http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဓါးပြတွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြခေါင်းဆောင် ဖမ်းမိ၊ ဘင်္ဂလာဒေခ်ျ့ ရဲ (၄) ဦး ဒဏ်ရာရ

Friday, June 21, 2013
မြန်မာ နယ်စပ် အနီး ဓါးပြ အဖွဲ့ တစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မြန်မာက ဓါးပြ ခေါင်းဆောင် တစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိပြီး ဘင်္ဂလာဒေခ်ျ့ ရဲ အဖွဲ့ဝင် (၄) ဦးလည်း တိုက်ပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဒီကနေ့ထုတ် The Independent သတင်းစာမှာ ဖေါ်ပြပါတယ်။

ဒဏ်ရာ ရသွားတဲ့ ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့ဝင် (၄) ဦးထဲမှာ နှစ်ဦးက အရာရှိဖြစ်ပြီး နှစ်ဦးကတော့ သာမန်ရဲတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

“ ဒဏ်ရာရတဲ့ ရဲအရာရှိနှစ်ဦးကတော့ SI Nasir နဲ့ SI Mnjur Kader တို့ဖြစ်ကြပြီး ရဲတပ်သားတွေကတော့ Mamum (၂၈) နှစ်နဲ့ Mahbob (၂၉) နှစ်တို့ ဖြစ်ကြတယ်” ဆိုပြီး ရဲတာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောဆိုပါတယ်။

သေနတ် ဒဏ်ရာနဲ့ ဖမ်းမိတဲ့ မြန်မာနိုင်ငံကလို့ ပြောတဲ့ ဓါးပြ ခေါင်းဆောင်ကတော့ အမ်းဒီ တာရက် – Md Tarek ( ၃၀) နှစ် ဖြစ်ပြီး သူရဲ့ ဖခင်ကတော့ အဘူလ် ဟူစိန်လို့ ပြောပါတယ်။ ဇာတိကတော့ မောင်တောမြို့နယ် လာပီယာ (Lapiya) ရွာက ဖြစ်တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။

ဓါးပြခေါင်းဆောင် တာရက်ဟာ မြန်မာနိုင်ငံကနေ တရားမ၀င် လာရောက်နေထိုင်တဲ့ ဒုက္ခသည် တစ်ဦး ဖြစ်ပြီး ရာမူးမြို့နယ် Jouarianala မှာ တောင်ပေါ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ပြောပါတယ်။

တာရက် ဦးဆောင်တဲ့ ဓါးပြ အုပ်စုဟာ ဒေါ်လာ ဖိကီယာ မာဇာ အရပ်က အိမ်တစ်အိမ်ကို ဓါးပြတိုက်ဖို့ အတွက် စောင့်ဆိုင်းနေစဉ်မှာ ကော့စ်ဘဇား ခရိုင် အီဂင်ရဲတပ်ဖွဲ့က သတင်းအရ လိုက်သွားစဉ်မှာ ဓါးပြတွေက စတင် ပစ်ခတ်တယ်လို့ ပြောပါတယ်။

ရဲတွေကလည်း ပြန်လည် ပစ်ခတ်တဲ့ အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားပြီး ဓါးပြတွေ ဆုတ်ခွာ ထွက်ပြေးစဉ် ခေါင်းဆောင် ဖြစ်သူ တာရက်ကို ဒဏ်ရာနဲ့ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြ ခေါင်းဆောင်ဆီက ဒေသလုပ် LG အမျိုးအစား သေနတ်တစ်လက်၊ ယမ်းတောင့် ၉ ခုနဲ့ ဓါးပြတိုက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဖမ်းမိတယ်လို့ ပြောပါတယ်။

ဒဏ်ရာ ရသွားတဲ့ ရဲတွေကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။
narinjara

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com