Photo: Suu Sha |
ဒူဘိုင်း၊ မတ် ၄။
ယူအေအီးသမ္မတ ရှိတ်ခါလီဖာ၏ ခါလီဖာ ဘင်ဇေယတ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဖေါင်ဒေးရှင်းသည် မြန်မာရှိ ရခိုင်ပြည်နယ်မှ မူဆလင်များအတွက် အစားအစာထောက်ပံ့မှုတန်ချိန် ၂,၆၀၀ ကိုပေးပို့လိုက်ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်း အေဂျင်စီ Wam က ပြောကြားလိုက်သည်။
ယခုထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုမှာ ရခိုင်သို့ ဖေါင်ဒေးရှင်းမှပေးပို့ခဲ့သည့်ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်တန်ချိန် ၅,၂၀၀ မှ နောက်ဆုံးအသုတ် ပေးပို့ခြင်း ဖြစ်သည်။ထောက်ပံ့ရေးပစ္စည်းများကြောင့် ရခိုင်ရှိ ဒုက္ခသည် ၈၅၀,၀၀၀ခန့်ကို အစားအစာဖူလုံရေး အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ခါလီဖာဖေါင်ဒေးရှင်း၏ ယခုပရောဂျတ်ကို သမ္မတ ရှိတ်ခါလီဖာ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယူအေအီးမှ ရခိုင်ပြည်နယ်သို့ တင်ပို့ခဲ့သော ပစ္စည်းများတွင်ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအတွက် အခြေခံစား သောက် ကုန်နှင့် အဝတ်အထည်များပါဝင်ကြောင်းသိရသည်။
Ref: thenational.ae
The Myanma Age