http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆက်သွယ်ရေး စံချိန်မပြည့်မီ၍ ပြည်ပကုမ္ပဏီနှစ်ခု ရပ်ဆိုင်း


1 Jun, 2013
မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသည့် တင်ဒါကို Vodafone နှင့် China Mobile တို့မှ မေလ(၃၁)ရက်နေ့တွင် ၎င်းတို့၏ မြန်မာ့ဆက်သွယ်ရေးထံ နှစ်ဦးပေါင်း၍တင်ထားသော တင်ဒါကို မေလ ၃၁ရက်နေ့က  ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကုမ္ပဏီတို့သည် ဆန်ကာတင်စာရင်း(၁၂)ခု၌ ပါဝင်ခဲ့သော်လည်း ၄င်းတို့အနေဖြင့် ရင်းနှီးမြှပ်နှံရန် စံချိန်စံညွှန်းများဖြင့် မကိုက်ညီခြင်းကြောင့် ပြန်လည်ရုပ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

“ Vodafone-China Mobile ပူးပေါင်းဆောင်ရွက်ချက်မှ ဤတင်ဒါတင်သွင်းမှုကို ဆက်လက်မလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည် “ ဟု Vodafone-China Mobile ကုမ္ပဏီ၂ခု၏ မေလ၃၁ရက်နေ့က ထုတ်ပြန် ကြေငြာချက်တွင် ပါရှိသည်။

Vodafone နှင့် China Mobile ကုမ္ပဏီ၂ခု၏ ထုတ်ပြန်ချက်၌ စံချိန်စံညွှန်းဖော်ပြထားခြင်းမရှိပေ။အဆိုပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီနှစ်ခုသည် ဧပြီလ၌ ပူးပေါင်းခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးမှ ရွေးချယ်ခဲ့သည့် ဆန်ကာတင် (၁၂)ခုစာရင်းတွင် ပါဝင်ခဲ့သည်။

ဆန်ကာတင်(၁၂)ခုတွင် နာမည်ကြီးဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီများ ဖြစ်သည့် KDDI, Ooredo, Orange,Singtel နှင့် Telenor အစရှိသည့် ကုမ္ပဏီတို့ပါဝင်သည်။


ဆန်ကာတင် ကုမ္ပဏီ၁၂ခုမှ လာမည့် ဇွန်လ ၃ရက်နေ့တွင် မြန်မာဆက်သွယ်ရေးထံသို့ နောက် ဆုံးတင်ဒါကို တင်သွင်းရမည်ဖြစ်သော်လည်း Vodafone နှင့် China Mobile တို့က ဆက်လက်မတင်သွင်းတော့ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေကာမူ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတိုးတက်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး အနာဂါတ်တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းပေါ်ပေါက်လာပါက လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၂၀၁၃ ဖေဖော်ဝါရီတွင် မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီပေါင်း (၉၁)ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ကာတင်(၁၂)ခု ရွေးချယ်ပြီးနောက် ဇွန်လ (၂၇)ရက်နေ့တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၂)ခုကို မြန်မာ့ဆက်သွယ်ရေးမှ ကြေငြာမည်ဖြစ်သည်။
ကိုဒေ (မြစ်မခ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com