http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၀၁၅ ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့်


ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ဇွန် ၃ ရက်က တွေ့ရစဉ်

Monday, 10 June 2013
တစ်ပတ်အတွင်း နိုင်ငံရေး သတင်းသုံးသပ်ချက်

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအရ ထင်ရှားတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေနဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်၏ မြန်မာနိုင်ငံခရီး

ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဟာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်မှ ၄ ရက်အထိ လာရောက်လည်ပတ် ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အနောက်နိုင်ငံ တစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် တစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။

ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌများ၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုသို့တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ စစ်သံမှူးများ ထားရှိရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါပုံ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အကူးအပြောင်းမှာ အထောက်အပံ့ဖြစ်မယ့် စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အနာဂတ်မှာ ပူးပေါင်းလေ့ကျင့်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးမှာလည်း အောက်တိုဘာလက စတင်ပြီး စစ်သံမှူးတစ်ဦး ခန့်အပ်ထားရှိ သွားမယ်လို့ General Sir David Richards က အတည်ပြုပြောကြား ခဲ့ပါတယ်။

General Sir David Richards အတွက်တော့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေး အရလည်း အရေးပါနေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဖခင်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ အမြောက်ပစ် သမားအဖြစ် တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။

ပုဒ်မ ၄၀၁ ကို နိုင်ငံရေး လက်နက်အဖြစ် အသုံးပြုမှာ မဟုတ်

သမ္မတ ဦးသိန်းစိန်က ဇွန် ၄ ရက်မှာ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ရာမှာ ပုဒ်မ ၄၀၁ ကို နိုင်ငံရေး လက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ဖို့ အစီအစဉ် မရှိကြောင်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ထို့ပြင် အစိုးရ အနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် စေတနာသန့်သန့်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေခြင်း ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုယူခြင်းကလွဲ၍ တခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း၊ မကြာမီမှာ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများအားလုံး ပြန်လည်လွတ်မြောက်တော့မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို နည်းနည်းစီ လွှတ်ပေးပြီး လက်နက်သဖွယ် အသုံးချနေတယ် ဆိုတဲ့ဝေဖန်မှုများ ထွက်ပေါ်နေမှုအပေါ် သမ္မတက ပြန်လည်ချေပ လိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ လွတ်လာတဲ့ အခါတိုင်းဟာ နိုင်ငံရေးအရ ထူးခြားတိုက်ဆိုင်မှုများ ရှိနေပါတယ်။ သမ္မတ ဦးသိန်းစိန် အရေးကြီးတဲ့ ပြည်ပနိုင်ငံများ၊ အစည်းအဝေးများသို့ မသွားခင်၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခေါင်းဆောင်များ မလာရောက်ခင်တို့မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလေ့ ရှိတာကို တွေ့ရပါတယ်။

သမ္မတရာထူးနဲ့ ဒေါ်အောင်ဆန်းစုကြည်

အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ၂၀၁၅ ခုနှစ်မှာ သူဟာသမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံလိုကြောင်း၊ ဒါနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပဲ ဆိုရမှာဖြစ်ကြောင်း၊ ဒါပေမယ့် သမ္မတရာထူးအတွက် အရည်အချင်း ပြည့်မီဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကနေ ပြည်တော်မှာ ဇွန် ၆ ရက်က ကျင်းပတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မြန်မာ့အနာဂတ် ဆွေးနွေးပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ ပြင်ဖို့အခက်ခဲဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက နိုင်ငံတော် အကြီးအကဲဆိုတဲ့ အခန်းဟာ ၎င်းကိုဦးတည်ရေးဆွဲ ထားတယ်လို့ ထင်ကြောင်းနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးအကြီးဆုံး ဥပဒေတစ်ခုကို ပုဂ္ဂိုလ်ရေး ဆိုင်ရာများနဲ့ ထည့်သွင်းမရေးဆွဲသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ပြောထားဖူးပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများရဲ့ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အရပ်သားလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံး ရဲရင့်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလိုတယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲတွေက အဓိက ကျနေပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို စည်းရုံးနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခဲ့ပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိကပြိုင်ဖက် ဖြစ်လာနိုင်တာကတော့ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာကိုတော့ တပ်မတော်ကပဲ ဆုံးဖြတ်ပေးဖွယ် ရှိပါတယ်။
Eleven Media Group 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com