http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Eleven Media Group ၏ အင်္ဂလိပ် ၀က်ဘ်ဆိုက်အား ပထမဆုံး တိုက်ခိုက်ခံရခြင်း


hack-june10
www.eleven-myanmar.com (အင်္ဂလိပ်)

Monday, 10 June 2013

Eleven Media Group ၏ အင်္ဂလိပ်ဘာသာဖြင့် လွှင့်တင်ထားသော www.elevenmyanmar.com တိုက်ခိုက်ခံရသည့်အတွက် အဆိုပါ ၀က်ဘ်ဆိုက်သို့ စာဖတ်သူများ ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက် ညပိုင်းက BHG အမည်ရှိ ဟက်ကာအဖွဲ့ တစ်ခုက www.elevenmyanmar.com အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရေးသားချက်တွင် Eleven Media Group CEO အား ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများကို ထည့်သွင်းရေးသားခဲ့ကြောင်း သိရသည်။

ဇွန် ၇ ရက် The Daily Eleven သတင်းစာ၏ "နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ" ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော အယ်ဒီတာ့အာဘော် ပါရှိခဲ့ပြီးနောက် ဇွန် ၈ ရက်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ အယ်ဒီတာ့အာဘော်၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ သုံးသပ်ရေးသားခဲ့ပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံသုံး၍ ဖန်တီးလှုံ့ဆော်မှုများ၊ ၀ါဒဖြန့်ချိမှုများ ရှိနေကြောင်း၊ နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများကို ဖော်ထုတ်သင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။

"လှုံ့ဆော်မှုတွေနဲ့ ပတ်သက်ရင် အရေးယူမှု အားနည်းတာကို ထောက်ပြတာပါ။ ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ နောက်ကွယ်က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။

 ဒါကို နိုင်ငံတကာကလည်း သိနေပါတယ်။ ပြည်သူတွေကလည်း သိနေပါတယ်။ ဗုဒ္ဓဘာသာလည်း ထိခိုက်ရတယ်။ ၀ါဒဖြန့်ချိ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ရတာတွေက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ image လည်း ထိခိုက်တယ်။ ဒါ့ကြောင့် အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့လိုပြီး သမ္မတမှာလည်း တာဝန်ရှိပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကလည်း ၀ါဒဖြန့်ချိရေး ယန္တရားနဲ့ ပတ်သက်ပြီး ဖိအားပေးစေ ချင်ပါတယ်။ လူများစု ဗုဒ္ဓဘာသာ ၀င်တွေကို လှုံ့ဆော်ပြီး လူနည်းစု မွတ်စလင်တွေကို ၀ိုင်းပယ်ဖို့၊ မွတ်စလင် စီးပွားရေးတွေ သပိတ်မှောက်ဖို့ အမုန်းပွား လှုံ့ဆော်မှု (Hate campaign)တွေကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ပြည်သူတွေ နားမယောင်ဖို့ အရေးကြီးပါတယ်။ ဒါတွေဟာ အာဏာရှင်ဝါဒ ဖြန့်ချိရေး ယန္တရားရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

လူများစု ဗုဒ္ဓဘာသာ ၀င်တွေကို လှုံ့ဆော်ပြီး လူနည်းစု မွတ်စလင်တွေကို ၀ိုင်းပယ်ဖို့၊ မွတ်စလင် စီးပွားရေးတွေ သပိတ်မှောက်ဖို့ အမုန်းပွား လှုံ့ဆော်မှု (Hate campaign)တွေကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ပြည်သူတွေ နားမယောင်ဖို့ အရေးကြီးပါတယ်။ ဒါတွေဟာ အာဏာရှင်ဝါဒ ဖြန့်ချိရေး ယန္တရားရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ် . . . . .
ဝါဒဖြန့်ချိရေး ယန္တရား အားကောင်းနေဆဲဖြစ်ပြီး လူထုမောင်ကာဠု၊ We love True၊ Opposite eye ကဲ့သို့သော ၀ါဒဖြန့် လှုံ့ဆော်မှုများ ပြုလုပ်နေသည့် facebook account များတွင် အခြားသူများ အလွယ်တကူ မသိနိုင်သည့် အစိုးရနှင့် တပ်မတော်၏ အတွင်းသတင်း အချို့ကို ဖော်ပြရေးသားခြင်း၊ အစိုးရကို ထောက်ခံခြင်း၊ သမ္မတကြီးအား ပုဂ္ဂိုလ်ရေး ထောက်ခံခြင်းများ၊ အတိုက်အခံနှင့် လွှတ်တော်၊ မီဒီယာများကို ပုတ်ခတ်ရေးသား ခဲ့ကြသည်။

Eleven Media Group သည် The Daily Eleven နေ့စဉ် သတင်းစာနှင့် Weekly Eleven News ဂျာနယ်၊ First Eleven Sports ဂျာနယ်၊ Premier Eleven Sports ဂျာနယ်တို့ကို ထုတ်ဝေလျက်ရှိပြီး www.news-eleven.com(မြန်မာ)၊ www.eleven-myanmar.com(အင်္ဂလိပ်)၊ Eleven Media Group facebook တို့တွင်လည်း သတင်းများ ၀င်ရောက်ဖတ်ရှု နိုင်ပါသည်။

Eleven Media Group ၏ www.elevenmyanmar.com (အင်္ဂလိပ်) ၀က်ဘ်ဆိုက်အား ပထမဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး www. news-eleven.com (မြန်မာ)၀က်ဘ်ဆိုက်နှင့် Facebook တို့သည်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရမှုများ ရှိခဲ့ပြီး ဖြစ်သည်။

Eleven Media Group ၏ အင်္ဂလိပ်ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး မိနစ်ပိုင်း အတွင်းမှာပင် လူထုမောင်ကာဠု၊ We love True အစရှိသော ၀ါဒဖြန့်ချိရေး သမားများ၏ Facebook စာမျက်နှာများတွင် ဤသတင်းအား ဖော်ပြခဲ့ပါသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com