၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ သမ္မတ ရာထူးနေရာကို ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် စကားအချေအတင်ပြောခြင်းကဏ္ဍ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအတွက် အခြေခံဥပဒေပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ စကားအချေအတင်ပြောခြင်းကဏ္ဍ၌ ပါဝင်ခဲ့သော သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက အခြေခံဥပဒေပြင်ဆင်မှုသည် အမြဲတမ်းဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။
Popular Myanmar News Journal