http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အစာငတ်ခံ ဆန္ဒပြလုပ်သားများ တောင်းဆိုချက် ညှိနှိုင်းဖြေရှင်းရန် အလုပ်ရှင် ကမ်းလှမ်း

ရန်ကုန်၊ မေ ၃၁
အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု လေးရက် ကြာမြင့်လာပြီဖြစ်သော လှိုင်သာယာမြို့နယ် ငွေပင်လယ် ရေလုပ်ငန်းစက်မှုဇုန်ရှိ စံကောင်းပီနန်အိတ် စက်ရုံ အလုပ်သမားများ၏ တောင်းဆိုချက်များကို ညှိနှိုင်းဖြေရှင်းရန် ဆန္ဒပြလုပ်သားများကို ဖိတ်ခေါ်ထားကြောင်း အဆိုပါစက်ရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။

မေလ ၃၁ ရက်နေ့က ဆန္ဒပြ အလုပ်သမားများ ကိစ္စနှင့် ပတ်သက်၍ Royal Garden ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

အလုပ်သမားများ၏ လိုအပ်ချက်ကို တောင်းဆိုခြင်း ဖြစ်သည့်အတွက် ဆန္ဒပြမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ဆန္ဒပြတောင်းဆိုနေသည့် တောင်းဆိုချက် များကို အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း ဦးခင်မောင်မြတ်က ဆိုသည်။
"တရားဥပဒေ ဘောင်ထဲကပဲ ညှိနှိုင်းဆောင်ရွက်သွားမယ်" ဟု ၄င်းက ထပ်မံ ပြောကြားသည်။

အလုပ်သမားများ အနေနှင့် ညှိနှိုင်းမှုပြုလုပ်ရန် တရားဝင်စာထုတ်ကာ မဖိတ်ခေါ်ဘဲ စက်ရုံပိုင်နက်ထဲကို ဝင်ရောက်ပါက ပိုင်နက်ကျူးလွန်မူဖြင့် တရားစွဲ ခံရနိုင်သဖြင့် တရားဝင်စာထုတ် ဖိတ်ခေါ်ပေးစေလိုကြောင်း အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးဝင်းထွန်းအောင်က ဆိုသည်။
"ကျွန်တော်တို့ ဘက်ကလည်း ညှိနှိုင်းဖို့အတွက်ပဲ စောင့်နေတာပါ" ဟု ၄င်းက ထပ်မံပြောဆိုသည်။

ယခုကဲ့သို ဆန္ဒပြမှုများ မပေါ်ပေါက်မီက အလုပ်မှ ထုတ်ပယ်ထားသည့် အလုပ်သမား ၄၇ ဦးကိစ္စကို ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ် မူတည်ကာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။

အချက် ၅၇ ချက် တောင်းဆိုထားသော်လည်း လုပ်သားများကို အကြောင်းအမျိုးမျိုး ကြောင့် အရေးယူမည် (အလုပ်ထုတ် စသည့်) ဆိုပါက အရေးမယူမီ အလုပ်ရှင်၊ အလုပ်သမား သမဂ္ဂ၊ ကာယကံရှင် အလုပ်သမား ဆွေးနွေးပြီးမှသာ ဆုံးဖြတ်လုပ်ကိုင်ရန် အချက်တစ်ချက် ကိုသာ အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင်က မလိုက်လျော၍ အစာငတ်ခံ ဆန္ဒပြမှုဖြစ်ပေါ် လာရခြင်းဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများထံမှ သိရှိရသည်။

တောင်းဆိုချက်များကို အလုပ်ရှင်က မလိုက်လျောဟု ဆိုကာ မေလ ၂၇ ရက်နေ့မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြသည့် လုပ်သား ၁၆ ဦးအနက် နှစ်ဦးမှာ ဗိုက်အောင့်သည့်ဝေဒနာ ခံစားခဲ့ရပြီး အင်းစိန်ဆေးရုံတွင် လုပ်သားတစ်ဦး ဆေးကုသမှု ခံယူနေရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com