http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြည်ခိုင်ဖြိုးနှင့် NLD ပေါင်း၍မရဟု ဖဒိုအောင်ဆန်းပြော

ဘားအံ၊ ဇွန် ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက အမေရိကန်ခရီးစဉ်အတွင်း လာမည့် ၂၀၁၅ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန်ဖြစ်လာလျှင် ဖွဲ့မည်ဟုပြောကြားခဲ့ခြင်းမှာ ပြည်ခိုင်ဖြိုးနှင့် NLD  ပေါင်း၍မရကြောင်း၊ ယင်းကိစ္စသည် ပြည်ခိုင်ဖြိုးပါတီ၏ အင်အားကိုကြည့်၍ မီးစင်ကြည့်ကသလို လုပ်ဆောင်ရမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အကြံပေးပုဂ္ဂိုလ်၊ ဖာပွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖဒိုအောင်ဆန်းက ပြောသည်။

““NLD နှင့် ဖထီးနှင့် ဘယ်ရမလဲ။ တိုက်မှာပေါ့။ ဒီမှာ NLD ဆိုင်းဘုတ်လာတပ်မယ်လေ။ ဒီဒေသခံတွေက မကြိုက်ဘဲ၊ ဒီဒေသခံတွေ ပြည်ခိုင်ဖြိုးပါတီဝင် အကုန်ဖြစ်ပြီးလေ။ NLD ၀င်လို့ဘယ်ရမလဲ။ ဖာပွန်မြို့နယ်မှာ လုံးဝမရဘူး။ တ.စ.ည တောင် ပြုတ်ပြီးပြီပဲဟာ။ တခြားနေရာမှာတော့ရမှာပေါ့။ သူ  အင်အားမပြည့်ရင်လည်း NLD နဲ့ ညွန့်ပေါင်းအစိုးရလုပ်ရင်လည်းလုပ်ပေါ့။ သူ အင်အားပြည့်ရင်လည်း ပြည်ခိုင်ဖြိုးတစ်ပါတီတည်းနဲ့လုပ် ပေါ့။ သူ့အင်အားကိုကြည့်ပြီး မီးစင်ကြည့်ကပြီးလုပ်ရမှာပေါ့””ဟု ဖဒိုအောင်ဆန်းက ပြောသည်။

ဇွန်လ ဒုတိယပတ်အတွင်း သူရဦးရွှေမန်းက အမေရိကန်နိုင်ငံတွင် ပြည်ခိုင်ဖြိုးနှင့် NLD ညွန့်ပေါင်း အစိုးရကိစ္စ ပြောကြားလိုက်ခြင်းဖြစ်ပြီး သူရဦးရွှေမန်း ယင်းသို့မပြောကြားမီ မေလအစပိုင်းကလည်း NLD ပါတီမှဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်ကလည်း ၂၀၁၅ တွင် NLD ပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရပုံစံကို ဦးတည်သွားမည့်သဘောရှိကြောင်း ပြောကြားခဲ့သေးသည်။

သို့သော် NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ငြင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးကျော်ခင်၏ ပြောကြားချက်နှင့် ပတ်သက်၍ ““အဲဒါသူ့သဘောနဲ့ သူပြောတာပါ။ သူ့ပုဂ္ဂိုလ်ရေးအထင်အမြင်အရ ပြောတာပါ။ ဒီလို ညွန့်ပေါင်းအစိုးရဖွဲ့ရေး၊ မဖွဲ့ရေးဆိုတာဟာ ပါတီက မူအရသာချပြီးတော့ ဆုံးဖြတ်နိုင်တဲ့ကိစ္စပါ””ဟု မေ ၂၁ ရက်ကပြောသည်။ (မြန်မာသံတော် ဆင့်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၁ တွင် ဖော်ပြပြီး)

ဟံသာဝတီဦးဝင်းတင်ကမူ NLD ပါတီအနေဖြင့်မူ ညွန့်ပေါင်းအစိုးရပုံစံဖြစ်သည့် အာဏာခွဲဝေမှုလုပ်ရန် သဘောထားမရှိဟု မေ ၂၇ ရက်က ငြင်းဆိုထားသည်။

““NLD မှာ power sharing  လုပ်ဖို့ သဘောထားမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းရှင်းပဲ ကျွန်တော်တို့က စစ်တပ်နဲ့ မပေါင်းနိုင်ဘူး။ NLD ထဲမှာ power sharing လိုင်းတွေ ၀င်သွားရင်ေ၀၀ါးသွားမယ်””ဟု ဟံသာဝတီဦးဝင်းတင်ကပြောသည်။ (မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၂ တွင်ဖော်ပြပြီး)

ဖဒိုအောင်ဆန်းက ၎င်းအုပ်ချုပ်လျက်ရှိသော ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဘုရားကုန်းငြိမ်းချမ်းရေးဒေသနှင့် ၎င်း၏ မဲဆန္ဒနယ်မြေဖြစ်သော ဖာပွန်မြို့နယ်တို့တွင် NLD ပါတီကို လုံးဝအ၀င်မခံနိုင်ဟု ပြောကြားလိုက်သလို ၎င်း၏ကျေးရွာရှိသူအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်၍ NLD အနေဖြင့် စည်းရုံး၍ မရနိုင်ကြောင်းလည်း ပြောသည်။  
Myanmartandawsint Newspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com