http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များဖွဲ့ရန် လူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ တိုက်တွန်း

ရန်ကုန်၊ ဇွန် ၉
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ပြန်လည်ဖြစ်ပွားခြင်း မရှိစေရန် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်အဖွဲ့ ဖွဲ့သင့်ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက The Voice သို့ ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနှင့် ဒေသခံကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်စောင့်ကြည့်အဖွဲ့ကို ဖွဲ့စည်း ရန် ပြည်တွင်းပြည်ပမြန်မာလူမှုအဖွဲ့အစည်း ၂၈ ဖွဲ့က ထောက်ခံ ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

"တိုက်ပွဲတွေ ပြန်ဖြစ်တိုင်း သူလွန်တယ်၊ ကိုယ်လွန်တယ် နှစ်ဖက်ဝါဒဖြန့် ကြတယ်။ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ထားရင် ဘယ်သူလွန်တယ်ဆိုတာ ထင်ရှားသွားမယ်" ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဆိုသည်။

ယင်းစောင့်ကြည့်အဖွဲ့ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်မည့် ရန်ပုံငွေကို ငြိမ်းချမ်းရေးဆောင်ရွက်ရန် ပေးအပ်ထားသော နိုင်ငံတကာထောက်ပံ့ငွေများမှ ရယူသုံးစွဲစေသင့်ကြောင်း ဒေါ်မေစပယ်ဖြူက အကြံပြုသည်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ ဖွဲ့ရန် ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်းဖူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်နယ်ဥပဒေ ပြဋ္ဌာန်းခွင့်တွင် မပါဝင်သဖြင့် ယင်းအဆိုကို မေးခွန်း အဖြစ် ပြောင်းလဲ တင်ပြခဲ့ရကြောင်း ဒေါ်နန်းခမ်းအေးက ရှင်းလင်းပြောကြား သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူထားသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် အစိုးရတပ်တို့ မေလ ၉ ရက်နေ့က စတင်ပြီး နှစ်ဖက် စစ်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

မေလ ၂၈ ရက်နေ့ က မြစ်ကြီးနားမြို့ တွင်ပြုလုပ်သောပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့် အဖွဲ့များ ဖွဲ့ရန် သဘောတူညီခဲ့ကြသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com