ရန်ကုန်၊ ဇွန် ၉။
လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားများသည် ၎င်းတို့ဆုံးရှုးံနစ်နာနေသည့် အလုပ်သမား အခွင့်အရေးများကို တောင်းဆိုရန် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုကို ဇွန်လ ၉ရက်နေ့ နံနက်တွင် ပြုလုပ်ခဲ့ကြသည်။
၎င်းတို့သည် လှိုင်သာယာ အောက်ထိပ်မှတ်တိုင်မှ အောင်မြင်သာဘုရားအနီးရှိ မြို့နယ်အားကစားကွင်းသို့ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
သားပေါက်
မြန်မာ့ခေတ်