ဘဲ ယခုကဲ့သို့ တောင်းသင့်သည့်အရာအတွက်သာ တောင်းခြင်းဖြစ်ကြောင်း “ဝ”ပြည်နယ်ပြင်ပဆက်ဆံရေး ဌာနကြီး၏ ဒုတိယဌာနမှူးကြီး ဦးဆန်ခွင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့အခုလိုမျိုး ရှမ်းပြည်နယ်ကနေ ခွဲထွက်ဖို့တို့ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးမဟုတ်ပါဘူး။ ပြီးတော့ သီးသန့်လွတ်လပ်တဲ့ နိုင်ငံ အတွက်လဲ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာ
အစိုးရကဖွဲ့စည်းပေးထားတဲ့ ဗဟိုကော်မတီဆိုပြီး ၂၁ဦးပါဝင်တဲ့ အမြဲတမ်းကော်မတီ ရှိပါတယ်။
ကျွန်တော်တို့လိုချင်တာက တစ်က အစိုးရတပ်မတော်နဲ့ နှစ်က “ဝ” တပ်မတော်ပါပဲ။ အခုလိုမျိုးတောင်းရတာလဲ တောင်းသင့်တယ် ထင်လို့”ဟု ၎င်းက ပြောကြားသည်။

ထို့နောက် ယခုအချိန်တွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈မျိုးဖြစ်ကြောင်း သိရပြီး အစိုးရမှ အမြဲတမ်းကော်မတီ ၂၁ဦးရှိကြောင်း သိရသည်။

ယင်းပြင် ပြီးခဲ့သည့်လများ၌ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရဟတ်ယာဉ်များနှင့်
သင်္ဘောများထားရှိသည်ဆိုသည့် ကိစ္စရပ်နှင့် စပ်လျဉ်း ၍ လည်း “ဝ”ပြည်သူပြည်သားများ
မြင်ဖူးစေရန်အတွက်သာ ဝယ်ထားခြင်းဖြစ်ကြောင်း သိရပြီး ရဟတ်ယာဉ်သည် ပျံသန်းလို့မရကြောင်း
လေ့လာကြည့်ရှုရန်သာဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ”တွေက စစ်လေယာဉ်တွေဝယ်တယ်ဆိုတာ လျှောက်ပြောတာ။ အမှန်က ရဟတ်ယာဉ်နှစ်ဆီးကို တာချီလိတ် အပန်းဖြေ စခန်းမှာ လေ့လာဖို့ထားဖို့ပဲရှိပါတယ်။ ဒါကလဲ အထူးသဖြင့် တိုင်းရင်းသားတွေ မမြင်ဖူးတဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ ဒီရဟတ် ယာဉ်ကလည်း တရုတ်ကဝယ်တာမဟုတ်ဘူး။ ကုမ္ပဏီက အပြတ်ဝယ်တာ။ အဓိကက အလှပြဖို့ပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြော ကြားသည်။

“ဝ”လက်နက်ကိုင်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သည် ၂၀၀၈ခုနှစ်အတွင်း ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းအား နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းနှင့်
စပ်လျဉ်း၍ မလက်ခံသည့်အတွက် ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် အစိုးရအဖွဲ့ဖြင့် ဆက်ဆံရေး ပျက် ပြားသွားခဲ့ကြောင်း သိရကာ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဆက်ဆံရေးရုံးအဖြစ် ကျိုင်းတုံ၊ တာချီလိတ်၊ ပန်ဆိုင်းနှင့် လားရှိုးတို့ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com