http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံသားများလုံခြုံရေးအတွက် မြန်မာအစိုးရက မလေးရှားသို့ ကိုယ်စားလှယ်အဖွဲ့လွှတ်မည်


အင်္ဂါနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၃
မေလကုန်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သည့် မလေးရှားရောက် မြန်မာများအပေါ် အကြမ်းဖက်ခံရမှုများကြောင့်
မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် နှစ်ဖက်အစိုးရဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို မလေးရှားနိုင်ငံသို့စေလွှတ်ရန် စတင်ညှိနှိုင်းနေပြီဟု သတင်းထုတ်ပြန်သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ္ဋ်၏ အင်တာနက်လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ဇွန် ၁ဝရက်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဒုဝန်ကြီးဦးရဲထွဋ်က ကိုယ်စားလှယ်များစေလွှတ်ရန်မှာ သံတမန်ရေးရာကိစ္စဖြစ်၍ စေလွှတ်မည့် ရက်ကို
ပြောဆိုရန် ခက်ခဲသော်လည်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို အစိုးရအနေဖြင့် လုံးဝမေ့ထားမည် မဟုတ်ကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ၏မေးမြန်းချက်ကို ယင်းနေ့၌ပင် ဖြေကြားထားသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်များစေလွှတ်ရန် သတင်းထုတ်ပြန်ခြင်းမှာ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ဆယ့်နှစ်ရက်ခန့် အကြာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာများကို အကြမ်းဖက်သည့် တရားခံများကို ယခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်းလည်း မရှိသေးပေ။ မလေးရှာနိုင်ငံ ဆလာရန်းမြို့နယ်တွင် လူတစ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာခုနှစ်ဦးခန့်အသက်ဆုံးရှုံးခဲ့ရပြီး၊ ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြပြီး ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကွာလာလမ်ပူမြို့နေ ကိုအောင်ကြီးက ဇွန်လ ၆ ရက်တွင် မဇ္ဈိမကိုပြောကြားထားသည်။

ထို့ပြင် ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံသား ၉ဝဝ ကျော်အား မလေးရှား ရဲများက ဖမ်းဆီးခဲ့ကြောင်း
အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့ပြီး ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ မလေးရှားနိုင်ငံ၏ လဝက ဥပဒေအရ တရား မဝင်နေထိုင်လုပ်ကိုင်နေသူများကို တည်ဆဲ ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာ သမ္မတရုံး ၏ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့်လည်း မလေးရှားရောက် မြန်မာနိုင်ငံသား များကိစ္စကို အစိုးရချင်း ညှိနှိုင်း၍လည်းကောင်း၊ သံရုံးနှင့် ပူးပေါင်း ဆောင်ရွက်၍လည်းကောင်း လုပ်ဆောင်နေကြောင်းလည်း ဦးဇော်ဌေးက ရေးသားထားသည်။

လက်ရှိ၌ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများအန္တရာယ်ကြောင့် အိမ်ခန်းတွင်း၌ တံခါးပိတ်နေကြခြင်း၊ ဆူပူမှုလျော့ပါးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊
မြန်မာဘုန်းတော်ကြီးကျောင်းများ၌ ပြောင်းရွှေ့နေထိုင်ခြင်းများရှိနေသည်။ မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားအချို့မှာ မိခင်နိုင်ငံသို့ပြန်ရန် ပြင်ဆင်နေကြသည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားရှိမြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့်အေးချမ်းစွာ
နေထိုင်လုပ်ကိုင်နိုင်ရေးတို့အတွက် နှစ်ဖက်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက မဇ္ဈိမကို ပြောကြားထားသည်။

ဇွန်လ ၄ ရက်က မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် မစ္စတာ အာမတ်ဖိုင်ဆဲလ် ဘင်မိုဟာမက်ကို မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရပြီး အသက် ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သည်။
မင်းမင်း 
မဇ္ဈိမသတင်းဌာန

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com