http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သရုပ်ဆောင် ရဲတိုက် တရားရုံးအာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

31 May, 2013
ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်သည် ဘာသာ ၊ သာသနာ ညိုးနွမ်းစေသည့် ဥပဒေပုဒ်မ (၂၉၅)(က)ဖြင့် တရားစွဲခံထားရာမှ မေလ(၃၁)ရက်နေ့တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

မေလ (၂၈) ရက်နေ့တွင် သရုပ်ဆောင် ရဲတိုက်သည် စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းသို့ ပထမအကြိမ် ၀င်ရောက်ရာတွင် ဦးထုပ်ဆောင်း၍ ၀င်ခြင်း၊ ရုပ်တုအား နောက်ကျောပေး ၀တ်ပြုခြင်းတို့ကြောင့် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက တားမြစ်သည့်အခါ ရဲတိုက်မှ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“၂၈ ရက်နေ့ နေ့လည် သုံးနာရီခွဲလောက်မှာ ရဲတိုက်ကို ထိန်းသိမ်းခဲ့တယ်၊ အခု တရားရုံးက အာမခံ ပေးလို့ လွှတ်ပေးလိုက်တာပါ” ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင် ရဲတိုက်ကို သက်သေအထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းထားရန် ချုပ်မိန့် ရမန် တောင်းခံခဲ့ရာ ဗိုလ်တစ်ထောင် တရားရုံးမှ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ချုပ်မိန့် ရမန် ပေးခဲ့ခြင်း ဖြစ်သည်။

 “ရဲတိုက်က ဘုရားကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်လို့ ၀င်ခွင့်မပြုခဲ့တာပါ၊ ဘယ်သူမဆို   နိုင်ငံခြားသား ပဲ ဖြစ်ဖြစ် နိုင်ငံသားပဲ ဖြစ်ဖြစ် ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ တစ်ခုကို ၀င်မယ်ဆိုရင် အဲဒီ ဘာသာရေး အဆောက်အအုံက သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲလေ” ဟု စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် မေလ (၂၈)ရက် နေ့မှ စတင်ကာ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး (၃၁)ရက်နေ့ နေ့လည် (၃း၀၀)နာရီကျော်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ တရားရုံး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ ဒီသတင်းတွေကို အွန်လိုင်းမှာလည်း ဖတ်ရတယ်၊ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်၊ ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူး၊ သရုပ်ဆောင် ဆိုတာမျိုးက Popular ဖြစ်တဲ့ လူတန်းစားထဲကဆိုတော့ သူ့ကို အတုယူနေတဲ့ သူတွေ ရှိမယ်၊ သူ့အတိုင်း လုပ်လိုက်နေတဲ့သူတွေ ရှိမယ်” ဟု ရန်ကုန်မြို့နေ မကျော့ကေခိုင်က ပြောသည်။

ဘုရားကျောင်းမှ သရုပ်ဆောင် ရဲတိုက်အား လူသိရှင်ကြား ပြန်လည် တောင်းပန်ပါက ကျေအေးပေးမည် ဆိုခြင်းကြောင့် ရဲတိုက်မှလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇ ( မြစ်မခ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com