http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြင်ဦးလွင် လယ်အသိမ်းခံ တောင်သူများ တရားစွဲခံရမှု ယခင်ထက် တိုးဟုဆို

မန္တလေး၊ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် အကြောင်း အမျိုးမျိုးဖြင့် လယ်ယာမြေများ အသိမ်းခံ ထားရသည့် တောင်သူများသည် စီမံကိန်း မလုပ်သည့် မိမိ လယ်ယာမြေများတွင် ပြန်လည် လယ်ယာ လုပ်ကိုင် ကြသည့်အခါ လက်ရှိ မြေပိုင်ရှင်များ၏ တရားစွဲဆို ခံရခြင်း ပိုများလာကြောင်း ယင်းမြို့နယ်ရှိ တောင်သူများ ကွန်ရက်ထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လက်နက်ကိုင်ဆောင်မှု၊ ကျူးကျော်မှုနှင့် မီးရှို့မှုတို့ဖြင့် တရားစွဲဆို ခံထားရသူ တောင်သူပေါင်း လေးဆယ်နီးပါး ရှိနေကြောင်း အဆိုပါ ကွန်ရက်မှ ပြန်ကြားရေး တာဝန်ခံ ဦးသက်ပိုင်က
ပြောကြားသည်။

“အရင်တစ်ပတ်ကပဲ တောင်သူ တစ်ယောက် မီးရှို့မှုနဲ့ ထောင်ဒဏ်
ခြောက်လ ကျသွားတယ်။ အရင်လကလည်း တောင်သူ တစ်ယောက် ကျူးကျော်မှုနဲ့ ထောင်နှစ်လ ကျသွားတာ”ဟု ၎င်းကဆိုသည်။

တောင်သူအများစုက ယခင် လုပ်ကိုင်နေသည့် လယ်ယာမြေ ပေါ်တွင်
ပြန်လည် စိုက်ပျိုးရန် မြေရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် ယင်းသို့ တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြင်ဦးလွင်မြို့နယ်တွင် တောင်သူများ လုပ်ကိုင်နေသည် ဆိုသည့် လယ်ယာမြေ ဧကပေါင်း တစ်သောင်းကျော်ကို ကော်ဖီနှင့် ရော်ဘာများ စိုက်ပျိုးရန် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်ထဲတွင် ပြန်လည် ရရှိသည့် ဧကပေါင်း လေးထောင်ကျော် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် တောင်သူများ ကွန်ရက်ထံမှ သိရသည်။

“များသော အားဖြင့်က တပ်ကသိမ်းထားတာ ပြန်ရတာရယ်၊ တောင်သူက ကိုယ့်ဘာသာကိုယ် ပြန်စိုက်လို့ ရတာရယ်တွေပါ”ဟု အဆိုပါ ကွန်ရက်မှ ဦးသက်ပိုင်က ပြောကြားသည်။

အသိမ်းခံရသည့် လယ်မြေများတွင် စီမံကိန်း အကောင်အထည် မဖော်သည့် လယ်ယာမြေများ မူလပိုင်ရှင် ပြန်လည် ရရှိရေး အတွက် ထွန်တုံး တိုက်ပွဲများ ပြုလုပ်ခြင်း၊ လယ်ယာမြေနှင့် ပတ်သက်သည့် အမှုများတွင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ခြင်း စသည်တို့ ဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် တောင်သူများ ကွန်ရက်မှ ထပ်မံသိရသည်။

“စီမံကိန်း အတွက် အကောင်အထည် မဖော်ရင် တောင်သူတွေ ပြန် လုပ်နိုင်တဲ့ အနေအထား လယ်ယာမြေနဲ့ ပတ်သက်တဲ့ ဥပဒေတွေမှာ တွေ့ရတယ်။ တရားရုံးမှာကျတော့ လယ်ယာမြေ အမည်ပေါက်က ပိုင်ရှင် ဖြစ်ပြီး ဝင်လုပ်သူက ကျူးကျော် ဖြစ်သွားတဲ့ သဘောပါပဲ” ဟု လယ်ယာမြေ အမှုအခင်းများကို အခမဲ့ ကူညီ ဆောင်ရွက်ပေးနေသည့် မန္တလေး တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လယ်ယာမြေနှင့် ပတ်သက်၍ တောင်သူများ တရားစွဲဆို ခံရမှု ပိုများလာကြောင်းလည်း ၎င်းကပြော ကြားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းရေး
ကော်မရှင်အဖွဲ့ခွဲ (၄) အဖွဲ့ခေါင်းဆောင် ဦးသိန်းထွန်းဦးက “လယ်သိမ်းခံ
တောင်သူတွေနဲ့ ပတ်သက်လို့ တပ်မြေတွေဆိုရင် ပြန်ရတဲ့သူ ရပါပြီ။ ဒါပေမဲ့ တချို့တောင်သူတွေ မရသေးတာ ရှိသေးတယ်။ အဲဒါတွေ ဘာကြောင့် မရသေးတာလဲ၊ မြေပြင်မှာ ကွင်းဆင်းပြီး စစ်ဆေးသွားမှာပါ”ဟုဆိုသည်။

မြို့နယ်တရားရုံးက ချမှတ်လိုက်သည့် ပြစ်ဒဏ်များနှင့် ပတ်သက်၍ အထက် တရားရုံးသို့ အယူခံ တက်ရာတွင် ကွင်းလုံးကျွတ် လွတ်သည့် အမှုမရှိဘဲ
ပြစ်ဒဏ် လျော့ပေါ့စေခြင်းသာ ရှိကြောင်း လယ်ယာမြေ အမှုများနှင့် ပတ်သက်၍ ဦးမြင့်သွင်က သုံးသပ်ပြောကြားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com