http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

DKBA ထိန်းချုပ်နယ်မြေတွင် တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်၊ မေ ၃၁
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် စုပေါင်းအဖြေရှာရန် တိုင်းရင်းသားအားလုံး ပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ကလိုထူးဘော တပ်ဖွဲ့က DKBA ထိန်းချုပ်နယ်မြေတွင် စီစဉ်ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ ဗိုလ်ကြီးညီညီက The Voice သို့ ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ကလိုထူးဘောတပ်ဖွဲ့ (DKBA) ဌာနချုပ်တည်ရှိရာ မြဝတီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး ကြိုးပမ်းဆောင်ရွက်နေသည့် အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလပညာရှင်များ အားလုံးကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆွေးနွေးပွဲက ဇွန်လ ၁၅ ရက်နေ့ ဆိုပေမယ့် အဖြေတစ်ခု ထွက်တဲ့အထိ ဆွေးနွေးကြဖို့ စီစဉ်ထားတော့ ဘယ်နှရက်ကြာမယ် မပြောတတ်သေးဘူး” ဟု ဗိုလ်ကြီးညီညီက ရှင်းပြသည်။

တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသေးဘဲ ဖိတ်ကြားလာပါက တက်ရောက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည် တောင်ပိုင်းတပ်မတော် RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီးသိုက်ဦးက ပြောကြားသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် သိသာစွာ တိုးတက်မှုမရှိသေးဘဲ အချိန်ကြာလာသည်နှင့် အမျှ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်ကြိုးပမ်းမှု မှေးမှိန်
ပျောက်ကွယ် သွားနိုင်ကြောင်း၊ ယင်းကြောင့် အင်အားစုများအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကာ အဖြေရှာသင့်ကြောင်း ကလိုထူးဘောတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလိုထူးဘောတပ်ဖွဲ့မှ ဦးဆောင်ကျင်းပမည့် ယခုဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် တက်ရောက်နိုင်ပြီး မြဝတီမြို့မှတစ်ဆင့် ဆုံဆည်းမြိုင်သို့ ကလိုထူးဘော တပ်ဖွဲ့မှ တာဝန်ယူ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီးညီညီက ပြောကြားသည်။

အဆိုပါ ကလိုထူးဘော DKBA တပ်ဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်စစ်တပ် တို့သည် ဧပြီလအတွင်း တိုက်ပွဲများ တစ်ပတ်ကြာ ဖြစ်ပွားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ချမှတ်ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတိယအဆင့်အနေနှင့် တိုင်းရင်းသားအားလုံး ပါဝင်သော ညီလာခံ တစ်ခုကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဆိုထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com