http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကိုးရီးယားနှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲကျင်းပရန် သဘောတူညီ

ဆိုးလ်၊ ဇွန် ၁၀။
တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံသည် နျူကလီးယားခြိမ်းခြောက်မှုများနှင့် တင်းမာမှုများ
လပေါင်းများစွာဖြစ်ပွားအပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်ရေးအတွက် မရပ်မနားဆွေးနွေးပွဲ
ပြုလုပ်ပြီးနောက် အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးပွဲ ဆိုးလ်မြို့တွင် ကျင်းပရန် တနင်္လာနေ့က
သဘောတူမှုရရှိသည်။

တနင်္ဂနွေနေ့က ပြုလုပ်သော ဆွေးနွေးပွဲသည် ၁၉၅၀-၅၃ခုနှစ် ကိုးရီးယားစစ်ပွဲ အဆုံးသတ်လက်မှတ်
ရေးထိုးခဲ့သည့် နယ်စပ်အနီး ရွာပန်မွန် ဂျုံတွင် ကျင်းပခြင်းဖြစ်ပြီး နှစ်နှစ်ကျော်ကာလအတွင်း
နှစ်ဦးနှစ်ဖက်ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးပြီး နှစ်ပေါင်းခြောက်ဆယ်ကြာ ယုံကြည်မှုကင်းမဲ့သည့် လက္ခဏာတစ်ခုအဖြစ် ပို၍ အရေးကြီးသည့် ဆွေးနွေးပွဲအတွက် အခြေခံအချက်များကို သဘောတူညီမှုရရှိရန် ၎င်းတို့သည် တနင်္လာနေ့နံနက်ပိုင်းအထိ ကြိုးစားခဲ့ရသည်။

နှစ်နိုင်ငံမှ ဆွေးနွေးသူများသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် တောင်ကိုးရီးယား မြို့တော်၌ကျင်းပမည့်
နှစ်ရက်တာ ဆွေးနွေးပွဲကျင်းပရေးကို သဘောတူပြီး အဆုံးသတ်ခဲ့သော်လည်း မည်သူတက်ရောက်မည်နှင့် မည်သည်တို့ကိုဆွေးနွေးမည်မှာ ရှုတ်ထွေးမှုများ ရှိနေဆဲဖြစ်သည်။

“တက်ရောက်မည့်ကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ့်အချက်တွေအပေါ် ကွဲပြားမှုတွေ နည်းသွားခဲ့ပြီးနောက်တော့ နှစ်နိုင်ငံလုံးက ဆွေးနွေးပွဲ ရလာဒ်ကို သီးခြားကြေညာခဲ့တယ်” ဟု
တောင်ကိုးရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက ဆိုသည်။

ဆိုးလ်မြို့တွင်ဆွေးနွေးရန်သဘောတူထားသည့် ခေါင်းစဉ်များတွင် ကေဆောင်စက်မှုဇုန်အရေး၊
တောင်ကိုးရီးယား အရပ်သားခရီးသွားများ မြောက်ကိုးရီးယား ကန်ဂန်တောင် အပန်းဖြေစခန်းသို့
သွားရောက်လည်ပတ်နိုင်ရေးနှင့် ကိုးရီးယာုးစစ်ပွဲအတွင်းကွဲကွာခဲ့ရသည့် မိသားစုများ
ပြန်လည်ပေါင်းစည်းရေးတို့ ပါဝင်မည်ဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးအထိ တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံလုံး၏ ထုတ်ပြန်ချက်များတွင် အစိုးရအဆင့်တာဝန်များနှင့် အာဏာပိုင်များဟု ဝေဝါးစွာ တင်ပြခဲ့ပြီး မည်သူတက်ရောက်မည်မှာ မသေချာသေးပေ။

“ကိုးရီးယားနှစ်နိုင်ငံကြားဆွေးနွေးပွဲတွေဟာဒီလိုပဲအမြဲတမ်းပါ၊ အတက်အကျတွေ အဝင်အထွက်တွေနဲ့ နည်းနည်းမမြင်သာဘူး” ဟု ဆိုးလ်မြို့ မြောက်ကိုးရီးယား လေ့လာရေးတက္ကသိုလ် ပါမောက္ခ ယန်မူဂျင်က ပြောကြားသည်။

“ဆိုးလ်မှာလုပ်မယ့် ဆွေးနွေးပွဲဟာ ဆက်သွားနေမှာပါ။ ဒါပေမယ့် အရင်တုန်းကတော့
မြောက်ကိုးရီးယားတွေဟာ ဆွေးနွေးပွဲမကျင်းပမီ အချိန်လေးအတွင်းမှာပဲ ရွှေ့ဆိုင်းတာတို့
ဖျက်လိုက်တာတို့ လုပ်ခဲ့ဖူးတယ်” ဟု ၎င်းက ဆိုသည်။
Ref:AFP
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com