http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိုက်ကယ်ဂျက်ဆင်၏သမီး သေကြောင်းကြံစည်မှုကြောင့် ဆေးရုံသို့တင်ပို့ရ

မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် အားထုတ်မှုကြောင့် မိုက်ကယ်ဂျက်ဆင်၏ သမီးဖြစ်သူအား ဆေးရုံ တင်ပို့ထားရကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်ရှိ ပဲရစ်သည် လော့စ်အန်ဂျလိစ်ရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ကုသမှု ခံယူနေရသည်။

ဒေသဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့များက မိမိတို့သည် သတင်းပေးပို့မှု တစ်ခုကြောင့် လူတစ်ယောက်ကို ဒေသတွင်း ကုသရေး စင်တာတစ်ခုထံ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ပြောကြားသွားသည်။

မျက်မြင်အချို့က ကယ်လီဖိုးနီးယားရှိ ကာလာဘာဆက်တွင် တည်ရှိသော ဂျက်ဆင်၏ နေအိမ်မှ ထမ်းစင်ဖြင့် ပဲရစ်ကို ထုတ်ယူကာ ဆေးရုံကား တစ်စင်းပေါ် တင်ခေါ်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။

Sky၏ အမေရိကန် သတင်းဌာနခွဲမှ ကိုယ်စားလှယ် ဂရာ့ဂ်မီလမ်က "သေကြောင်းကြံဖို့ အားထုတ်မှုဆိုတဲ့ စကားလုံးဟာ ပဲရစ်ရဲ့မိခင် ဒက်ဘီရိုဝီ စပြောခဲ့တာပါ။ တချို့သတင်းတွေရဲ့ အဆိုအရတော့ ပဲရစ်ဟာ ဆေးရုံမှာ အဆင်ပြေနေပြီလို့ သိရပါတယ်။ ဒီအချိန်တွေက သူ့အတွက် သိပ်ခက်ခဲပါတယ်။ သူ့အဖေ သေဆုံးမှုအတွက် ပြန်စီစစ်နေတဲ့ တရားခွင်မှာ သက်သေအဖြစ် ထွက်ဆိုရတာတွေက အသေးစိတ် ဆန်လွန်းတယ်လေ"ဟု ပြောကြားခဲ့သည်။

ပဲရစ်သည် သူမ၏ လက်ကောက်ကို ဓားဖြင့်ဖြတ်ပြီးနောက် သေကြာင်းကြံစည်မှု အရေးပေါ်ဌာနသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဗြိတိန် Daily Mail သတင်းတွင် ဖော်ပြသည်။

ဂျက်ဆင်သည် ဆေးဝါးလွန်ကျွံသည့် အခြေအနေ တစ်ရပ်ကြောင့် နှလုံးထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ယခုလာမည့် ဇွန်လ(၂၅)ရက်နေ့တွင် ဂျက်ဆင် ကွယ်လွန်မှု (၄)နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ၎င်းသေဆုံးမှုအတွက် မိသားစု ဆရာဝန် ကွန်းရက်မာရေးတွင် တာဝန်ရှိကြောင်း စွပ်စွဲမှုများအတွက် ပဲရစ်က တရားခွင်တွင် ထွက်ဆိုနေရခြင်း ဖြစ်သည်။

ပဲရစ်သည် မိုက်ကယ်၏ ကလေး(၃)ဦးအနက် တစ်ဦးတည်းသော မိန်းကလေးလည်း ဖြစ်သည်။ လတ်တလောတွင် ပဲရစ်တို့ မောင်နှမများသည် အဖွားဖြစ်သူ ကက်သရင်းနှင့် နေထိုင်လျှက်ရှိသည်။
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com